• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

မြင့်မြတ်ရဲ့ဇာတ်ဝင်ခန်းတွေနဲ့ နာမည်ကြီးနေတဲ့ “ဗိုလ်အောင်ဒင် ချစ်သော မိန်းမများ”

by ထက်ဦးဝေ
9 June 2017
in Lifestyle
A A
/ Lavender / Facebook

/ Lavender / Facebook

16.9k
VIEWS
Share on FacebookShare on Twitter

အခုလတ်တလော ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာရော လူငယ်တွေကြားမှာပါ နာမည်ကြီးနေတဲ့ ဝေါဟာရတခု ရှိနေပါတယ်။ “ဟျောင့် ဂျင်းကောင်” ဆိုတဲ့ စကားပါ။ ဒီစကားကို သိပ်မကြာသေးခင်က ထွက်ရှိခဲ့တဲ့ “ဗိုလ်အောင်ဒင် ချစ်သော မိန်းမများ” ဗီဒီယို ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတခန်းမှာ သရုပ်ဆောင်မြင့်မြတ်က ပြောသွားခဲ့တာပါ။

ဒီ ကားကို လာဗင်ဒါ ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးမှ စီစဉ်ထုုတ်လုပ်ပြီး ဇာတ်ညွှန်း မင်းတခေတ်၊ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားတဲ့ အချစ်ဟာသကားတကား ဖြစ်ပါတယ်။ ဒီကားမှာ မြင့်မြတ်နဲ့ ပိုင်ဖြိုးသုတို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြတာပါ။ ဒီဇာတ်ကားကို ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က စတင်ပြီး မြန်မာတပြည်လုံးကို ဖြန့်ချိလိုက်တာပါ။

ဒီ ဇာတ်ကားထဲမှာဆိုရင် မြင့်မြတ်ကို သရုပ်ဆောင်နေကျ မဟုတ်တဲ့ ပုံစံအသစ်တမျိုးနဲ့ တွေ့မြင်ရမှာဖြစ်ပြီး “အောင်ဒင်” ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ကိုယ့်ကိုယ်ကိုယ် ခေသူမဟုတ်လို့ ထင်နေတဲ့ ပုံစံမျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ သရုပ်ဆောင်အသစ်ဖြစ်ပေမယ့်လည်း “အေးသီတာ” ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ မြင့်မြတ်နဲ့ အတွဲညီညီ သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။

ပိုင်ဖြိုးသုနဲ့ မြင့်မြတ်တို့ဟာ ငယ်စဉ်ကတည်းက တရွာတည်းနေတဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပြီး ပိုင်ဖြိုးသုက မြင့်မြတ်ကို တဖက်သတ် ချစ်နေတာလည်း ဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ မြင့်မြတ်နဲ့ လိုက်ဖက်အောင်ဆိုပြီး သူ့ရဲ့နာမည်အရင်း အေးသီတာဆိုတာကိုတောင် မမြဝင်း လို့ ပြောင်းလဲထားတာဖြစ်ပါတယ်။ မြင့်မြတ်ကတော့ ပိုင်ဖြိုးသုုကို သူငယ်ချင်းထက်မပိုဘဲ တခြားကောင်မလေးတွေကိုသာ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

အဆိုပါ ဇာတ်ကားထွက်ရှိပြီး သိပ်မကြာခင်မှာပဲ ဇာတ်ကားထဲမှာ ဖုန်းဆိုင်မှ အရောင်းဝန်ထမ်းမလေးကို သွားပြီး ဖွန်ကြောင်တဲ့ မြင့်မြတ်ရဲ့ဇာတ်ဝင်ခန်းတချို့ဟာ ဖေ့ဘွတ်စာမျက်နှာထက်မှာ ပျံ့နှံ့လာခဲ့ပြီး ကြိုက်နှစ်သက်ကြကာ ကြည့်ရှုသူနဲ့ ပြန်ရှယ်ကြသူတွေ အတော်လေး များပြားခဲ့တာပါ။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
131
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“ဇာတ်ကားကို စပြီး ရိုက်ဖြစ်ခဲ့တာက အကိုတို့က၂၀၁၆၊ ၁၂ လပိုင်းမှာ မြင့်မြတ်ကို တလလုံး ရိုက်ရက်ယူထားတာပေါ့။ တလဆိုတော့ ရုပ်ရှင်ကားကြီးတကားနဲ့ ဗီဒီယို ၂ ကားပေါ့၊ ရုပ်ရှင်ကားကြီးအတွက်ကကျတော့ အကိုက ဇာတ်က ရပြီးသွားပြီ၊ ဗီဒီယိုအတွက်က ဇာတ်မရသေးဘူးပေါ့လေ။ အဲဒီအချိန်မှာ မနောတို့ ဗိုလ်အောင်ဒင်ကလည်း သင်္ကြန်ပြီးကတည်းက ပေါက်နေတာဆိုတော့ ဗိုလ်အောင်ဒင်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းမျိုးလေး တခုခု ရိုက်ကြည့်ရင် ကောင်းမယ်ဆိုပြီး ဒီကားကို ရိုက်ဖြစ်ခဲ့တာပါ” လို့ ဒီ ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဖြစ်သူ ကိုပေါက်က ဒီဇာတ်ကား ရိုက်ဖြစ်ခဲ့ပုံအကြောင်းကို ဧရာဝတီကို ပြောပါတယ်။

ဒီ ဗီဒီယိုဇာတ်ကားထဲတွင် တောရွာဓလေ့စရိုက်များကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး လူငယ်ဆန်ဆန် ဟာသစကားလုံးတွေနဲ့ လူကြီးလူငယ်တွေကြား ခေတ်စားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် “ဗိုလ်အောင်ဒင်ချစ်သော မိန်းမများ”ရဲ့ အဆက် ရုပ်ရှင်ကားကြီးတကားလည်း ရိုက်ကူးဖို့ ရှိသေးတယ်လု့ိ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ကားကို၂၀၁၇ အကုန်မှာ စတင် ရိုက်ကူးမှာဖြစ်ပြီး အမည်ကို “ဂျင်းကောင်” လို့ ပေးထားတယ်လို့ သိရပါတယ်။

Your Thoughts …
Tags: ဗိုလ်အောင်ဒင်
ထက်ဦးဝေ

ထက်ဦးဝေ

ဧရာဝတီ

Similar Picks:

သင်္ကြန် ရန်ကုန်စတိုင်

သင်္ကြန် ရန်ကုန်စတိုင်

by မောင်သော်က
12 April 2025
2k

သူ့ခေတ်ရဲ့ သရုပ်ကို ထင်ဟပ် စေခဲ့သလို ဒီဘက် ခေတ်တွေမှာလည်း သူ့ခေတ်နဲ့သူ တာစားခဲ့တဲ့ သင်္ကြန် သံချပ်တွေ ရှိပါကြတယ်…

မေမေဝင်း

မေမေဝင်း

by စောမုံညင်း
19 October 2025
292

ဗိုလ်အောင်ဒင် ကားမှာ အအောင်မြင်ဆုံးဟု ဆိုရပေမည်… ပရိသတ် စွဲလမ်း၍ ဗိုလ်အောင်ဒင် ပြန်လာပြီ ဟုပင် နောက်ထပ် ရိုက်ကူးရသေးသည်…

စာနယ်ဇင်းရှင်းလင်းပွဲ မြင်ကွင်း / ယုဖြူဟန် / ဧရာဝတီ

ဗိုလ်အောင်ဒင်နာမည်ပိုင်ရှင်ကို သီချင်းဖန်တီးသူက တောင်းပန်မည်

by ယုဖြူဟန်
25 April 2017
37.9k

ဆရာကြီးကို ကျနော်တို့ဘက်က တတ်နိုင်သလောက် ကန်တော့တယ်ပေါ့။ အဓိကကတော့ ဆရာကြီးရဲ့ဂုဏ်သိက္ခာအတွက်ပါ။ ငွေရေးကြေးရေးပိုင်းကတော့ ဘာမှမပြောပါဘူး။

“ဗိုလ်အောင်ဒင်” တီရှပ်အင်္ကျီ ထုတ်လုပ်ရောင်းချ

“ဗိုလ်အောင်ဒင်” တီရှပ်အင်္ကျီ ထုတ်လုပ်ရောင်းချ

by ထက်ဦးဝေ
15 March 2017
6.1k

ကျနော်တို့က မြန်မာ culture ကို ထိန်းသိမ်းတဲ့အနေနဲ့ ထုတ်တာပါ။ အဓိကက အဲဒီ ရည်ရွယ်ချက်ပေါ့နော်။ နောက်ပြီးတော့ ကျနော်တို့ဆီမှာ အမှတ်တရ အင်္ကျီတို့ဘာတို့ဆိုရင် မြတ်မြတ်နိုးနိုး မရှိကြဘူးဗျ။ ဝယ်လာပြီး အိမ်ရောက်ရင် အကြမ်းဝတ်သဘောမျိုးပဲ ဝတ်တတ်ကြတာလေ။

Next Post
မိသားစုများနှင့် ထပ်တူ

မိသားစုများနှင့် ထပ်တူ

Rolls-Royce ကထုတ်သည့် Sweptail မော်ဒယ်ကား

Rolls-Royce ကနေ ကမ္ဘာ့တန်ဖိုးအကြီးဆုံးမော်ဒယ်ကို ထုတ်ရန် ပြင်ဆင်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved