• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ပင့်ကူလူသားနဲ့ အခြားစူပါဟီးရိုးတွေရဲ့ ဖန်တီးရှင်ကြီး Stan Lee ကွယ်လွန်ပြီ

by မစ်ကီ
13 November 2018
in Entertainment
A A
ပင့်ကူလူသားနဲ့ စူပါဟီးရိုး ဖန်တီးရှင်ကြီး Stan Lee

ပင့်ကူလူသားနဲ့ စူပါဟီးရိုး ဖန်တီးရှင်ကြီး Stan Lee

25.4k
VIEWS
Share on FacebookShare on Twitter

ရုပ်ရှင်ရုပ်ဝင်ငွေစာရင်းမှာ အောင်မြင်မှုတွေရခဲ့တဲ့အပြင် ကမ္ဘာပေါ်များ လူကြိုက်အများဆုံး ကာတွန်း ဇာတ်ကောင် တွေဖြစ်တဲ့ Spider-Man (ပင့်ကူလူသား) ၊ Iron Man, the Hulk, Black Panther နဲ့ အခြား Marvel Comics စူပါဟီးရိုးတွေရဲ့ ဖန်တီးရှင်ကြီး Stan Lee ဟာ အသက် ၉၅ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့အကြောင်း သူ့ရဲ့ သမီးက နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

စာရေးသူ၊ အယ်ဒီတာတဦး အနေနဲ့ Lee ဟာ Jack Kirby နဲ့ Steve Ditko တို့လိုမျိုး အနုပညာရှင်တွေနဲ့အတူ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက Comic စာအုပ်တွေထဲမှာ Marvel ဆိုပြီး နာမည် ကျော်ကြားစေခဲ့တဲ့အထဲ သူဟာ အဓိက နေရာကနေ ပါဝင်ခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
140
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

သူဟာ လူငယ်စာဖတ် ပရိသတ်မျိုးဆက်သစ်တွေ အားကျကြတဲ့ စူပါဟီးရိုးတွေကို ဖန်တီးခဲ့ပါတယ်။ သမီးဖြစ်သူ J.C. Lee က “ဆက်လက်ဖန်တီးနေဖို့ဆိုတာ ပရိသတ်တွေအတွက် သူ့ရဲ့ တာဝန်တခုလို ခံစားခဲ့ရတာပါ။ သူ့ရဲ့ ဘဝကို သူချစ်ပါတယ်။ သူအသက်ရှင်ဖို့ လုပ်ခဲ့ရတာတွေကိုလည်း သူချစ်ပါတယ်။ သူ့မိသားစုကလည်း သူ့ကိုချစ်ပါတယ်။ ပြီးတော့ သူ့ရဲ့ ပရိသတ်တွေကလည်း သူ့ကိုချစ်ပါတယ်။ သူဟာ အစားထိုး မရပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

Lee ကွယ်လွန်ခဲ့တဲ့ အခြေအနေအကြောင်း သမီးဖြစ်သူက ပြောဆိုခဲ့တာ မရှိခဲ့ပေမယ့် TMZ မီဒီယာရဲ့ အဆိုအရ ဟောလိဝုဒ်မှာရှိတဲ့ သူ့ရဲ့ အိမ်ကို နိုဝင်ဘာ ၁၂ ရက် အစောပိုင်းက လူနာတင်ကား ခေါ်ခဲ့ပြီး Cedars-Sinai ဆေးကုသရေးစင်တာမှာ ကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။

Disney ဟာ Marvel Entertainment ကို ဒေါ်လာ ၄ ဘီလီယံနဲ့ ၂၀၀၉ ခုနှစ်မှာ ဝယ်ယူခဲ့ပြီး Lee ရဲ့ ဖန်တီးမှု လက်ရာတွေ ဖြစ်လာမယ့် ဇာတ်ကောင်တွေကို ဖန်တီးဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဆရာကြီး Lee ဟာ Marvel ရုပ်ရှင်တော်တော်များများမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။

၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Spider-Man” ရုပ်ရှင်ကနေ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Deadpool” ရုပ်ရှင်အထိ သရုပ်ဆောင်ခဲ့တာကိုတွေ့ရပါတယ်။ သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ လူမည်းစူပါဟီးရိုး “Black Panther” မှာလည်း လောင်းကစားရုံက အကြီးအကဲတဦးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

Marvel ရုပ်ရှင်တွေမှာ Captain America အဖြစ် သရုပ်ဆောင်ထားတဲ့မင်းသား Chris Evans က “နောက်ထပ် Stan Lee လိုမျိုး ပုဂ္ဂိုလ်ဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး။ ဆယ်စုနှစ်များစွာ သူဟာ စွန့်စားမှု၊ လွတ်မြောက်မှု၊ စိတ်သက်သာရာရမှု၊ စိတ်အားတက်ကြွမှု၊ စိတ်အင်အားယူမှု၊ စိတ်ခွန်အား၊ သူငယ်ချင်း စိတ်ဓာတ်နဲ့ ပျော်ရွှင်မှုတွေနဲ့အတူ လူကြီးလူငယ်တွေကို ထောက်ပံ့ပေးခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref: reuters

Your Thoughts …
Tags: Stan Lee
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

"Spider-Man: Into the Spider-Verse"  Animation ဇာတ်ကား

ပင့်ကူလူသား အသစ်တွေကို မိတ်ဆက်ခဲ့တဲ့ “Spider-Man: Into the Spider-Verse”

by ရေဗန်
17 December 2018
74.9k

ရိုက်ကူးထားတဲ့ ပုံစံက Comic စာအုပ်ကို ကိုယ်တိုင်ဖတ်နေရသလို ခံစားမှုမျိုးရအောင် ရိုက်ကူးထားတာကို တွေ့ရပါတယ်။ နောက်ခံတေးဂီတကိုလည်း ခမ်းနားစွာ အသုံးပြုထားပြီး ကပ္ပလီတွေရဲ့ ယဉ်ကျေးမှု စရိုက်ကို စနစ်တကျ ဖော်ပြထားပါတယ်။

Marvel ရုပ်ရှင်ဇာတ်ကားတွေရဲ့ ပဲ့ကိုင်ရှင် Stan Lee

အမေရိကန်နိုင်ငံမှာ Stan Lee နာမည်နဲ့ ဂုဏ်ပြု သတ်မှတ်ပေးမယ့် “Stan Lee Way”

by ရေဗန်
29 July 2019
6.5k

Stan Lee ဟာ Bronx စီရင်စု အတွင်းက DeWitt Clinton အထက်တန်းကျောင်းထွက် ဖြစ်တာကြောင့် အခုလို သူကြီးပြင်းလာတဲ့ လမ်းကို သူ့နာမည်နဲ့ ဂုဏ်ပြုပေးပြီး အမြဲအမှတ်ရနေစေတာလို့ သိရပါတယ်။

Next Post
ကမ္ဘာကျော် အဆိုတော် Miley Cyrus

အဆိုတော် Miley Cyrus ရဲ့အိမ် ကယ်လီဖိုးနီးယားတောမီးကြောင့် ပျက်စီးသွား

ဖောက်ထွင်းခံထားရသည့် နေအိမ်အိပ်ခန်းအတွင်းမှ မီးခံသေတ္တာ / မြောင်းမြရဲတပ်ဖွဲ့

မြောင်းမြတွင် သိန်း ၁၉၀၀ ကျော်ဖိုး ရွှေနှင့် ငွေများ ဖောက်ထွင်းခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved