• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ကျော်သူပြန်လာပြီ

by ယုမွန်ကျော်
30 March 2015
in Lifestyle
A A
ကျော်သူ, ရန်အောင်, ရဲအောင်, ဒေါက်တာဆိတ်ဖွား, လွှတ်တော်, နာရေးကူညီမှု

သရုပ်ဆောင် လောကကို ပြန်လည် ဝင်ရောက်လာတဲ့ ကျော်သူ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

22.4k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင်ဟောင်း တဦးလည်းဖြစ်၊ နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ကိုကျော်သူဟာ သူ ပထမဆုံး ပြန်လည် ပါဝင် သရုပ်ဆောင်မယ့် ရုပ်ရှင်ဇာတ်ကားကို ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ဇာတ်ကားနဲ့ စဖွင့်လိုက်ပါပြီ။

လွန်ခဲ့တဲ့ တနှစ်လောက်က အင်တာနက် လူမှုကွန်ရက် စာမျက်နှာမှာ လွှတ်တော်ကို ပယ်ပယ်နယ်နယ် ဝေဖန်ပြောဆိုခဲ့လို့ လွှတ်တော်ထဲ အထိ တင်သွင်း ခုံရုံးဖွဲ့ စစ်ဆေးခဲ့ရတဲ့ ဒေါက်တာဆိတ်ဖွားကို သိထားခဲ့ကြတဲ့ လူမှုကွန်ရက် ပရိတ်သတ် ကြီးကတော့ ကိုကျော်သူ ဒေါက်တာဆိတ်ဖွား ဇာတ်ရုပ်ကို သရုပ်ဆောင်တော့မယ် ဆိုတာ ကြားလိုက်တာနဲ့ ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့် ကိုကျော်သူ ပါဝင်ရိုက်ကူးမယ့် ဒေါက်တာ ဆိတ်ဖွားကတော့ ကွယ်လွန်သူ စာရေးဆရာ မင်းသိင်္ခရဲ့ ဝတ္ထု ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား ပါ။ ကိုကျော်သူ ကတော့ သုဘရာဇာ ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီဆိတ်ဖွားက မူလလက်ဟောင်း မူပိုင်ဆိတ်ဖွား ဖြစ်တယ်လို့ ကိုကျော်သူက ဆိုပါတယ်။ ဒီဇာတ်ကားဟာ လွှတ်တော်ကို ဝေဖန်တဲ့ ဆိတ်ဖွား မဟုတ်ပေမယ့်လည်း တချိန်က သို့လောသို့လော ဖြစ်ပြီး အဖျားရှူးသွားတဲ့ လွှတ်တော်ထဲရောက် ဆိတ်ဖွား အမှုကိုတော့ ပြန်လည် သတိရစေပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
143
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

“ဒီဇာတ်ကားက ဒေါက်တာဆိတ်ဖွားက အသုဘ နာရေးတွေကို လုပ်ပေးနေတဲ့ သုဘရာဇာ ပေါ့။ ကျနော့် အတွက် သုဘရာဇာ ကာရိုက်တာ ဖြစ်တဲ့ အတွက် သရုပ်ဆောင်မှု အပိုင်းမှာ ခက်ခဲတာ သိပ်ထွေထွေထူးထူး မရှိဘူး။ ဇာတ်ကားမှာ ညီအကိုဟောင်းတွေ ဖြစ်တဲ့ ရန်လေးတို့၊ ရဲအောင်တို့၊ မင်းဦးတို့နဲ့ ပြန်တွေ့တော့ စိတ်ထဲမှာ ကြည်နူးမှု လေးတော့ ဖြစ်မိတယ်။ ဒီဇာတ်ကားကို ပြန်ရိုက်ဖြစ်တာက ကာရိုက်တာ ကြောင့်ရော ကျော်သူ ရုပ်ရှင်ပြန်ရိုက်ပါ လို့ တောင်းဆိုတဲ့ သူတွေ ရှိတယ်။ နောက် ဒီဘက်ခေတ်က လူငယ်တွေ ကျော်သူဆိုတာ ဘာမှန်းမသိတဲ့ လူငယ်တွေ အတွက် ကျော်သူ ဆိုတာ ဘာမှန်းသိအောင် ပြန်ပြီး သရုပ်ဆောင်တာ။

ဒီဇာတ်ကားက ဖျော်ဖြေရေးကား သက်သက် မဟုတ်ဘူး။ စကားလုံး တွေက ဒဿနတွေ၊ ဖလော်တွေ ပါတဲ့ အကျိုးရှိတဲ့ ကားဖြစ်တယ်။ ဒီခေတ်နဲ့လည်း အံဝင်တဲ့ အတွက် ကျနော် လက်ခံ လိုက်တာပါ။ ကျနော် ဆရာကြီးရဲ့ ဝတ္တုတွေကို ပြန်ရိုက်ခဲ့တာ တော်တော်များတယ်” လို့ ကိုကျော်သူက ဧရာဝတီကို ပြောပါတယ်။

ကိုကျော်သူဟာ ၂၀၀၇ ခုနှစ်ကစပြီး သရုပ်ဆောင်အလုပ်ကို ရပ်နားခဲ့တာ ၈ နှစ်ကြာတဲ့ အချိန် အခု ၂၀၁၅ ကျမှ ပြန်လည် သရုပ်ဆောင်တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဆရာကြီး မင်းသိင်္ခကို လေးစားတဲ့အတွက် ဆရာကြီးကို ဂုဏ်ပြုတဲ့ အနေနဲ့ သူ့ရဲ့ ဝတ္ထုကို ရိုက်ကူးတဲ့ ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ခဲ့တာ လို့ ဆက်ပြောပါတယ်။

“ဒီခေတ် ရဲတွေတော့ မဟုတ်ဘူးပေါ့၊ အင်္ဂလိပ်ခေတ်က ရဲတွေရဲ့ ဖိနှိပ်မှုကို ဒီဇာတ်ကားမှာ တွေ့ရမယ်။ ဒီဇာတ်ကားမှာ ပြောတဲ့ စကားလုံးတိုင်းက အဓိပ္ပာယ် ရှိတယ်။ လူတွေက သုဘရာဇာဆို နှာခေါင်းရှုံ့ချင် ကြတယ်၊ ကိုယ်လည်း တနေ့ သေမှာပဲ ကို။ ဆိတ်ဖွားကြီးက အခက်အခဲ ဖြစ်လို့ ရဲတွေကို အကူအညီ တောင်းတော့ ရဲတွေက မကူညီဘူး၊ အဲဒီတော့ ဆိတ်ဖွားကြီးက ရဲတွေကို သရော်တဲ့ စကားလုံးတွေက အရမ်း အဓိပ္ပာယ်ရှိတယ်။ မင်းတို့ ဒီအပွင့်တွေ တပ်ထားပြီး ဒါလေးတောင် မလုပ်နိုင်ရင် ဒါတွေ တပ်မနေနဲ့ ဆိုတာမျိုးပေါ့” လို့ ကိုကျော်သူက ပြောပြပါတယ်။

ဒီဇာတ်လမ်းကို စာရေးဆရာ မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင် ဇာတ်ကားတွေ အမြဲ ရိုက်ကူးလေ့ ရှိတဲ့ ဒါရိုက်တာ ခင်စောမျိုးကပဲ ရိုက်ကူး ပုံဖော်မှာ ဖြစ်ပြီး ဒေါက်တာဆိတ်ဖွားအဖြစ် ကျော်သူ၊ လူမိုက်ကြီး မိုးသီး နေရာမှာ ရဲအောင်၊ သူတောင်းစား အဖြစ် ဟန်ဆောင်သူ အင်စပတ်တာ အရာရှိအဖြစ် ရန်အောင်၊ သူခိုး သေတ္တာ အဖြစ် မင်းဦး တို့က ပါဝင် သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသမီးတွေ အဖြစ်တော့ စံရတီမိုးမြင့်၊ မေမြတ်နိုးနဲ့ ရွှေပန်းချီတို့က ပါဝင်ကြမှာပါ။ ဆားပုလင်းနှင်းမောင်နေရာမှာတော့ အရင်ဇာတ်ကားတွေမှာ ဆားပုလင်းနှင်းမောင် အဖြစ် အမြဲတမ်း ပါဝင်သရုပ်ဆောင်လေ့ရှိသူ ထွန်းလွင်အောင်ကပဲ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

“ဒီကားက အရင်ကားတွေထက် စာရင် ပိုပြီးသွက်လာမယ်။ အရင် သုံးနာရီကားကို နှစ်နာရီနဲ့ လုပ်ဖြစ်မယ်။ အရင်ကားမှာ ပိုနေတာ တွေကို ဖြုတ်မယ်၊ လိုနေတာတွေ ထပ်ထည့်မယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ဒီကားနဲ့ လိုက်ဖက်ပြီး သရုပ် ဆောင်နိုင်မယ့် မင်းသားကြီးတွေကို ပြန်ရွေးချယ်ထားတာ ပါပဲ။ ဒီကားမှာ ကိုကျော်သူနဲ့ ပြန်လက်တွဲပြီး ရိုက်ရတဲ့ အတွက် ပျော်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျော်သူနဲ့ ကျနော် တွဲပြီး ရိုက်ခဲ့တဲ့ ကားတိုင်းက အောင်မြင်ခဲ့တာကိုး။ သူ ဇာတ်ကား မရိုက်တာလည်း ကြာပြီ၊ အခု ဒီကားရိုက်မယ် ဆိုတော့ သူလည်း ဝမ်းပန်းတသာ လက်ခံတာပဲ။ ဒီဇာတ်ကားက ပရိသတ် နှစ်သက်ကြမယ့် ဇာတ်ကားဖြစ်လာမှာပါ။ ဆိတ်ဖွားကြီးရဲ့ သြဝါဒတွေကို ပရိသတ်ကြီး နှစ်သက်ကြမှာပါ” လို့ ဒါရိုက်တာ ခင်စောမျိုးက ပြောပြခဲ့ပါတယ်။

ဒီ ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၁၈ ရက်နေ့ကစပြီး ရန်ကုန် မြရိပ်ညိုဟိုတယ်မှာ ရိုက်ကူးနေပါပြီ။ စာနယ်ဇင်း ရှင်းလင်းပွဲက ပုံတွေ၊ ရိုက်ကွင်းမှာ သရုပ်ဆောင်တွေ ဇာတ်ရုပ်အလိုက် ဝတ်စားဆင်ယင်ထားတဲ့ ပုံတွေကတော့ လူမှုကွန်ရက် စာမျက်နှာထက်မှာ စိတ်ဝင်းစားမှု ရရှိနေပါတယ်။

ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ရုပ်ရှင်ဇာတ်ကားကို လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာ ဖြစ်ပြီး ဒီနှစ် နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာလတွေမှာ ရုံတင်မယ် လို့ သိရပါတယ်။     ။

Your Thoughts …
Tags: ArtCelebrityEntertainment
ယုမွန်ကျော်

ယုမွန်ကျော်

​Copy Editor

Similar Picks:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

by စောအောင်ထွန်း
3 December 2024
8.4k

တဖက်မှာလည်း စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုတွေကြောင့် အခမဲ့ဆေးခန်းတွေ၊ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့ အစည်းတွေ နိုင်ငံတွင်းမှ ထွက်ခွာသွားတာကြောင့် ယခင် လွယ်လင့်တကူရခဲ့တဲ့ ART ဆေးဝါးထောက်ပံ့မှုတွေဟာ တန်းစီစောင့်ရတဲ့ အခြေ အနေဖြစ်သွားပါတယ်။ ဒါတွေအပြင် နိုင်ငံတကာအလှူရှင်တွေ...

HIV, ART, မြန်မာ, ARV

စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ

by ဧရာဝတီ
27 February 2025
1.9k

လက်ရှိအချိန်တွင် HIV ပိုး ရှိ မရှိ သွေးစစ်ပေးခြင်း၊ Viral load စစ်ပေးခြင်း (ပိုးကောင်ရေစစ်ဆေးမှု)၊ CD4 count စစ်ခြင်း (CD4 ပါဝင်သော T ဆဲလ်ပမာဏ စစ်ဆေးမှု)များကို စစ်ဆေးခြင်းများကို ရန်ကုန်၊...

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

သမိုင်းဝင် စည်ရှည်တံတား ဘယ်သူဖျက်

by ဆူးငှက်
28 June 2014
10.1k

စည်ရှည် တံတားကြီးကို လွန်ခဲ့တဲ့ ၅ နှစ် ၀န်းကျင်က တဦးတယောက် (သို့မဟုတ်) တဖွဲ့တစည်းရဲ့ တချက်လွှတ် အမိန့်နဲ့ နာရီမဆိုင်း အုတ်တစ၊ သဲတမှုန့် မကျန်အောင် ထိုးကော် ဖျက်ဆီးပစ်လိုက် ပါတော့တယ်။

ထိုင်းမြောက်ပိုင်း, လမ်ပန်းမြို့, ရှေးမြန်မာ, ဗိသုကာ

ထိုင်းမြောက်ပိုင်းက မြန်မာ့ သုခုမ ဝိညာဉ်များ

by ကျော်ခ
13 February 2014
10.4k

လမ်ပန်းမြို့သည် မြန်မာနိုင်ငံ၏ သစ်လုပ်ငန်း မြို့တော် တောင်ငူနှင့် တူသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီတို့ ကြီးစိုးစဉ်က သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ခဲ့သော ဘုံဘေဘားမား ကုမ္ပဏီ ရှိခဲ့သည်။

ယုဒသန်, အဘိဓာန်, ဘိုးတော်ဘုရား, အင်းဝ, အင်္ဂလိပ်

ဆရာယုဒသန် မြန်မာပြည် ရောက်ရှိခြင်း နှစ် ၂၀၀ ပြည့်အခမ်းအနား ကျင်းပမည်

by ရန်ပိုင်
15 November 2013
6.5k

စကားလုံးများကို အက္ခရာ ဝလီစဉ်ပြီး ပါဠိ - မြန်မာ အဘိဓာန်နှင့် မြန်မာ - အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစုသည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင်...

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.6k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

Next Post

မြန်မာတိုင်းမ်မှ ကာတွန်းကို တပ်မတော် ကန့်ကွက်

ဒေါ်အောင်ဆန်းစုကြည်နှင့် KNU အဖွဲ့ တွေ့ဆုံ

Please login to join discussion
No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved