Entertainment

ညစ်ညမ်းရုပ်ရှင်မှာ ဒါရိုက်တာ လုပ်ဦးမယ့် သရုပ်ဆောင် Bella Throne

Want create site? Find Free WordPress Themes and plugins.

အမေရိကန် အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ Bella Throne ဟာ ကမ္ဘာကျော် ညစ်ညမ်းဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Pornhub အတွက် ရုပ်ရှင်တကား ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ Bella ဟာ ငယ်စဉ်ကတည်းက Disney ရုပ်ရှင်ချန်နယ်မှာ ကလေးသရုပ်ဆောင် ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

Her & Him လို့ အမည်ရတဲ့ အဲဒီ ရုပ်ရှင်ဇာတ်ကားဟာ ရိုမီယိုနဲ့ ဂျူးလိယက် ဇာတ်လမ်းကို မှီးငြမ်းထားတဲ့ အပြာရုပ်ရှင်ဖြစ်တယ်လို့ Pornhub ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

” Bella နဲ့ ပူးပေါင်းပြီး အလုပ်လုပ်ခွင့်ရလို့ ဝမ်းသာပါတယ်။ သူမရဲ့ စိတ်ကူးစိတ်သန်းတွေက အရမ်း ဆန်းသစ်တယ်။ ကြည့်ရှုသူတွေ သဘောကျမှာပါ ” လို့ Pornhub ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Corey Price က ပြောပါတယ်။

” Pornhub နဲ့ အလုပ်တွဲပြီး လုပ်ရမယ်ဆိုတော့ အရမ်းကို ဝမ်းသာပါတယ်။ လူတော်တော်များများက ဒီလို ရုပ်ရှင်တွေ ရိုက်ရမှာကို ကြောက်ကြတယ်။ ကျမကတော့ သဘောကျပါတယ်။ ဒီကားမှာ ချစ်တင်းနှောတဲ့ အခန်းတွေ အများကြီး ပါဝင်တယ်လေ။ ကျမ တခါမှတော့ မရိုက်ဖူးဘူး။ ဒါပေမယ့် ပျော်ဖို့ ကောင်းမှာပါ ” လို့ Bella က ပြောပါတယ်။

Disney ရဲ့ သရုပ်ဆောင်ဟောင်းဖြစ်တဲ့ Bella က “ကျမက ယောကျာ်း၊ မိန်းမရယ်လို့ သီးသန့်ခွဲထားတာမျိုး မရှိပါဘူး။ ကျမသဘောကျရင် ပီးတာပဲ ” လို့ CNN သတင်းဌာနက ပြုလုပ်တဲ့ အင်တာဗျူး တခုမှာ သူ့ကိုယ်သူ ကျားမမရွေး လိင်ဆက်ဆံသူ (Pansexual) လို့ ပြီးခဲ့တဲ့ ဇူလိုင်လက ဝန်ခံထားပါသေးတယ်။

Ref;CNN

You may also like these stories:

Wi-Fi မှာ ညစ်ညမ်းဆိုဒ်တွေ ပိတ်သွားမှာဖြစ်ကြောင်း Starbucks ကြေညာ

ဆိုးရွားတဲ့ သမီးရည်းစား ဆက်ဆံရေးတွေကို ထည့်သွင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်များ

Did you find apk for android? You can find new Free Android Games and apps.
Loading