• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

“ဒါရိုက်တာ အလုပ်က အရမ်းကို တာဝန်ကြီးတယ်”လို့ မင်းဦး ပြော

by ချစ်ပိုး
30 May 2019
in Lifestyle
A A
သရုပ်ဆောင် မင်းဦး / ချစ်ပိုး / ဧရာဝတီ

သရုပ်ဆောင် မင်းဦး / ချစ်ပိုး / ဧရာဝတီ

6.9k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် ဘယ်လောက် ကောင်းကောင်း ဒါရိုက်တာ စီစဉ်ညွှန်ကြားမှု သင်ပြမှုက သိပ်အဆင်မပြေဘူး ဆိုရင် ဇာတ်ကား ထင်သလောက် မကောင်းနိုင်ဘူးလို့ အခုနောက်ပိုင်း ဒါရိုက်တာအဖြစ်ပါ လုပ်ဆောင်နေတဲ့ သရုပ်ဆောင် မင်းဦးက ပြောပါတယ်။

“အခုလောလောဆယ်တော့ ဇာတ်လမ်းတွဲလေး ရိုက်နေတာပေါ့။ အက်ရှင် ကားလေးပါပဲ။ ကျနော်က Actor ပါ။ ဒါရိုက်တာလို့ ပြောရအောင်လည်း ဒါရိုက်တာအလုပ်က တပိုင်းတစပဲ ရှိပါသေးတယ်။ Actor ဘယ်လောက် ကောင်းကောင်း ဒါရိုက်တာ စီစဉ်ညွှန်ကြားမှု သင်ပြမှုက သိပ်အဆင်မပြေဘူးဆိုရင် ကျနော့်အထင် ဇာတ်ကား ထင်သလောက် ကောင်းမလာနိုင်ဘူးလေ။ ဒါရိုက်တာ အခန်းကဏ္ဍ အရေးကြီးတယ်လို့ ကျနော် ထင်တယ်။ ကျနော် အကယ်ဒမီ ရခဲ့တဲ့ ‘နင်စေရင်’ ဆိုရင် ဒါရိုက်တာ ပြောတဲ့အတိုင်း အကုန်လုပ်တယ်” လို့ မင်းဦးက ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကား တကား ဖန်တီးရိုက်ကူးရာမှာ ဒါရိုက်တာရဲ့ အလုပ်က တာဝန်ကြီးတဲ့ အကြောင်းကိုလည်း မင်းဦးက အခုလိုပဲ ပြောပါတယ်။

“သူခိုင်းတဲ့အတိုင်း အကုန် ကြိုးစားလုပ်တယ်။ ပိုလည်း မလုပ်ဘူး။ ပြောရမယ်ဆိုရင် သရုပ်ဆောင်ဆိုတာက ဇာတ်ကားတကားမှာ ကိုယ်ပါဝင်ရမယ့် ကာရိုက်တာအရ သရုပ်ဆောင်ပိုင်း၊ အဝတ်အစားပိုင်း စသဖြင့် စဉ်းစားပြီးရင် ရပြီ။ ဒါရိုက်တာကျတော့ အရင်ဦးဆုံး တာဝန်ယူရတာက ပရိုဂျူဆာကို ဒီဇာတ်ကားကတော့ အဆင်ပြေမှာပါ စသဖြင့် တာဝန်ယူရတယ်။ နောက် သရုပ်ဆောင်တွေကို တာဝန်ယူရတယ်”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

“ညီမရေ၊ သမီးရေ ဒီဇာတ်ကားကတော့ နင်နဲ့လိုက်တယ်။ ဦးမင်းဦးက တာဝန်ယူတယ် စသဖြင့် တယောက်ချင်းစီကို တာဝန်ယူရတယ်။ ဇာတ်တခုလုံးပေါ်မှာလည်း တာဝန်ယူရတာ ဆိုတော့ ဒါရိုက်တာ အလုပ်က အရမ်းကို တာဝန်ကြီးတယ်”လို့ မင်းဦးက ရှင်းပြပါတယ်။

ဒါရိုက်တာတိုင်းကို လေးစားတယ်ဆိုတဲ့ သရုပ်ဆောင် မင်းဦးက အနုပညာတခု ဖန်တီးတယ်ဆိုတာ လွယ်လွယ်လေးနဲ့ ဖြစ်မလာနိုင်ဘူးလို့ ဆိုပါတယ်။

“တကယ်တမ်းကျတော့ အနုပညာဆိုတာက ကျနော့်အမြင် ပြောရမယ်ဆိုရင် တကယ်ကို မလွယ်ဘူး။ ခက်ခဲတယ်။ ကျနော်ဆိုရင် ဒီစိတ်နဲ့ နေနေရတယ်။ ဇာတ်ကားပေါ်မှာပဲ စိတ်နှစ်ထားပြီးတော့ ငါဘယ်လို လုပ်ရင်ကောင်းမလဲ၊ ဇာတ်ကောင် တခုချင်းစီအပေါ်မှာ ဘယ်လိုလေးသွားရင် ကောင်းမလဲ၊ ဘယ်လို ကင်မရာ ဆိုရင်တော့ ပိုကောင်းမလဲ စသဖြင့် အသေးစိတ်က အစ လုပ်ချင်တာကြောင့် တချိန်လုံး ခေါင်းထဲ ထည့်ထားရတယ်။ အဲ့ဒါကြောင့် အနုပညာတခု ဖန်တီးတယ်ဆိုတာက လွယ်လွယ်လေးနဲ့ ဖြစ်မလာနိုင်ဘူး”

“ကျနော့်ထက် တရက် စောပြီးတော့ ဒါရိုက်တာ ဖြစ်တဲ့သူတွေကိုလည်း လေးစားတယ်။ တကယ်ပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါရိုက်တာအလုပ် ဆိုတာက ဇာတ်ကားတကား မရိုက်ခင်ရော၊ ရိုက်နေတဲ့အချိန်ရော၊ ရိုက်ပြီးသွားတဲ့ အချိန်၊ ရုံတင်တဲ့ အချိန်ထိပါ တကယ်ကို မလွယ်တဲ့ ကိစ္စပါ။ အဲဒါကြောင့် တကယ်ကို ချီးကျူးပါတယ်။ နှစ်ရှည်လများ ဒါရိုက်တာအနေနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေကို တကယ်ကို လေးစားတယ်”လို့ မင်းဦးက ပြောပါတယ်။

သရုပ်ဆောင် မင်းဦးဟာ ၂၀၁၆ ခုနှစ်မှာ အကယ်ဒမီဆု ရရှိခဲ့ပြီး လက်ရှိအချိန်ထိ ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်။ မင်းဦးဟာ လက်ရှိမှာ ဒါရိုက်တာအဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေပြီး ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ထားတဲ့ “ချူဆီ” ရုပ်ရှင်ကားကြီးကို ပရိသတ်တွေ အားပေးခဲ့ကြသလို မကြာခင်မှာလည်း သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး “ကိုယ်ပွား” ကိုလည်း ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

You may also like these stories:

ကာရိုက်တာတခုကို ပီပီပြင်ပြင်ပုံဖော်ဖို့ ခဲယဉ်းတယ်လို့ အိန္ဒြာကျော်ဇင် ပြော

ရုပ်ရှင်တခုတည်းမှာတင် အခန်းကဏ္ဍအမျိုးမျိုးကနေ ပါဝင်သရုပ်ဆောင်ခဲ့ကြသူများ

“John Wick 4” ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်မှာ ကြည့်ရှုနိုင်မည်

ဖျော်ဖြေပွဲတွေ ပြန်လုပ်မယ်လို့ အဆိုတော် Britney Spears အတည်ပြု

Your Thoughts …
Tags: ဒါရိုက်တာမင်းဦး
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အမေရိကန် အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ Bella Throne

ညစ်ညမ်းရုပ်ရှင်မှာ ဒါရိုက်တာ လုပ်ဦးမယ့် သရုပ်ဆောင် Bella Throne

by ရေဗန်
15 August 2019
6.4k

အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ Bella ဟာ ငယ်စဉ်ကတည်းက Disney ရုပ်ရှင်ချန်နယ်မှာ ကလေးသရုပ်ဆောင် ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို မဝေဖန်ရဲအောင် စစ်တပ် ခြိမ်းခြောက် (ရုပ်/သံ)

ရွေးကောက်ပွဲကို မဝေဖန်ရဲအောင် စစ်တပ် ခြိမ်းခြောက် (ရုပ်/သံ)

by ဧရာဝတီ
30 October 2025
126

ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းကို ဝေဖန်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက် ပါတယ်။

“ဒုလ္လဘကိုယ်တော်” ရုပ်သံဇာတ်လမ်း / Min Taw Win's Facebook

“ဒုလ္လဘကိုယ်တော်” ရုပ်သံဇာတ်လမ်းအကြောင်း ပြောပြတဲ့ မင်းတော်ဝင်

by ချစ်ပိုး
7 December 2020
5.5k

“လွန်ခဲ့တဲ့ နှစ် ၂၀ က စစ်ကိုင်းချောင်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်၊ ဒီကိုယ်တော်နဲ့အတူ ရှိတဲ့ ကိုယ်တော်တပါးကတော့ ကျောင်းထိုင်ဆရာတော် ဖြစ်နေပြီ။

သရုပ်ဆောင် တိုင်ရွန် / Tyron Bejay's Facebook

“ယုန်လေးက ပရိသတ်နဲ့ တသားတည်းရှိတဲ့ ဒါရိုက်တာပါ”လို့ တိုင်ရွန် ပြော

by ချစ်ပိုး
21 June 2019
7.3k

"အသစ်တစ်ယောက်က ဘာလို့ ဒီကားထဲ ဘာလို့ ဗီလိန် လုပ်တာလဲလို့ မေးကြတယ်။ ကျနော် ဘာပြန်ပြောရမလဲ၊ ကျနော် ဝါသနာပါတဲ့ အနုပညာကို အကောင်းဆုံး သရုပ်ဖော်ရုံ သက်သက်ပါ။

“အောင်ဆန်း”ရုပ်ရှင် စတင် ရိုက်ကူးခြင်း အခမ်းအနား  / ဧရာဝတီ

“ဗိုလ်ချုပ်ရုပ်ရှင်ကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တဲ့နေရာမှာ အသုံးချမှာ စိုးရိမ်တယ်”

by ဧရာဝတီ
9 June 2021
12.3k

ကျနော့်အနေနဲ့လည်း ဒီရုပ်ရှင်ကို စစ်ကောင်စီရဲ့ ဝါဒဖြန့်ရုပ်ရှင် အဖြစ် အသုံးချခံရတာမှာကို ပြင်းထန်စွာ ကန့်ကွက်ပါတယ်”လို့ ပြောပါတယ်။

သရုပ်ဆောင်မေသန်းနုနဲ့ သားဖြစ်သူ မင်းသန့်မောင်မောင် / Zin Yaw Mg's Facebook

သားဖြစ်သူ မင်းသန့်မောင်မောင်ကို ဒါရိုက်တာအဖြစ်နဲ့ပဲ အောင်မြင်စေချင်တဲ့ မေသန်းနု

by မန်းသူ
28 March 2019
10.9k

ကလေးကလည်း ဒီတယောက်တည်းရှိတဲ့အတွက် အောင်မြင်တဲ့ ဒါရိုက်တာဖြစ်စေချင်တယ်။ မဆင့်ကလည်း ဒါရိုက်တာဖြစ်ဖို့ကို အားပေးမယ်။ ကလေးကလည်း ဝါသနာပါတယ်လေ။

Next Post
ဒါရိုက်တာ ဏကြီး / ယုဖြူဟန် / ဧရာဝတီ

မိုးမိုး (အင်းလျား) ရဲ့"ငြိမ်းကိုရှက်ပါ" ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတဲ့ ဒါရိုက်တာ ဏကြီး

EXO အဖွဲ့ဝင် D.O

ဇူလိုင်လမှာ စစ်မှုထမ်းဆောင်တော့မယ့် EXO အဖွဲ့ဝင် D.O

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved