စီးပွားရေး

ဒီဇိုင်းဆန်းဆန်း စီးချင်သူတွေ အတွက် Dodge Ram 1500

အခုပြောမယ့် မော်ဒယ်ကတော့ အမေရိကန် အခြေစိုက် Dodgeရဲ့ မော်ဒယ်ပါ။ Ram ထဲမှာ မော်ဒယ်ခွဲအနေနဲ့ အင်ဂျင် အရွယ်အစားအပေါ် မူတည်ပြီး 1500တွေ 3500တွေ ဆိုပြီး ထွက်ရှိတဲ့ အထဲက စွမ်းဆောင်ရည် ဦးစားပေး မော် ဒယ်ပါ။

အထူးသဖြင့်တော့ လမ်းကြမ်းပိုင်း သုံးချင်သူတွေ ဝန်များများ တင်ဆောင်တတ်သူတွေအတွက် အသင့်တော်ဆုံး ဖြစ်မှာပါ။ အင်ဂျင်စနစ် ကြီးမားလို့ ဆီစားနှုန်းများမှာ သေချာနေပေမယ့် အခြား Hummerလို မော်ဒယ်တွေကိုတောင် လက်ခံစီးနင်း နေတဲ့ ပြည်တွင်း အနေအထားအတွက် လူတိုင်းကြိုက်မှာ မဟုတ်ပေမယ့် အသုံးတည့်သူတွေအတွက်ကတော့ အာရှထုတ် မော်ဒယ်တွေထက် စိတ်ကြိုက်ဖြစ်မှာပါ။

လက်ရှိ ပြည်တွင်းဈေးကွက်မှာက Toyota Vigoတွေ Nissan Navara လို မော်ဒယ်တွေ စီးနင်းမှု များပြီးတော့ သူတို့က တော့ အခု မော်ဒယ်ထက်စာရင် အင်ဂျင်စနစ်လည်း သေးငယ်သလို ဆီစားနှုန်းလည်း ချိုပါတယ်။

အမေရိကန် အခြေ စိုက်ထဲက ဆိုရင် Brand New အနေနဲ့ Ford Rangerတွေ ရနိုင်နေပြီး စွမ်းဆောင်ရည် သင့်လာပါ တယ်။ ဒါပေမယ့် ဝန်များများ တင်မယ်၊ ခရီးဝေးသွားမယ် ဆိုတဲ့သူတွေအတွက်၊ တောင်တက်လမ်းတွေမှာ စိတ်ကြိုက် သွားမယ် ဆိုတဲ့သူတွေအတွက်ကတော့ အခု Ram 1500 က အကောင်းဆုံး ဖြစ်လာပါလိမ့်မယ်။

အင်ဂျင်စနစ်က ၅.၇လီတာသုံး အရွယ်ပါ။ မော်ဒယ်နှစ် မြင့်မြင့်ကို ရနိုင်မှာ ဖြစ်ပြီး ၂၀၁၂ခုနှစ်နဲ့ နောက်ပိုင်းမှာ Ram မော် ဒယ်တွေရဲ့ ဝန်တင်ဆောင်နိုင်မှုက ဈေးကွက်ဝင် မော်ဒယ်တွေ အားလုံးထဲက ထိပ်ဆုံး အဆင့် ၁၀ အတွင်း ရပ်တည်ထား နိုင်တာ တွေ့ရသလို အခုနှစ် မော်ဒယ်မှာဆိုရင် Ram တွေဟာ ဝန်တင်နိုင်မှုရော နောက်တွဲယာဉ် ဆွဲငင် ရုန်းကန်နိုင်မှုမှာပါ အကောင်းဆုံး မော်ဒယ်အဖြစ် သတ်မှတ်ခံလာရသည်ထိအောင် ကောင်းမွန်လာတာပါ။

ဈေးကွက်အတွင်းမှာတော့ ၂၀၁၃ခုနှစ်နဲ့ နောက်ပိုင်းထုတ် မော်ဒယ်တွေ ဈေးကွက်ဝင်နေတာကြောင့် ကမ္ဘာ့အဆင့်ရှိ မော် ဒယ်တခုကို ပိုင်ဆိုင်လာနိုင်မယ့်အနေအထားပါ။
အမေရိကန်ထုတ် မော်ဒယ် စစ်စစ်၊ တခန်းဖွဲ့၊ အပိုခန်းဖွဲ့ပုံစံ နှစ်မျိုးနဲ့ ရနိုင်တယ်။ Ext Cab တွေက နည်းနည်း ရှားချင်ပြီး ဈေးနည်းနည်း ပိုချင်တယ်။

တခန်းဖွဲ့ကတော့ လွယ်လွယ်ရနိုင်ပြီး ဈေးလည်း သိန်း ၃၀လောက်ထိအောင် ပိုချိုပါတယ်၊ အတွင်းခန်းမှာ တပ်ဆင်စနစ် အားလုံးက Oriတွေ ဖြစ်မယ်၊ သားရေထိုင်ခုံ၊ Power Steering စနစ်နဲ့ ဘယ်မောင်း အထိုင်နဲ့ ရနိုင်တယ်၊ နောက်ဘက် ဝန် တင်ခန်းက အာရှထုတ် မော်ဒယ်တွေထက် ပိုကျယ်တယ်၊ အလျားနည်းနည်း ရှည်ချင်တာက ရန်ကုန် အသုံးအတွက်ကတော့ နည်းနည်း စဉ်းစားပါလို့ အကြံပေးချင်ပါတယ်။

မော်ဒယ်ကလည်း နယ်ဝေးနဲ့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်ဦးစားပေး ဖြစ်လို့ မြို့တွင်းသုံးချင်သူတွေတော့ သိပ်ကြိုက်မှာ မဟုတ်ပါဘူး။

ဂီယာပိုင်းမှာ မောင်းနှင်လို့ လွယ်ကူလာတဲ့ Autoနဲ့လာတယ်၊ အရောင်ရွေးချယ်နိုင်မှု နည်းနည်း ရှိပြီး အနီ၊ ခဲရောင်တွေ အဖြစ် ရနိုင်မှု များပါတယ်။

အခြား အရောင်တွေ အဝင်နည်းပေမယ့် Pick-up မော်ဒယ်နဲ့လည်း သိပ်မလိုက်လို့ ပြဿနာတော့ မရှိပါဘူး။ ရန်ကုန်လိုင် စင်နဲ့ဆိုရင်လည်း ရနိုင်ပါတယ်။ ဈေးသိပ်မကွာပါဘူး။ မောင်းနှင်ပြီး ကီလို ၅သောင်း ဝန်းကျင်တွေနဲ့ပဲ ဈေးကွက်ထဲမှာ တွေ့ ရပါတယ်။

သက်တမ်းအနေနဲ့လည်း ကောင်းကောင်း ကျန်သေးသလို အင်ဂျင်အရွယ်ကြီးပေမယ့် ဆူညံမှုရော တုန်ခါမှုမှာ နည်းပါတယ်။ သဘောကျစရာပါ။

ဈေးကွက်ထဲမှာတော့ ၂၀၁၃ခုနှစ် ဝန်းကျင်ထုတ် Ram 1500 တွေ လွယ်လွယ်ရနိုင်ပြီး ရွေးချယ်နိုင်စရာ အများအပြား မဝင် ပေမယ့် ဈေးနှုန်းက ငြိမ်တာ တွေ့ရပြီး သိန်း ၄၆၀ အခေါ် ရှိပေမယ့် အင်ဂျင်စနစ် ကြီးနေမှုက အထူးကုန်စည်ခွန်မှာ များလာ နိုင်တာကြောင့် ဈေးက အကျဘက်မှာပဲ ရှိနိုင်ပါတယ်။

Loading