• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရိခေါရ်ဒါရ်ဂိတ် အိန္ဒိယပိတ်၍ မြန်မာကုန်စည်တို့ သောင်တင်

by မေရီခိုင်
27 July 2024
in စီးပွားရေး, သတင်း
A A
ရိခေါရ်ဒါရ်ဂိတ် အိန္ဒိယပိတ်၍ မြန်မာကုန်စည်တို့ သောင်တင်

၂၀၂၄ ဖေဖော်ဝါရီ ၁၂ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးတံတားအား ရိခေါဒါရ်မြို့ဘက်မှ မြင်‌တွေ့ရစဉ် (မေရီခိုင် ဧရာဝတီ)

975
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နိုင်ငံများ (ဘင်မ်းစတက်)၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်း အဝေးကို မြန်မာက အိမ်ရှင်အဖြစ် ကျင်းပနေချိန်နှင့် တိုက်ဆိုင်စွာ အိန္ဒိယဘက်မှ ရိခေါရ်ဒါရ် ကုန်သွယ်ရေးဂိတ်ကို ဇူလိုင် ၂၅ရက်ကစ၍ လူအသွားအလာမှ လွဲ၍ ကုန်ပစ္စည်း အဝင်အထွက် ယာယီပိတ်လိုက်သည်။

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတားကို ရုတ်တရက် ပိတ်လိုက်ခြင်းကြောင့် အိန္ဒိယသို့ တင်ပို့မည့် ဂေါ်ဖီ ထုတ်၊ ငရုတ်သီးအပွ၊ ခရမ်းသီး၊ ပြောင်းဖူး စသည့် ကုန်စိမ်းများနှင့် ကြက်သွန်ဖြူ/နီများ အပါအဝင် ကွမ်းသီး ခြောက် များ လည်း ပိတ်မိနေကြောင်း ရိခေါရ်ဒါရ်ထိန်းချုပ်ထားသည့် CDF ဟွာငိုလ်ရမ်အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောသည်။

“ဒီဂိတ်က အိန္ဒိယဘက်က ဆန်တွေ၊ ဂျုံတွေကိုလည်း မြန်မာဘက်ကို ပို့သလို မြန်မာဘက်ကလည်း အထူးသဖြင့် ချင်းဘက်က ထွက်တဲ့ ကုန်တွေကို တင်ပို့ကြတာပေါ့။ အခုလို ချက်ချင်းပိတ်လိုက်တော့ အိန္ဒိယကို ပို့မယ် မြန်မာ ပစ္စည်းတွေက ဒီဘက်မှာ သောင်တင်နေတာပေါ့၊ အရေအတွက် များတယ်။ ထားလို့ရတာကို သိုလှောင်ထားဖို့ စီစဉ်ထားတယ်။ ကုန်စိမ်းလို ထားလို့ မရတာတွေကိုတော့ ဒီဘက်မှာ ပြန်ရောင်းဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ပြောသည်။

အိန္ဒိယ အာဏာပိုင်တို့ကမူ ရိဒ်နှင့် ဇိုခေါထာရ်နယ်စပ် ကုန်သွယ် ရေးလမ်းကြောင်းမှတဆင့် မြန်မာဘက်က ကွမ်းသီး ခြောက်များ တရားမဝင်တင်သွင်း နေသဖြင့် ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရို (Central Bureau Investigation – CBI) အဖွဲက ဇိုခေါထာရ်ကျေးရွာသို့ လာရောက် စစ်ဆေးမည်ဖြစ်၍ ကုန်ပစ္စည်းအဝင် အားလုံး ကို အကောက်ခွန်ဌာနက ပိတ်လိုက်ခြင်းဟု ဆိုကြောင်း သိရသည်။

ထို့အတွက် ရိခေါ်ဒါရ် ဒေသခံတဦးက “မီဇိုရမ်ဘက်ကလည်း ကွမ်းသီးစိုက်တယ်။ မြန်မာက ကွမ်းသီးနဲ့ယှဉ်ရင် မြန်မာကွမ်း‌သီး‌တွေက ပိုကောင်းတယ်၊ ပိုလည်း ရောင်းရတယ်။ ဒါကြောင့် အဲ့ဘက်က လူတွေက တိုင်ကြတာ။ နယ်စပ်ဂိတ် ပိတ်ရင် ကျွန်မတို့ပဲ နစ်နာမှာ မဟုတ်ဘူး။ သူတို့လည်း နစ်နာမှာ။ ကုန်စိမ်းတွေဆို မြန်မာဘက်ကပဲ အဓိကဝင်နေ တာလေ” ဟု ပြောသည်။

၂၀၂၄ ခု ဇွန်လ အတွင်းက စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်သည့် တီးတိန်- ရိဒ် လမ်းပေါ်ရှိ မဏိပူရမြစ်ကူး မံဆောင်းကြိုးတံတား (Chin World)

ချင်းပြည်နယ် နယ်စပ်ကုန်သွယ်ရေး ရိခေါရ်ဒါရ်ဂိတ်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလစ၍ ချင်းအမျိုးတပ်ဦး (CNF) က သိမ်းပိုက်ထားခြင်း ဖြစ်ပြီး အဆိုပါ ဂိတ်မှ နေ့စဉ် ကုန်တင်ကား ၅ စီးမှ အစီး ၂၀ အထိ အပြန်အလှန် တင်ပို့လေ့ ရှိကြောင်း CDF ဟွာငိုလ်ရမ်အဖွဲ့ထံမှ သိရသည်။

ယမန်နေ့က နေပြည်တော်တွင် ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Shri Ajit Doval ဟာ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ နယ်စပ်ဒေသ တည်ငြိမ်ရေး အပါအဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေး ဆွေးနွေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

အလားတူ ဇူလိုင် ၁၂ရက် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသည့် ဘင်းမ်စတက်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် စစ်ကောင်စီ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ပြီး အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာနှင့် သီးခြားတွေ့ဆုံကာ နယ်စပ်တည်ငြိမ်ရေး နှစ်နိုင်ငံ ပိုမိုတိုးမြှင့်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့သည်။

ယခုအခါ အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ရပ်တန့်နေပြီး ဒေသတွင်းသာ ကုန်သွယ် နေခြင်းဖြစ်ရာ အိန္ဒိယက မြန်မာဘက်သို့ ဆန်၊ ဆီ၊ ဆား၊ ပဲ တင်ပို့သလို မြန်မာက ကုန်စိမ်းအများဆုံးတင်ပို့သည် လက်ရှိ ပလက်ဝလမ်းကြောင်းမှ တင်ပို့များကိုလည်း အိန္ဒိယဘက်ခြမ်းရှိ မီဇိုရမ်ပြည်နယ် အခြေစိုက် ချင်းအဖွဲ့ Central Young Lai Association – CYLA က ပိတ်လိုက်ထားသည်။

Your Thoughts …
Tags: CNFချင်းပြည်နယ်ဘင်းမ်စတက်မြန်မာရိခေါရ်ဒါရ်အိန္ဒိယ
မေရီခိုင်

မေရီခိုင်

Similar Picks:

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.7k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

by ဧရာဝတီ
3 November 2023
15.7k

ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

by မိုင်းခြိူဝ်းဇာရ်
30 October 2023
11.6k

TNLA နဲ့ MDY-PDF တို့ဟာ နောင်ချိုမြို့ပေါ် ရက်ကွက်တွေထဲ ဝင်ရောက်တာမျိုးမရှိသေးပေမယ့် မြို့ပတ်လည်လည်မှာ လှုပ်ရှားထိန်းချုပ်ထားပါတယ်။

Next Post
ထိုင်း ပရီမီယံ EV ကားရောင်းချရမှု ပထမ နှစ်ဝက် အတွင်း ၃၅ ရာခိုင်နှုန်း ထိုးကျ

ထိုင်း ပရီမီယံ EV ကားရောင်းချရမှု ပထမ နှစ်ဝက် အတွင်း ၃၅ ရာခိုင်နှုန်း ထိုးကျ

လွတ်မြောက်ပြီဆိုပေမယ့် စစ်ရေးသတိရှိဖို့လို

လွတ်မြောက်ပြီဆိုပေမယ့် စစ်ရေးသတိရှိဖို့လို

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved