• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

အသည်းကွဲနေတဲ့ပရိသတ်ကို အကြံဉာဏ်ပေးခဲ့တဲ့ အဆိုတော် ရီဟားနား

by ဧရာဝတီ
25 June 2017
in Lifestyle
A A
အသည်းကွဲနေတဲ့ပရိသတ်ကို အကြံဉာဏ်ပေးခဲ့တဲ့ အဆိုတော် ရီဟားနား
13.1k
VIEWS
Share on FacebookShare on Twitter

“Umbrella”၊ “We Found Love”၊ “Love the Way You Lie” အစရှိတဲ့ တေးသီချင်းတွေနဲ့ ပရိသတ်ရဲ့ ရင်ထဲကို စွဲငြိစေခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် အဆိုတော် ရီဟားနားဟာ လူမူကွန်ယက်မီဒီယာတခုဖြစ်တဲ့ တွစ်တာကနေတဆင့် သူမကိုအကြံဉာဏ်တောင်းခံသူများကို ပြန်လည် ဖြေကြားပေးလေ့ရှိသူပါ။

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက် ဗုဒ္ဓဟူးနေ့က “@WaladShami” အမည်နဲ့ အကောင့်ပိုင်ရှင် အမျိုးသားတဦးဟာ အဆိုတော် ရီဟားနားထံမှ လက်ရှိ သူခံစားနေရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး အကြံဉာဏ် တောင်းခံ ခဲ့ကြောင်း သူ့ရဲ့ တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါအကောင့်ပိုင်ရှင်ဟာ ရီဟားနားကို “ပထမဆုံးအသည်းကွဲတုန်းက ဘယ်လိုများ ပြန်လည် ကုစားခဲ့ပါသလဲ။ ကျနော် အခုချိန်မှာ အသည်းကွဲပြီး တယောက်တည်း ရုန်းကန်နေရလို့ပါ” လို့ မေးမြန်းခဲ့တာပါ။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

အဆိုပါ မေးမြန်းချက်ကို ရီဟားနားက “အသည်းကွဲခြင်းဆိုတာလည်း ဆုလဒ်တမျိုးဖြစ်တယ်ဆိုတာ ယုံစေချင်ပါတယ်။ သင် ငိုချင်တယ်ဆိုရင်လည်း ငိုချလိုက်ပါ။ ဒါပေမယ့် ဒါတွေဟာ အချိန်အကြာကြီး မဟုတ်ပါဘူး။ အချစ်ကိုနောက်ထပ်တဖန် ပြန်လည်ရှာဖွေပါ။ အဲဒီအချစ်ဟာ တချိန်ကကြုံခဲ့ဖူးတဲ့ အချစ်ထက် ပိုပြီးတောင် သာယာနိုင်ပါတယ်။ အခုအချိန်မှာတော့ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံးပျော်အောင်ထားပါ” လို့ ရီဟားနားက အကောင့်ပိုင်ရှင်ကို အကြံဉာဏ်ပေးခဲ့ပါတယ်။

Buzzfeed မီဒီယာမှလည်း အဆိုပါအကောင့်ပိုင်ရှင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ “ဒါဟာ ကျနော့် ဘဝမှာ ပထမဆုံးအနေနဲ့ ချစ်ခဲ့တာပါ။ ဒါပေမယ့်လည်း ကျနော်တို့နှစ်ယောက်ရဲ့ပတ်သက်မှုက ပြီးခဲ့တဲ့ ဇန်နဝါရီလ မှာဘဲ အဆုံးသတ်ခဲ့ကြတာပါ” လို့ သူက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “အခုလို သိန်းနဲ့ချီပြီး ပရိသတ်တွေကြားထဲကနေ အဆိုတော် ရီဟားနားကိုယ်တိုင် ကျနော့်ခံစားချက်ကို အကြံဉာဏ်ပေးဖို့ဆိုတာ သူမအဖို့တော့ တကယ့်ကို မလွယ်တဲ့ကိစ္စပါ” ဆိုပြီး ပြောကြားခဲ့ပါသေးတယ်။

ပုံမှာတွေ့မြင်ရတာကတော့ အကောင့်ပိုင်ရှင်ရဲ့အသည်းကွဲနေတဲ့အကြောင်းကို အားပေးနှစ်သိမ့်ပေးခဲ့တဲ့ ပြန်ကြားစာပဲဖြစ်ပါတယ်။

အဆိုတော် ရီဟားနားကို အားပေးနေကြတဲ့ ပရိသတ်တွေထဲမှာလည်း အသည်းကွဲနေသူများ ပါဝင်နေခဲ့မယ်ဆိုရင် သူမရဲ့ အခု အကြံပေးချက်ဟာ အကျိုးသက်ရောက်မှု တစုံတရာရှိနေမှာပါ။

Ref:teenvogue

ငြိမ်းချမ်းစိုး ဆီလျော်အောင်ဘာသာပြန်ဆိုသည်။

Your Thoughts …
Tags: ရီဟားနား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဆိုတော် ရီဟားနား

အချမ်းသာဆုံး အမျိုးသမီး အဆိုတော်ဖြစ်လာတဲ့ ရီဟားနား

by ရေဗန်
5 June 2019
9.3k

ရီဟားနားဟာ အဆိုတော်အလုပ်အပြင် ဖက်ရှင်ဒီဇိုင်နာ၊ မိတ်ကပ်ပညာရှင်၊ သရုပ်ဆောင်၊ ပရဟိတ အဖွဲ့အစည်း တည်ထောင်သူ နဲ့ လူမည်းအမျိုးသမီးတွေရဲ့ ပထမဆုံး ဇိမ်ခံဖက်ရှင်အုပ်စုကို တည်ထောင်သူ တယောက်လည်း ဖြစ်ပါတယ်။

မာလဝီနိုင်ငံမှ မိန်းကလေးများအတွက် စက်ဘီးနဲ့ ပညာသင်စရိတ်ထောက်ပံ့နေတဲ့ ရီဟားနား

မာလဝီနိုင်ငံမှ မိန်းကလေးများအတွက် စက်ဘီးနဲ့ ပညာသင်စရိတ်ထောက်ပံ့နေတဲ့ ရီဟားနား

by ဧရာဝတီ
8 August 2017
3.3k

ရီဟားနားဟာ ဟားဘတ်တက္ကသိုလ်ကချီးမြှင့်တဲ့ လူသားအကျိုးဆောင်ဆုကို ယခုနှစ်ထဲမှာပဲ ပူပူနွေးနွေးရရှိထားသူလည်းဖြစ်ပါတယ်။

ရီဟားနားနဲ့ ပူးမားဖိနပ်ကုမ္ပဏီတို့ပူးပေါင်းပြီး ဖိနပ်ဒီဇိုင်းအသစ် ထုတ်လုပ်

ရီဟားနားနဲ့ ပူးမားဖိနပ်ကုမ္ပဏီတို့ပူးပေါင်းပြီး ဖိနပ်ဒီဇိုင်းအသစ် ထုတ်လုပ်

by ဧရာဝတီ
4 September 2017
7.1k

ရွှေအိုရောင်နဲ့ အနက်ရောင်ဆိုပြီး အရောင် ၂ မျိုးနဲ့ တွေ့မြင်ရမှာဖြစ်ပြီး ဖိနပ်ရဲ့အောက် ခြေနေရာကို ရာဘာနဲ့ ချုပ်လုပ်ထားကာ အပေါ်ယံမျက်နှာပြင်ကိုတော့ သားရေအစစ်နဲ့ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ချစ်သူအသစ်ရသွားတဲ့ အဆိုတော် ရီဟားနား

ချစ်သူအသစ်ရသွားတဲ့ အဆိုတော် ရီဟားနား

by ဧရာဝတီ
3 July 2017
13.9k

သူမရဲ့ချစ်သူဖြစ်သူ ဂျမီးဟာအသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် တယောက်ဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုအရ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ကြွယ်ဝချမ်းသာ ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

Next Post
အမြင့်မြို့အဝင်လမ်း

ချင်းတွင်းမြစ်ကမ်းနဖူးက ရှေးမြန်မာမြို့

Windows 10 မှာ Emoji အတွက် Shortcut သုံးနိုင်ပြီ

Windows 10 မှာ Emoji အတွက် Shortcut သုံးနိုင်ပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved