• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ခရီးသည်နည်း၍ အဝေးပြေးယာဉ်လိုင်းတချို့ အစီးရေ လျှော့ချပြေးဆွဲ

by ဧရာဝတီ
30 November 2022
in စီးပွားရေး
A A
မန္တလေး ကျွဲဆည်ကန်ကားကွင်း အတွင်းမှ အဝေးပြေးယာဉ်တချို့ / ဧရာဝတီ

မန္တလေး ကျွဲဆည်ကန်ကားကွင်း အတွင်းမှ အဝေးပြေးယာဉ်တချို့ / ဧရာဝတီ

3.1k
VIEWS
Share on FacebookShare on Twitter

ခရီးသွားရာသီ ရောက်လာသော်လည်း ခရီးသည်နည်းသဖြင့် တွက်ချေမကိုက်၍ အဝေးပြေး ယာဉ်လိုင်း တချို့ ယာဉ်အစီးရေ ထက်ဝက်ခန့် လျှော့ချပြေးဆွဲနေရကြောင်း ယာဉ်လိုင်း ပိုင်ရှင်များထံက သိရသည်။

ရန်ကုန်နှင့် မန္တလေးကို အခြေပြု ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းတချို့မှာ ခရီးသည်အရနည်းခြင်း၊ စစ်ဆေး ရေးဂိတ်များကြောင့် လမ်းခရီးကြန့်ကြာမှုများ ရှိနေခြင်း၊ စက်သုံးဆီဈေး ကြီးမြင့်ခြင်း၊ ကုန်ပစ္စည်းတင် ဆောင်ပါက တခေါက်လျှင် ဒဏ်ကြေး ကျပ် ၁ သိန်း ၂ သောင်း ပေးဆောင်ရခြင်းနှင့် ဂိတ်များတွင် ဖြတ်သန်းခွင့်များ လိုင်းကြေးများ ပေးဆောင်ရခြင်း အစရှိသည့် အခက်အခဲများကြောင့် တချို့ ယာဉ်လိုင်းများမှာ ရပ်နားသလို တချို့ယာဉ် လိုင်းများ ကားအစီးရေ လျှော့ချပြေးဆွဲနေခြင်း ဖြစ်သည်။

ရန်ကုန်အခြေစိုက် အဝေးပြေး ယာဉ်လိုင်းပိုင်ရှင်တဦးက “အစီးရေ လျှော့ချရတာ ရှိတယ်၊ တနှစ်ကျော်ပြီ။ ဒါပေမယ့် အခုနှစ်ထဲမှာ ရန်ကုန်ကို နိုင်ငံခြားသွားဖို့ သင်တန်းလာတက် သူတွေ၊ တချို့ကလည်း မန္တလေး အေးဂျင့်တွေဘက်က ထွက်တယ်။ အဲဒီရက်လေးတွေမှာ လူရတယ်။ ဒီလိုမျိုး မရှိတဲ့ရက်တွေ ပုံမှန်ကတော့ ခရီးသည် နည်းပါး တယ်။ ခရီးသည်တင်ကားအသင်းကြီးတွေတောင် သူတို့ကိုယ်တိုင် အရင်နှစ်က ၆၀ မှာ ၃၀ လောက် ထွက်ရင် အခုက ၁၅ စီး၊ အစီး ၂၀ လောက်ပဲ ထွက်နိုင်တော့တာလေ။ အဲဒီလို ဖြစ်ကုန်တာ” ဟု လက်ရှိ အခြေအနေကို ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် ခရီးသွားအများစုမှာ မကွေး၊ ထားဝယ်၊ မြိတ်၊ မြစ်ကြီးနား၊ တောင်ကြီး စသည့် ဒေသများမှ ပြည်ပနိုင်ငံ များ သို့ အလုပ် သွားရောက်လုပ်ကိုင်လိုသည့် လူငယ်များ၊ လူလတ်ပိုင်းများက ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် သင်တန်းတက်ရန်အတွက် လာရောက်သည့်အဖွဲ့များသာ တချို့ရက်များတွင် ရှိပြီး ပုံမှန် ခရီးသွားမှာ ပွင့်လင်း ရာသီ ဖြစ်သော်လည်း မရှိကြောင်း ၎င်းက ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားချိန် အဝေးပြေးခရီးသည် တင် ယာဉ်လိုင်းများ ခရီးသည်နည်းပါးပြီး အခက်အခဲများ ဖြစ်သောကြောင့် ကိုဗစ်စည်းကမ်းနှင့်အညီ ကုန်ပစ္စည်း သယ်ယူတင်ဆောင်ခွင့် ပြုခဲ့သော်လည်း စစ်ကောင်စီက ယခုနှစ် ဩဂုတ်လ မှ စတင်ပြီး အဆိုပါ သယ်ယူခွင့်ကို ပြန်လည် ကန့်သတ်ခဲ့သည်။

ကုန်စည်များကို တွဲ၍ သယ်ယူပါက ဒဏ်ကြေးပေးဆောင်ရသည့်အပြင် လမ်း၌ စစ်ဆေး ဂိတ်များမှ ဖွင့်ဖောက်စစ်ဆေး မှုများကြောင့် တခါတရံ ကုန်ပစ္စည်းလျော့နေသဖြင့် ပေးပို့သူနှင့် ပြောဆိုရှင်းလင်းရသည့် အခက်အခဲများ ရှိကြောင်း၊ ရန်ကုန်မှ နယ်မြို့များသို့ ထွက်ခွာလျှင် ကုန်စည်တင်ပါက ဒဏ်ကြေး ကျပ် ၁ သိန်း ၂ သောင်းဆောင်ရကြောင်း၊ မပေး နိုင်ပါက ကားသမား၏ ယာဉ်မောင်း လိုင်စင် ထားခဲ့ရ၍ နောက်တခေါက်တွင် ပိုက်ဆံပေးကာ ပြန်ရွေးရကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။

“လူမရလို့ တန်ဆာ တင်တယ်။ တင်တော့ ဒဏ်ဆောင်ရတယ်။ ကုန်ကျစရိတ်နဲ့ဆို ဘာမှ မထူးပေမယ့် ယာဉ်မောင်း တွေရဲ့ စားဝတ်နေရေး လုပ်ငန်း လည်ပတ်ဖို့ ပြေးရတာပဲ။ အရင်ကဆိုရင် လမ်းကြေး၊ တံတားကြေး ယာဉ်မောင်း ကြေး၊ စားစရိတ်၊ ကားပြင် စရိတ် ပါတယ်။ အခုကတော့ ဒဏ်ဆောင်ဆိုတဲ့ စာကြောင်းပါ ထပ်တိုးတယ်ပေါ့။ အဲဒီ တော့ ရန်ကုန်က ထွက်ရင် ကျပ် ၁ သိန်း ၂ သောင်းဆောင်၊ မန္တလေး ပြန်ထွက်ရင် ၁ သိန်း ၂ သောင်းဆောင်ဆိုတော့ ကျပ် ၂ သိန်း ၄ သောင်း တိုးလာတာပေါ့” ဟု အထက်ပါ ယာဉ်ပိုင်ရှင်က ရှင်းပြသည်။

ယင်းအခြေအနေများကြောင့် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများမှာ ရေရှည် ရပ်တည်ရန် ခက်ခဲလာပြီး ပြေးဆွဲမှု မှာလည်း ယခင်က မန္တလေး- ရန်ကုန် တကြောင်းလျှင် ပြေးဆွဲစရိတ် ငွေကျပ် ၆ သိန်း ကုန်ကျပါက ယခုအချိန်တွင် ကျပ် ၁၂ သိန်းအထိ ထက်ဝက်ခန့် မြင့်တက်လာကြောင်း သိရသည်။

ခရီးသည် ရရှိမှုမှာ သီတင်းကျွတ်ပိတ်ရက်နောက်ပိုင်းမှ စ၍ ခရီးသည် ရရှိမှု ပြန်လျှော့ကျလာပြီး ယခင်ရက်ပိုင်းက အစီးရေ ၂၀ ပြေးဆွဲရာမှ ယခုအချိန်တွင် ၁၀ စီးပင် မပြည့်ကြောင်း အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်း ပိုင်ရှင် တဦး က ပြောသည်။

ဆက်လက်၍ ၎င်းက “အခုက စက်သုံးဆီ ဈေးကြီးတာ၊ ခရီးသည်မရတာ၊ ကားနဲ့ဆက်စပ်ပစ္စည်းတွေက ဝယ်မရတာ၊ အင်ဂျင်ဝိုင် အရင်လို လွယ်လွယ် ဝယ်မရတာ။ ဈေးတွေကြီးတာတွေ ရှိတယ်။ လမ်းခရီး ကြန့်ကြာတာတွေလည်း ခရီး သည်တွေ စိတ်အနှောင့်အယှက် ဖြစ်တယ်။ လမ်းမှာ ပေးရတာတွေလည်းဆိုးမှ ဆိုးပဲ။ အဲဒီတော့ လုပ်ရတာ ဝန်ထမ်း ထိန်းရုံပေါ့” ဟု ၎င်းက ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
230
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော စစ်ကိုင်း၊ မကွေး၊ ကလေး၊ မြစ်ကြီးနား ဒေသများတွင် သွားနေကျ ခရီးသည်တင် ယာဉ်နံပါတ်များကို မှတ်သားထားပြီး ယင်းယာဉ်များကိုသာ သွားလာခွင့်ပြုခြင်းများ ရှိသလို နေ့စဉ် ကားထွက်ခြင်း ထက် ခရီးသည် စောင့်၍ ရက်ခြား ကားထွက်ခြင်းသာ ရှိကြောင်း၊ လမ်းခရီးတွင်လည်း အစစ်အဆေးများကြောင်း သိရသည်။

မကွေးတိုင်းအတွင်းရှိ ယာဉ်လိုင်းပိုင်ရှင် တဦးက “စစ်ဆေးတဲ့နေရာမှာ စစ်သားပဲဖြစ်ဖြစ်၊ ရဲပဲ ဖြစ်ဖြစ် ကောင်းကောင်း မွန်မွန်ပြောတဲ့သူ ရှိသလို ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲ ရိုင်းရိုင်းစိုင်းစိုင်း ပြောတာတွေလည်း ရှိတယ်။ စကားလေး တလုံးမှားတာနဲ့ ပစ်လိုက်ရမလား၊ လုပ်လိုက်ရမလား ခြိမ်းခြောက်တာမျိုးတွေလည်း ရှိတယ်” ဟု စစ်ဆေးသည့် အချိန် ကြာမြင့်သည့်အပြင် ပြည်သူများအပေါ် ဆက်ဆံသည့် ပုံစံကို ၎င်းက ပြောသည်။

လက်ရှိတွင် စက်သုံးဆီဈေး မြင့်တက်မှုများနှင့် တခြား ကုန်ကျစရိတ်များကြောင့် တချို့ ခရီးစဉ် ကားလက်မှတ်ခများမှာ ကျပ် ၃၀၀၀ ဝန်းကျင်မှစ၍ ဈေးတက်နေသလို တချို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများတွင် ကျပ် သောင်းဂဏန်းအထိ ဈေးမြင့်နေကြောင်း သိရသည်။

အောင်မင်္ဂလာ အဝေးပြေးကားဝင်း၌ ရန်ကုန်အခြေပြု ယာဉ်လိုင်းပေါင်း ၁၁၅ လိုင်းရှိပြီး ယာဉ်အစီးရေ ၃၁၄ စီးနှင့် ဒဂုံ ဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ရန်ကုန်အခြေပြု ယာဉ်လိုင်းပေါင်း ၆၆ လိုင်းရှိပြီး ယာဉ်အစီးရေ ၁၅၇ စီးဖြင့် ခရီးသည်များကို ပုံမှန်ပြေးဆွဲပေးနေကြောင်း ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က စက်တင်ဘာလအတွင်းတွင် မီဒီယာများကို ပြောဆိုထားသည်။

You may also like these stories:

မီးပျက်ချိန် များသဖြင့် မန္တလေးရှိ အသေးစားလုပ်ငန်းအချို့ ရပ်နား

Your Thoughts …
Tags: ခရီးသွားရာသီမန္တလေးရန်ကုန်အဝေးပြေးယာဉ်လိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

Next Post
ဖရူဆိုမြို့အတွင်း ဝင်ရောက်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများ  / CJ

မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဖရူဆိုမြို့တွင်း ဝင်ထွက်သွားလာခွင့် ပိတ်

အချင်းချင်းကို ရက်ရက်စက်စက် သတ်သွားတာ (ရုပ်/သံ)

အချင်းချင်းကို ရက်ရက်စက်စက် သတ်သွားတာ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved