ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ၊ ရာဇဝတ်မှုတွေနဲ့ နာမည်ဆိုးထွက်နေတဲ့ KK Park မြို့သစ်စီမံကိန်းကို ဝင်ရောက် စီးနင်းခဲ့တယ်ဆိုပြီး အာဏာသိမ်း စစ်တပ်က အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်မီဒီယာ တွေကတဆင့် သတင်းထုတ်ပြန်ပါတယ်။
ဧရာဝတီ အပါအဝင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေကတော့ ဒီဖြစ်ရပ်မှာ ကျားဖြန့်တွေကို ဖမ်းဆီးတာမဟုတ်ဘဲ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ လက်ဝါးချင်းရိုက် လုပ်ဆောင်ခဲ့တဲ့ ဟန်ပြစီးနင်းမှုသာဖြစ်တဲ့အကြောင်း ချက်ချင်းဖော်ထုတ်ရေးသားခဲ့ကြပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်တပ်နဲ့ BGF ဟာ KK Park ဂိတ်တံခါးဖွင့်ပြီး ထောင်နဲ့ချီတဲ့ ကျားဖြန့် လုပ်သားတွေကို ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ ဖမ်းဆီးတာမျိုး မရှိတဲ့ အပြင် ကျားဖြန့်ခေါင်းဆောင်ပိုင်းတွေကို BGF က ကြိုတင်ခေါ်ထုတ်ပြီး ခိုလှုံခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
ဂိတ်တံခါးဖွင့်ပေးလိုက်ပြီးနောက်မှာတော့ မြန်မာနဲ့ နိုင်ငံခြားသား ကျားဖြန့်လုပ်သားတွေဟာ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းကို ဝရုန်းသုဉ်းကား ထွက်ပြေးကြပါတယ်။ ဒီအခြေအနေကို အနီးကပ် မြင်တွေ့ခဲ့ရတဲ့ မြဝတီမြို့ခံ တဦးကို ဧရာဝတီက သီးသန့် တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ကျားဖြန့် #KKPark #ထိုင်း #မြဝတီ #Scammer #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













