• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အနုပညာလမ်းကြောင်းမှာ ပေါ်လိုက် ပျောက်လိုက်နဲ့ မုန့်လုံးရေပေါ် မဖြစ်ချင်တဲ့ မေမဒီ

by ယုဖြူဟန်
11 March 2019
in Entertainment
A A
အဆိုတော် မေမဒီ / ဝေဝေနှင်း / ဧရာဝတီ

အဆိုတော် မေမဒီ / ဝေဝေနှင်း / ဧရာဝတီ

10.9k
VIEWS
Share on FacebookShare on Twitter

Myanmar Idol Season 3 မှတဆင့် ပရိသတ်များရဲ့ချစ်ခင်မှုကို ရရှိခဲ့သူတဦးဖြစ်တဲ့ အဆိုတော် မေမဒီကတော့ အနုပညာလမ်းကြောင်းပေါ်မှာ ပေါ်လိုက်ပျောက်လိုက်နဲ့ မုန့်လုံးရေပေါ် မဖြစ်ချင်တဲ့အတွက် ပရိသတ်နဲ့ အဆက်မပြတ်အောင် နေတယ်လို့ ပြောပါတယ်။

“အခုဆိုရင် သီချင်းဆိုပြိုင်ပွဲတွေက အများကြီးဖြစ်လာပြီ။ အဆိုရှင်တွေလည်း နည်းတာ မဟုတ်ဘူး။ ပြိုင်ပွဲတခုပြီးရင် အဆိုတော်တွေ အများကြီး ထွက်သွားတယ်။ ဒါပေမဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ကျန်ခဲ့တဲ့သူက တအား နည်းတယ်။ အဲဒီလိုမျိုး ပေါ်လိုက် ပျောက်လိုက်နဲ့ မုန့်လုံးရေပေါ် မဖြစ်အောင် ကြိုးစားနေတယ်။ ပရိသတ်တွေနဲ့ အဆက်မပြတ် နေရအောင် အွန်လိုင်းမှာ ဓာတ်ပုံတွေ တင်ပေးတယ်။ ပရိသတ်တွေနဲ့ စကား အမြဲတမ်းပြောတယ်။ အွန်လိုင်းကနေ သီချင်းလေးတွေ Free တင်ပေးတယ်။ အဲဒီလိုလုပ်ပြီး ပရိသတ်နဲ့အဆက်မပြတ်နေနေရတယ်”လို့ မေမဒီကပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
91
သဇင်ပန်း

သဇင်ပန်း

10 January 2026
121
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
308

မကြာခင်မှာလည်း သူမကိုယ်တိုင် ရေးသားထားပြီး ဆိုဖီယာနဲ့ တွဲဖက် သီဆိုထားတဲ့ “ယာယီ” ဆိုတဲ့ သီချင်း ထွက်ဖို့ရှိတယ်လို့ ပြောပါတယ်။

“ညီမ ရေးထားတဲ့ ယာယီ ဆိုတဲ့သီချင်း ခပ်မိုက်မိုက်လေးပေါ့။ ယောကျ်ားလေးတွေကို သိပ်ဂရုမစိုက်တော့ဘူး ဆိုတဲ့ ပုံစံဆိုတော့ ဆိုဖီယာရဲ့ပုံစံမျိုး ဖြစ်နေတာပေါ့။ သူဆိုနေကျ ပုံစံမျိုးလည်း ဖြစ်တယ်။ သူနဲ့ လိုက်မယ်ထင်တယ်။ ညီမ တယောက်တည်းလည်း မဆိုချင်ဘူး။ နှစ်ယောက်ပေါင်းပြီး လုပ်လိုက်မယ်။ အိုင်ဒေါက ထွက်ထားတဲ့ မောင်နှမတွေဆိုတော့ တူတူ တွဲလုပ်ဖြစ်သွားတာ”လို့ မေမဒီက ပြောပါတယ်။

ဆိုဖီယာနဲ့ မေမဒီတို့ နှဟ်ဦးကတော့ ပြိုင်ပွဲမှာ Season ချင်း မတူပေမယ့် နှစ်ယောက်သားက အပြင်မှာလည်းတွဲဖြစ်ပြီး သီချင်းနဲ့လည်း လိုက်ဖက်မှုရှိတာကြောင့် လုပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

သီချင်းကို ကိုယ်တိုင် ဖန်တီးဖြစ်ပုံနဲ့ ပတ်သက်ပြီးတော့ “ရင်တွင်း ခံစားချက်ပါ။ ယာယီဆိုတော့ နည်းနည်းတော့ စဉ်းစားစရာ ဖြစ်လိမ့်မယ်။ ကောင်လေးတယောက်နဲ့ တွဲတယ်ပေါ့။ နင်နဲ့ ငါနဲ့က ယာယီတွဲတယ်ပေါ့။ အဲဒီလိုသဘောမျိုး။ လှည့်ကွက်တွေကို ကောင်မလေးက သိပြီးတော့ ဂရုမစိုက်တော့တာပေါ့။၂၀၁၇ မှာ ရေးဖြစ်တာ။ လုပ်ခဲ့တဲ့ သီချင်းဟောင်းတွေကို ပြန်ရှာရင်းနဲ့ ဒီသီချင်းလေးက လုပ်ရင် ပေါက်မယ်။ ဆိုဖီယာနဲ့လုပ်ရင် မိုက်မယ်ဆိုပြီး လုပ်ဖြစ်သွားတာပါ။ Music ကတော့ ကိုချမ်းအေးဝင်းတီးပေးတာပါ” လို့ မေမဒီက ပြောပါတယ်။

ပြိုင်ပွဲပြီးသွားကတည်းက သီချင်းများကို ဖန်တီးကာ ပြုလုပ်နေလျက်ရှိပြီး သီချင်းပေါက်တာကတော့ ပရိသတ်နဲ့ ခံစားချက်အတိုင်းပဲလို့ပြောပါတယ်။

“ကိုယ်လုပ်လိုက်တဲ့ အလုပ်တခုက ပေါ့ပျက်ပျက် မဖြစ်ဖို့ အရေးကြီးတယ်။ ပြီးစလွယ်ဆိုတာထက် တကယ် စေတနာပါဖို့ အရေးကြီးတယ်။ စေတနာပါတဲ့ အရာတော်တော်များများက အောင်မြင်သွားတာများတယ်။ ညီမလည်း ပရိသတ်ကို စေတနာအမှန်နဲ့ အလုပ်တွေ လုပ်ပေးတယ်”

“Facebook မှာ သီချင်းတွေ တင်တယ်။ ကိုယ့်အတွက် ဘာမှပြန်မရဘူး။ သူတို့တွေ သီချင်းတပုဒ်ကို နားထောင်ပြီး ပျော်ရွှင်ရတာပဲဖြစ်ဖြစ် မိုက်တယ်ဆိုပြီး ခံစားချက်နဲ့ တိုက်ဆိုင်သွားရင် ကျေနပ်တယ်။ အဲဒီတခုပဲရှိတယ်။ ဒီဘက်ခေတ်မှာ တနေ့ကို သီချင်းတွေက အများကြီးထွက်နေတာဆိုတော့ မပြောတတ်ဘူး။ ပရိသတ်တွေရဲ့ခံစားချက်အတိုင်းပေါ့” လို့ မေမဒီက ပြောပါတယ်။

မေမဒီကတော့ Myanmar Idol Season 3 ရဲ့ Topt 10 မှာ ပါဝင်ခဲ့ပြီး ပရိသတ်ချစ်တဲ့ အဆိုတော်တယောက် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Your Thoughts …
Tags: မေမဒီ
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

Myanmar Idol မှ အဆိုရှင်များဖြစ်တဲ့ မေမဒီ ၊ ပိုးမီ ၊ ယွန်း နဲ့ မူးလာ / ဝေဝေနှင်း / ဧရာဝတီ

ယုန်လေးရဲ့ Music Video နဲ့ ပတ်သက်ပြီး ရှင်းပြတဲ့ Myanmar Idol အဆိုရှင် ၄ ယောက်

by ယုဖြူဟန်
7 August 2020
29.1k

“နိုင်ငံရေးလုပ်ဖို့ မပြောနဲ့ ပါဝင်ပတ်သက်ဖို့တောင် တကယ်တမ်းကြောက်တယ်။ ဘာလို့ ကြောက်လဲ။ ကျနော်တို့ ပရိသတ်တွေ မုန်းမှာ အရမ်းကြောက်တယ်။

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင် မေမဒီ

လူမှုကွန်ရက်ပေါ်မှာ HD ထွက်လာတာနဲ့ ပတ်သက်ပြီး မေမဒီ ဘာပြောလဲ

by ယုဖြူဟန်
2 August 2018
28.2k

“အဲဒီဟာက ညီမက ပထမတုန်းက မသိဘူး။ သူငယ်ချင်းတွေနဲ့ Admin တွေရှိတယ်။ သူတို့တွေက လာပြတယ်။ ဒီလိုတွေဖြစ်နေပြီဆိုတာ အစကတော့ သူတို့ဘာသာသူတို့ ဖြေရှင်းနေတာ မရဘူး။

အဆိုတော် မေမဒီ  / ဝေဝေနှင်း / ဧရာဝတီ

တကိုယ်တော်ခွေအတွက် အကြွေးတွေ အများကြီး ရှိနေတဲ့ မေမဒီ

by ယုဖြူဟန်
8 August 2020
5.7k

“ကုန်ကျတာတော့ သေချာတော့ မတွက်ကြည့်ရသေးဘူး။ ရာကျော်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကြားထဲမှာ မှားခဲ့တဲ့ အမှားလေးတွေ ရှိတယ်။ အကောင်းဆုံး လုပ်ခဲ့တယ်။

အဆိုတော် ဆိုဖီယာ  /  ဝေဝေနှင်း / ဧရာဝတီ

မေမဒီနဲ့အတူ “ယာယီ” ဆိုတဲ့ သီချင်းအသစ် ဖန်တီးထားတဲ့ ဆိုဖီယာ

by ယုဖြူဟန်
8 March 2019
12k

“အိုင်ဒေါက လူတွေနဲ့ဆိုရင် ကို Rio နဲ့ သီချင်းလုပ်ပြီးပြီ။ အခုတော့ မေမဒီနဲ့ပေါ့။ နင်ဇီနဲ့လည်း သီချင်းလုပ်ဖို့ ရှိပါတယ်။ နင်ဇီမေနဲ့ကတော့ အသည်းကွဲသီချင်းလေး ဖြစ်မှာပါ။

Myanmar Idol Season 3 မှ အဆိုတော် မေမဒီ  / ယုဖြူဟန် / ဧရာဝတီ

၂၄ နာရီ အသည်းကွဲပြီး သီချင်းရေးတယ်လို့ ပြောတဲ့ အဆိုတော် မေမဒီ

by ယုဖြူဟန်
8 September 2019
7.1k

မေမဒီကတော့ ကိုယ်တိုင် သီချင်းရေးတော့မယ်ဆိုရင် သီချင်းရေးနေတဲ့ ကာလအတွင်း ဘယ်သီချင်းမှ နားမထောင်ဘဲ အတွေးတခုနဲ့ နေပြီး အတွေးထဲကအတိုင်း ရေးဖြစ်တယ်လို့ ဆိုပါတယ်။

Next Post
ကျိုက်ထီးရိုးတောင်ပေါ်မှ မူလတန်းကျောင်း ပြုပြင်ရန်လိုအပ် (ရုပ်/သံ)

ကျိုက်ထီးရိုးတောင်ပေါ်မှ မူလတန်းကျောင်း ပြုပြင်ရန်လိုအပ် (ရုပ်/သံ)

တနသာၤရီတိုင်း ဝန်ကြီးချုပ်ကိစ္စ သမ္မတရုံး ဘာပြောလဲ (ရုပ်/သံ)

တနသာၤရီတိုင်း ဝန်ကြီးချုပ်ကိစ္စ သမ္မတရုံး ဘာပြောလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved