• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို EU အရေးယူမည်

by ဧရာဝတီ
7 April 2021
in စီးပွားရေး
A A
မတ်လ ၂၈ရက်က ရန်ကုန်မြို့ သာကေတမြို့နယ် သုမနလမ်း ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်နေစဉ် / ဧရာဝတီ

မတ်လ ၂၈ရက်က ရန်ကုန်မြို့ သာကေတမြို့နယ် သုမနလမ်း ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်နေစဉ် / ဧရာဝတီ

7.2k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများအားလုံး တညီတညွတ် တည်း အရေးယူနိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က ဧပြီလ ၆ ရက်တွင် ပြောကြားသည်။

၎င်းက မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်းများကို EU အဖွဲ့ဝင်၂၇ နိုင်ငံအနေနှင့် စီးပွားရေး အရေးယူပိတ် ဆို့မှုများ ထပ်တိုး ဆောင်ရွက်သွားမှာဖြစ်ပြီး အရေးယူဒဏ်ခတ်မှုများ မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်သည်ဟု ပါရီမြို့တွင် လွှတ်တော်အမတ်များအား ပြောကြားခြင်း ဖြစ်သည်။

မည်သည့်ကာလတွင် မည်သည့် စီးပွားရေးလုပ်ငန်းများကို အရေးယူမည် ဆိုသည့် အချက်နှင့်ပတ်သက်၍မူ နိုင်ငံခြားရေး ဝန်ကြီးက အသေးစိတ် ရှင်းပြခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုများနှင့် ပတ်သက်ပြီး အဓိကတာဝန်ရှိသည့် မြန်မာစစ်ခေါင်းဆောင် ၁၁ ဦးကို မတ်လ၂၂ ရက်တွင် EU က စီးပွားရေး ပိတ်ဆို့ အရေးယူခဲ့ပြီး နောက် မြန်မာ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများကိုပါ အရေးယူနိုင်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

EU က အရေးယူ ဒဏ်ခတ်လိုက်သည့် လူစာရင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒု ဗိုလ်ချုပ်မှူးကြီး မြင့်ဆွေ၊ ဒု ဗိုလ် ချုပ်မှူးကြီးစိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း၊ စစ်ကောင်စီက ပြန်လည်ဖွဲ့စည်း ခန့်အပ်သည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒု ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင် ကျော်၊ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့၏ အမည်များ ပါဝင်သည်။

အဆိုပါ လူပုဂ္ဂိုလ် ၁၁ ဦးကို EU က ဥရောပ သမဂ္ဂ နယ်နိမိတ်အတွင်း ခရီးသွားလာဖြတ်သန့်ခွင့် ပိတ်ပင်ထားပြီး ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများရှိ ၎င်းတို့၏ ပိုင်ဆိုင်မှု ငွေကြေးနှင့် စီးပွားရေးများကိုလည်း ထိန်းချုပ်ထားသည်။ ယင်းအပြင် အရေး ယူခံရသူ ၁၁ ဦးနှင့် ပတ်သက် ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများထံသို့ EU အဖွဲ့ဝင်နိုင်ငံသားပိုင် ကုမ္ပဏီများမှ ငွေ ကြေး လွှဲပြောင်းပေးမှု အားလုံးကိုပါ ကန့်သတ် တားမြစ်ထားသည်။

EU ဘက်က မြန်မာစစ်တပ်နှင့် ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများကို အရေးယူနိုင်ရန် ပြင်ဆင်နေစဉ်မှာပင် EU အဖွဲ့ ဝင် ပြင်သစ်နိုင်ငံ အခြေစိုက် Total ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီကမူ မြန်မာနိုင်ငံတွင် ၎င်းတို့၏ ရေနံ တူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းမည် မဟုတ်ဟု ကြေညာထားသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
358
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
64
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.8k

မြန်မာနိုင်ငံရှိ ရတနာ ဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းမှ ၎င်းတို့၏ ထုတ်လုပ်ရေးလုပ်ငန်းများ ဘေးကင်းကင်းဖြင့် ဆောင်ရွက် နိုင်နေသရွေ့ လုပ်ငန်းရပ်ဆိုင်းမှာ မဟုတ်ဟု Total ကုမ္ပဏီတာဝန်ရှိသူက ပြောဆိုထားခြင်းဖြစ်ပြီး လုပ်ငန်း ဆက်မလုပ်ပါ က ၎င်းတို့၏ ဝန်ထမ်းများကို စစ်ကောင်စီက လက်တုံ့ပြန်လာနိုင်သည့် အန္တရာယ်ရှိနေသည်ဟုလည်း အကြောင်းပြချက် ပေး ထားသည်။

You may also like these stories:

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းရန် ဦးကျော်မိုးထွန်း တိုက်တွန်း

ရဲတံခွန် ဂတ်စ်ထုတ်လုပ်ရေး မလေးရှား Petronas ရပ်ဆိုင်း

ဆိုလာပါဝါ စီမံကိန်းများမှ ပြန်ဆုတ်ရန် တရုတ်ကုမ္ပဏီများ စဉ်းစားနေ

မြန်မာငွေစက္ကူ ထုတ်ရန် ကုန်ကြမ်း တင်သွင်းမှု ဂျာမနီကုမ္ပဏီ ရပ်ဆိုင်း

Your Thoughts …
Tags: EUပြင်သစ် နိုင်ငံခြားရေးဝန်ကြီးမြန်မာစစ်တပ်စီးပွားရေးအရေးယူ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

သရေစည်သူဘွဲ့ ရ စစ်ခေါင်းဆောင် လူယုံ ဒုဗိုလ်ချုပ်ကြီးညိုစော

by ဧရာဝတီ
5 January 2024
16.9k

ဒုဗိုလ်ချုပ်ကြီးညိုစောကို စစ်ကောင်စီဥက္ကဌ၏အကြံပေးနှင့် ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း ရရှိလာသည့် လုပ်ပိုင်ခွင့်အာဏာများကို ကြည့်၍ တိုင်းပြည်၏စီးပွားရေးတခုလုံးအား ၎င်းက စီမံခန့်ခွဲတော့မည်ဟု ကုန်သည်ကြီးအချို့က ခန့်မှန်းတွက်ချက်ပြောဆိုကြသည်

ဘဏ်များ အရေးယူမည့်ကိစ္စ အိမ်ခြံမြေ ဈေးကွက် ထိခိုက်နိုင်

ဘဏ်များ အရေးယူမည့်ကိစ္စ အိမ်ခြံမြေ ဈေးကွက် ထိခိုက်နိုင်

by ဧရာဝတီ
3 July 2024
5.4k

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ဘန်ကောက်ရှိ ကွန်ဒိုတိုက်ခန်းများကို မြန်မာနိုင်ငံအတွင်း တရားမဝင် ရောင်းဝယ်မှုဖြင့် ငွေကြေးဈေးကွက် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်သည်ဟုဆိုကာ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတချို့ကို အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်နေစဉ်ကတည်းက အိမ်ရာ ချေးငွေလုပ်ငန်းအများစု ရပ်ဆိုင်းသွားခဲ့ကြောင်း

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

by ဧရာဝတီ
11 May 2025
1.8k

အိုင်ယာလန် နိုင်ငံ အချက်အလက် ကာကွယ် စောင့်ကြည့်ရေး အဖွဲ့ရဲ့ အဆိုအရ TikTok ဟာ ဥရောပ တိုက်ရဲ့ အချက်အလက်တွေကို တရုတ်မှာ သိမ်းဆည်းခဲ့တယ်လို့ ကြားနာမှုမှာ ဝန်ခံခဲ့ကြောင်း…

Apple က ဥရောပ App Store တွေ ရဲ့ စည်းမျဉ်းတွေ ပြောင်းလဲ၊ ယူရို သန်း ၅၀၀ ဒဏ်ကြေး ရှောင်လွှဲနိုင်ဖို့လို့ ဆို

Apple က ဥရောပ App Store တွေ ရဲ့ စည်းမျဉ်းတွေ ပြောင်းလဲ၊ ယူရို သန်း ၅၀၀ ဒဏ်ကြေး ရှောင်လွှဲနိုင်ဖို့လို့ ဆို

by ဧရာဝတီ
29 June 2025
961

ဥရောပ သမဂ္ဂ (EU) ရဲ့ ဈေးကွက် မညီမျှမှု ထိန်းညှိရေး အဖွဲ့က App Store ရဲ့ပြင်ပမှာ ရောင်းဝယ်မှု တားဆီး ထားတာတွေကို ဖယ်ရှားဖို့ အမိန့် ချပြီးတဲ့နောက် ပြောင်းလဲလိုက်တာလို့ ဆိုပါတယ်။

ထရမ့် ရဲ့ ဥရောပထုတ် ကားတွေ အပေါ် အခွန်တိုးမှု BMW မထိခိုက်နိုင်လို့ ဆို

ထရမ့် ရဲ့ ဥရောပထုတ် ကားတွေ အပေါ် အခွန်တိုးမှု BMW မထိခိုက်နိုင်လို့ ဆို

by ဧရာဝတီ
2 August 2025
586

BMW ဟာ အမေရိကန်မှာ စက်ရုံတွေ တည်ထားတာကြောင့် ပြိုင်ဖက်တွေထက် အသာရနိုင်မယ် လို့လည်း…

မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး EU စောင့်ကြည့်နေ

မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး EU စောင့်ကြည့်နေ

by ဧရာဝတီ
25 August 2023
569

အာဏာပိုင်များအပေါ် ထပ်လောင်းစောင့်ကြည့်ခြင်း ပါဝင်ပြီး ကုန်သွယ်မှု ဦးစားပေးမှုများကို ရုပ်သိမ်းခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။

Next Post
ကလေးမြို့ တာဟန်းသပိတ်စခန်းကို စစ်ကောင်စီတပ်မှ အာရုံဦးတွင် အကြမ်းဖက် တိုက်ခိုက်

ကလေးမြို့ တာဟန်းသပိတ်စခန်းကို စစ်ကောင်စီတပ်မှ အာရုံဦးတွင် အကြမ်းဖက် တိုက်ခိုက်

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာ ဘာတွေထည့်သွင်းသင့်သလဲ (ရုပ်/သံ)

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာ ဘာတွေထည့်သွင်းသင့်သလဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved