• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

by ဝေယံအောင်
25 July 2017
in Lifestyle
A A
ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ
4.5k
VIEWS
Share on FacebookShare on Twitter

၁။ ရော့ခ်ဂီတ မြတ်နိုးသူများ အတွက် Urban Talent : Rock ပြိုင်ပွဲကို ကမ္ဘာအေးဘုရားလမ်း၊ Myanmar Plaza အနီးရှိ Fusan basketball court တွင် ၂၉.၇.၂၀၁၇ ရက်နေ့ည ၆ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ Idiots_Band နှင့် တေးသံရှင် Raymond တို့ကလည်း ရော့ခ်သီချင်းများ ဖျော်ဖြေပေးသွားမည် ဖြစ်ပြီး ဝင်ကြေး အခမဲ့ ဖြစ်ကြောင်းသိရသည်။

၂။ စိတ်ကူးချိုချို စာအုပ်တိုက် ၁၈ နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲကို ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ ကြားတောရလမ်း၊ အဏ္ဏဝါဓမ္မာရုံတွင် ၁.၈.၂၀၁၇ မှ ၁၃.၈.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ စာအုပ်ဈေးရောင်းပွဲတွင် စိတ်ကူးချိုချို စာအုပ်တိုက်ထုတ် စာအုပ်များကို အထူးလျှော့ဈေးများဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီး အမှတ်တရလက်ဆောင် ပစ္စည်းများလည်း ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။

၃။ လူငယ်ဂီတပညာရှင်များ၏ Monsoon Classical Concert ကို ပြည်သူ့ဥယျာဉ်ရှိ Yangon Gallery တွင် ၂၇.၇.၂၀၁၇ ရက်နေ့ ည ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်ပြီး ဝင်ကြေးအခမဲ့ ဖြစ်ကြောင်း သိရသည်။

၄။ JobNet မှ ဦးစီးကျင်းပသော မြန်မာနိုင်ငံ၏ ပထမဦးဆုံး “Tech Career Expo 2017” ကို ကမ္ဘာအေးဘုရားလမ်းရှိ Sedona Hotel တွင် ၃၀.၇.၂၀၁၇ ရက် မနက် ၉ နာရီမှ စတင်ပြုလုပ်သွားမည် ဖြစ်သည်။ နည်းပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ဖုန်း ၀၉-၉၅၄၄၅၉၁၈၃ သို့ စုံစမ်းမေးမြန်း နိုင်ကြောင်း သိရသည်။

၅။ Malaysia Healthcare Myanmar မှ စီစဉ်သော Zumba ကပွဲကို ပြည်လမ်း၊ ပြည်သူ့ရင်ပြင်တွင် ၂၉.၇.၂၀၁၇ ရက်နေ့ မနက် ၆ နာရီမှ စတင်ပြုလုပ်သွားမည် ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှု ရှိစေရန် အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပြီး လက်ဆောင်ပစ္စည်းများလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

၆။ ဒုတိယအကြိမ် တန်ဖိုးသင့်အိမ်ရာ အထူးအရောင်းပြပွဲကို ပြည်လမ်းရှိ လှည်းတန်းစင်တာတွင် ၂၈.၇.၂၀၁၇ မှ ၃၀.၇.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ အရောင်းပြပွဲတွင် မြန်မာကျပ်ငွေ သိန်း ၁၅၀ မှစ၍ တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ဆောက်လုပ်ရေး ကုမ္ပဏီများက ဘဏ်နှင့် ချိတ်ဆက်ကာ ၁ နှစ် မှ ၁၅ နှစ် အတွင်း အရစ်ကျစနစ်ဖြင့် တိုက်ရိုက် ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

၇။ ပန်းချီ၊ ပန်းပုနှင့် ယွန်းပညာရှင်များ ပါဝင်သည့် မုတ်သုန်ရာသီ မြန်မာ့လက်မှု အနုပညာနှင့် ပန်းချီပန်းပု ပြပွဲကို ဒေါပုံမြို့နယ်၊ ရှုခင်းသာရှိ water boom တွင် ၁၉.၇.၂၀၁၇ မှ ၃၀.၉.၂၀၁၇ ရက်နေ့အထိ ပြုလုပ် သွားမည် ဖြစ်သည်။ ပန်းချီ၊ ပန်းပု၊ ယွန်းအနုပညာလက်ရာများနှင့် အတူ လက်မှုထုတ်ကုန်များကိုလည်း ပြသရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

၈။ ပန်းချီဆရာကြီး ဦးဘဉာဏ် နှစ် ၁၂၀ ပြည့် အထိမ်းအမှတ် ရန်ပုံငွေ ပန်းချီပြပွဲကို ပြည်လမ်း၊ အမျိုးသားပြတိုက်တွင် ၂၆.၇.၂၀၁၇ မှ ၂၉.၇.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ပန်းချီ ဦးဘဉာဏ်၏ သားမြေးတပည့် ပန်းချီဆရာများက ၎င်းတို့၏ ပန်းချီကားများကို ပြသ ရောင်းချသွားမည် ဖြစ်ပြီး ပန်းချီကားရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းကို ပန်းချီ ဦးဘဉာဏ်ရန်ပုံငွေ အတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
139
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

၉။ ပန်းချီကိုစိုင်း၏ FORM, COLOR & SPACE ပန်းချီပြပွဲကို ပန်းဘဲတန်းမြို့နယ်၊ ၃၁ လမ်းရှိ Cloud 31 Art Gallery တွင် ၂၉.၇.၂၀၁၇ မှ ၁.၈.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် အခရိုင်းလစ်ပန်းချီကား ၂၀ ခန့် ပြသသွားမည် ဖြစ်ကြောင်းသိရသည်။

၁၀။ ပန်းချီကောင်းကျော်ခိုင်၏ At The Tea Shop ပန်းချီပြပွဲကို ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းရှိ Nawaday Tharlar ပန်းချီပြခန်းတွင် ၂၂.၇.၂၀၁၇ မှ ၂၈.၇.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လက်ဖက်ရည်ဆိုင်နှင့် မြန်မာလူမှုဘဝကူးလူးဆက်နွယ်ပုံများကို တင်ပြထားသည့် ပန်းချီကား ၁၀ ကားကျော် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ ။

Your Thoughts …
Tags: ရန်ကုန်မှာ လည်ပတ်စရာ
ဝေယံအောင်

ဝေယံအောင်

ဧရာဝတီ

Similar Picks:

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

by ဝေယံအောင်
22 August 2017
5.1k

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ လျော့နည်းစေရန် ရည်ရွယ်သည့် Clean Yangon Campaign (August) ကို ကမာရွတ်မြို့နယ်၊ လှည်းတန်းတွင် ၂၇.၈.၂၀၁၇ ရက်နေ့ နေ့လည် ၂ နာရီခွဲတွင် ပြုလုပ်သွားမည် ဖြစ်သည်။

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

by ဝေယံအောင်
17 October 2017
45.9k

ပန်းချီဆရာကြီး ဦးအမ်တင်အေး ကွယ်လွန်ခြင်း ၁၉ နှစ်ပြည့်အထိမ်းအမှတ်ပန်းချီပြပွဲကို နှင်းဆီကုန်းဘိုးဘွား ရိပ်သာရှိ နှင်းဆီမြိုင်ပန်းချီပြခန်းတွင် ၁၄.၁၀.၂၀၁၇ မှ ၂၀.၁၀.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

ဒီတပတ် ရန်ကုန်မှာလည်ပတ်စရာ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

by ဝေယံအောင်
2 May 2018
15k

တိုက်ပွဲရှောင် ပြည်သူများနှင့် လူမှုကရုဏာ လုပ်ငန်းများ အတွက် ရည်ရွယ်၍ ကြက်ခြေနီရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ပြည်သူ့ဥယျာဉ်တွင် ၅.၅.၂၀၁၈ မှ ၆.၅.၂၀၁၈ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

by ဝေယံအောင်
10 October 2017
8.1k

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကြီးမှူးကျင်းပသည့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို ကမ္ဘာ အေးဘုရားလမ်းရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် ၁၃.၁၀.၂၀၁၇ ရက်နေ့ ပြုလုပ်သွားမည်ဖြစ်သည်။

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

by ဝေယံအောင်
14 November 2017
7k

ပန်းချီခင်မောင်ရင် အမှတ်တရ ပန်းချီပြပွဲကို ကျောက်တံတာမြို့နယ် ၃၅ လမ်းရှိ၊ Moon Art Gallery တွင် ၁၁.၁၁.၂၀၁၇ မှ ၁၇.၁၁.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

by ဝေယံအောင်
24 October 2017
4.9k

ပန်းချီဦးလွန်းကြွယ်မိသားစု၏ The 5th Grand Art Stream 2017 (Lun Family Art Exihibition) ပန်း ချီပြပွဲကို ပြည်သူ့ဥယျာဉ်ရှိ Yangon Gallery တွင် ၂၈.၁၀.၂၀၁၇ မှ ၃၀.၁၀.၂၀၁၇...

Next Post
ရာသီတုပ်ကွေးရောဂါ ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့် အမျိုးသား တဦးတို့ ဇူလိုင်လ ၂၄ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သေဆုံးခဲ့သည်။ / မျိုးမင်းစိုး / ဧရာဝတီ

အသစ်ရောက်လာသော H1N1 ဝေဒနာသည် ၂ ဦးသေဆုံး

ဘယ်တော့မှ မမှားဘူး

ဘယ်တော့မှ မမှားဘူး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved