Lifestyle

ချစ်သူအသစ်ရသွားတဲ့ အဆိုတော် ရီဟားနား

လတ်တလော စပိန်နိုင်ငံကို ရောက်ရှိနေတဲ့ အဆိုတော် ရီဟားနားဟာ အားလပ်ရက်တွေကို ရည်းစား အသစ်ဖြစ်တဲ့ ဟတ်ဆန်ဂျမီးနဲ့ ကုန်ဆုံးဖို့ စီစဉ်ထားတယ်လို့ သတင်းကဆိုပါတယ်။

သူမရဲ့ချစ်သူဖြစ်သူ ဂျမီးဟာအသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် တယောက်ဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုအရ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ကြွယ်ဝချမ်းသာ ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ သူဟာ မိသားစုပိုင်လုပ်ငန်း တွေဖြစ်တဲ့ တိုယိုတာဆော်ဒီနဲ့ ကုမ္ပဏီပိုင် ဘောလုံးအသင်းတွေမှာ ဒုတိယဥက္က တာဝန်ကို ထမ်းဆောင် နေသူ ဖြစ်ပါတယ်။

ရီဟားနားတို့ ချစ်သူနှစ်ဦးဟာ စပိန်နိုင်ငံရဲ့ လူပုံအလယ်မှာ ပျော်ရွှင်ကြည်နူးစွာ သွားလာနေကြရင်းနဲ့ သူတို့ရဲ့ အားလပ်ရက်များကို ကုန်ဆုံးခဲ့ကြပါတယ်။ သတင်းများအရ ရီဟားနားရဲ့ချစ်သူ ဘယ်သူဆိုတာ စုံစမ်းသောအခါမှာလည်း အလွယ်တကူ စုံစမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးစလုံးကတော့ ယခုလို သွားလာနေထိုင်ခြင်းနဲ့ပတ်သက်လို့ တစုံတရာ ဖွင့်ဟပြောကြားခြင်း မရှိဘဲ ဖုံးကွယ်ထားဆဲပါ။

မကြာသေးမီကမှ အဆိုတော် ဒရိတ်နဲ့ လမ်းခွဲခဲ့တဲ့ ရီဟားနားဟာ သူမရဲ့ အချစ်သစ်ကိုထပ်မံတွေ့ရှိနေပြီ ဖြစ်ကြောင်း သူမရဲ့ပရိသတ်များအတွက် ဖော်ပြလိုက်ရပါတယ်။

Ref:vogue

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading