• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“Avengers 4” ရုပ်ရှင်မှာ Captain America အဖြစ် နောက်ဆုံး မြင်တွေ့ရမယ့် မင်းသား Chris Evans

by မစ်ကီ
24 March 2018
in Entertainment
A A
“Avengers 4” မှာ Captain America အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Chris Evans

“Avengers 4” မှာ Captain America အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Chris Evans

8.6k
VIEWS
Share on FacebookShare on Twitter

မင်းသား Chris Evans ကို Captain America အနေနဲ့ မြင်တွေ့ရဖို့ ရက်တွေကို ရေတွက်ရတော့မှာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက သူရဲကောင်း တယောက်အနေနဲ့ သရုပ်ဆောင်ထားတဲ့ “Captain America: The First Avenger” ရုပ်ရှင်နဲ့ ပွဲဦးထွက်ခဲ့တဲ့ အသက် ၃၆ နှစ်အရွယ်၊ မင်းသား Chris ဟာ “Avengers 4” ရုပ်ရှင်ပြီးရင်တော့ သူ့ရဲ့ Captain America ဒိုင်းကို လက်လွတ်ဖို့ စီစဉ်ထားပါတယ်လို့ ပြောကြားလိုက်ပါတယ်။

နောက်ထပ်လုပ်မယ့် အနုပညာအလုပ်တွေ အကြောင်း New York Times သတင်းစာနဲ့ ပြောဆိုခဲ့ရာမှာ “Snowpiercer” ရုပ်ရှင်စတား မင်းသား Chris က “Avengers: Infinity War” နဲ့ “Avengers 4” ရုပ်ရှင် ပြီးရင်တော့ အဲဒီနောက်ပိုင်း နောက်ဆက်တွဲ ရုပ်ရှင်တွေမှာ ပြန်လည်ပါဝင်လာဖို့ အစီအစဉ် မရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ သူက “သူတို့ ကန်မထုတ်ခင်မှာ ရထားပေါ်ကနေ ဆင်းရမှာပဲလေ” လို့ ပြောပါတယ်။

“Infinity War” နဲ့ “Avengers 4” ရုပ်ရှင်တို့မှာ တချို့စူပါဟီးရိုး ဇာတ်ကောင်တွေအတွက် နောက်ဆုံးပါဝင်ခြင်း ဆိုတဲ့ ကောလာဟလသတင်းတွေ ရှိခဲ့ပေမယ့် Marvel ကတော့ ဘယ်ဇာတ်ကောင်ဖြစ်တယ် ဆိုတာကို တရားဝင် ထုတ်မပြောသေးပါဘူး။ မင်းသား Chris နဲ့ တွဲဖက်သရုပ်ဆောင်တဲ့ မင်းသား Robert Downey Jr. ကတော့ မဟာ ဗီလိန်ကြီး Thanos နဲ့ ထိပ်တိုက်တွေ့မယ့် ရုပ်ရှင်မှာ Avenger အဖွဲ့ဝင်တွေ အားလုံး အသက်ရှင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မင်းသား Chris ရဲ့ ကြေညာချက်ကတော့ နောက်ဆက်တွဲ ဇာတ်လမ်းတွေကနေ နုတ်ထွက်မယ့် သူ့အစီအစဉ်နဲ့ သူ့ရဲ့ ထင်မြင်ချက်ကို အတည်ပြုခဲ့ပုံ ရပါတယ်။ Comic စာအုပ်တွေထဲမှာတော့ သူသရုပ်ဆောင်ထားတဲ့ Steve Rogers ဇာတ်ရုပ်ဟာ Captain America တယောက် ဖြစ်ပြီး Winter Soldier နဲ့ Falcon တို့ဟာ သူ့ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်မယ့်သူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
138
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Captain America: The Winter Soldier” ရုပ်ရှင်မှာတော့ နှစ်ပေါင်းများစွာကြာ သေဆုံးခဲ့ပြီးနောက် ပြန်လည် ရှင်သန်လာတဲ့ Steve Rogers ဟာ ထပ်မံသေဆုံးခဲ့ပြီး သူ့နေရာမှာ Barnes ကို အစားထိုးမှာ ပရိသတ်တွေကတော့ စိုးရိမ်ခဲ့ကြပါတယ်။

မင်းသား Chris ရဲ့ ဇာတ်ရုပ်အတွက် အနာဂတ်က ဘယ်လိုပဲ ဖြစ်ဖြစ် ပရိသတ်တွေကတော့ လာမယ့် ဧပြီလ ၂၇ ရက်မှာ ကမ္ဘာတဝန်း ရုံတင်ပြသမယ့် “Avengers: Infinity War” ရုပ်ရှင်မှာ စူပါဟီးရိုးတယောက်အဖြစ် သူ့ရဲ့ နောက်ဆုံး သရုပ်ဆောင်ချက်တွေကို ကြည့်ရှုနိုင်ကြဦးမှာပါ။ နာမည် မပေးရသေးတဲ့ စတုတ္ထမြောက် Avenger ရုပ်ရှင်ကိုတော့ အမေရိကန် နိုင်ငံအတွင်း ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်နေ့မှာ ရုံတင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref ; aceshowbiz

Your Thoughts …
Tags: Captain AmericaChris Evans
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မင်းသား Chris Evans

Instagram မှာ ဝတ်လစ်စလစ်ပုံ မတော်တဆတင်မိခဲ့တဲ့ မင်းသား Chris Evans

by မစ်ကီ
14 September 2020
57k

ပရိသတ်တွေထောင်ထားတဲ့ အွန်လိုင်းစာမျက်နှာတွေက မင်းသားရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်ကို လေးစားကြဖို့နဲ့ သူ့ရဲ့ ဓာတ်ပုံတွေကို အွန်လိုင်းမှာ ရှာဖွေခြင်း မပြုကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကမ္ဘာကျော်မင်းသား Chris Evans

Captain America လို ခန္ဓာကိုယ်ပုံစံရအောင် မင်းသား Chris Evans ဘာတွေစားခဲ့လဲ

by ဟယ်လ်သင်
4 October 2018
8.4k

မင်းသား Chris Evans ဟာ နာရီပေါင်းများစွာ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ရတဲ့အပြင် နေ့စဉ် စားသောက်မှုပုံစံကိုလည်း ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။

မင်းသား Chris Evans

ညီမကို ကယ်တင်ခဲ့တဲ့ ကောင်လေးအတွက် ဒိုင်းအစစ် ပို့ပေးမယ့် Chris Evans

by မစ်ကီ
17 July 2020
9.5k

Avengers ပရိသတ်တဦးဖြစ်တဲ့ Bridger ထံ ဒိုင်းပို့ပေးမယ့်အကြောင်း မင်းသား Chris က “မင်းနဲ့ ထိုက်တန်ဖို့ Captain America ဒိုင်းအစစ်တခုကို ပို့ပေးမယ်” လို့ ပြောဆိုခဲ့ပါတယ်။

ပင့်ကူလူသား မင်းသား Holland နဲ့အတူ ပထမဆုံး သရုပ်ဆောင်ခဲ့တဲ့ Chris Evans

အကြိုက်ဆုံး စူပါဟီးရိုးမှာ ပင့်ကူလူသားလို့ Chris Evans ပြော

by မစ်ကီ
18 June 2020
3.7k

၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘Avengers: Endgame’ ရုပ်ရှင်မှာ မင်းသား Chris က Captain America အဖြစ် နောက်ဆုံး သရုပ်ဆောင်ထားပါတယ်။

Captain America အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Chris Evans

Captain America သရုပ်ဆောင်အဖြစ်မှ မင်းသား Chris Evans တရားဝင်နုတ်ထွက်

by မစ်ကီ
5 October 2018
7.2k

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့မှာတော့ Captain America အဖြစ်ကနေ တရားဝင် နုတ်ထွက်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။

မင်းသား Chris Evans ၊ ဂျန်နီဖာလောရန့်စ်၊ လီယိုနာဒိုဒီကာပရီယို

ဂျန်နီဖာလောရန့်စ်၊ လီယိုနာဒိုတို့နဲ့အတူ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်မှာ ပါဝင်လာမယ့် Chris Evans

by မစ်ကီ
15 December 2020
1.7k

အဲ့ဒီရုပ်ရှင်ကတော့ ကမ္ဘာကို ထိခိုက်စေမယ့် ဥက္ကာပျံတခုအကြောင်း လူတွေကို သတိပေးမယ့် အာကာသယာဉ်မှူးနှစ်ဦးအကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

Next Post
၂၀၁၇ ခုနှစ် အကယ်ဒမီပွဲမှာ တွေ့ရတဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်များ / မျိုးမင်းစိုး / ဧရာဝတီ

၂၀၁၇ ခုနှစ် အကယ်ဒမီ ပွဲတက်ဖက်ရှင် ဘာတွေ ထူးခြားသွားသလဲ

စက်ယက်ကန်းတွေကပဲ ဆိတ်ခွန်ရွာထဲမှာ စက်သံ တဂျိန်းဂျိန်းနဲ့ ဖြစ်နေပြီ / ကျော်ဆုမွန်

ငါးမည်ရ ပြည်ရွှေဘိုသို့ ခြေဦးလှည့်မိခြင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved