• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

၂၄ နာရီ အသည်းကွဲပြီး သီချင်းရေးတယ်လို့ ပြောတဲ့ အဆိုတော် မေမဒီ

by ယုဖြူဟန်
8 September 2019
in Entertainment
A A
Myanmar Idol Season 3 မှ အဆိုတော် မေမဒီ  / ယုဖြူဟန် / ဧရာဝတီ

Myanmar Idol Season 3 မှ အဆိုတော် မေမဒီ / ယုဖြူဟန် / ဧရာဝတီ

7.1k
VIEWS
Share on FacebookShare on Twitter

Myanmar Idol သီချင်းဆိုပြိုင်ပွဲမှတဆင့် ပရိသတ်ရဲ့ အားပေးမှု ရရှိလာခဲ့တဲ့ အဆိုတော် မေမဒီကတော့ သီချင်းဆိုရုံသာမက ကိုယ်တိုင်လည်း သီချင်းရေးပြီး သီချင်းရေးတဲ့အခါ ၂၄ နာရီ အသည်းကွဲပြီး ရေးဖြစ်တယ်လို့ ပြောပါတယ်။

“ကိုယ်တိုင်ရေးတဲ့ သီချင်းဆိုရင်တော့ ၂၄ နာရီ အသည်းကွဲပြီး ရေးထားတာပေါ့။ သီချင်းတွေ ထွက်အောင် ၂၄ နာရီ ဒီလိုပဲ လုပ်ကွဲရတာပေါ့။ ပရိသတ်တွေမှာလည်း အသည်းနှလုံး ရှိတယ်။ အချစ်ဦးရှိပြီး ရင်ကွဲဖူးတဲ့သူတွေ တော်တော် များပါတယ်။ အသည်းကွဲသီချင်းကို ကိုယ်တိုင်လည်း ကြိုက်တော့ ရေးဖြစ်တယ်”လို့ အဆိုတော် မေမဒီက ပြောပါတယ်။

မေမဒီကတော့ ကိုယ်တိုင် သီချင်းရေးတော့မယ်ဆိုရင် သီချင်းရေးနေတဲ့ ကာလအတွင်း ဘယ်သီချင်းမှ နားမထောင်ဘဲ အတွေးတခုနဲ့ နေပြီး အတွေးထဲကအတိုင်း ရေးုဖြစ်တယ်လို့ ဆိုပါတယ်။

“သီချင်းရေးတော့မယ်ဆိုရင် ၁ ပတ် ၂ ပတ်လောက် ဘယ်သီချင်းမှ နားမထောင်ဘူး။ အတွေးတခုနဲ့ နေတယ်။ အဲဒီအတွေးကိုမှ အိပ်မက်မက်တာပေါ့။ ညဘက် အိပ်မပျော်ရင် ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို အိပ်မက်မက်လိုက်တယ်၊ တွေးလိုက်တယ်။ အိပ်မပျော်ရင် အဲ့အတွေးတွေကို ထရေးတာပေါ့”လို့ မေမဒီက ပြောပါတယ်။

တကိုယ်တော် အခွေကိုလည်း ပြင်ဆင်နေပြီး ကိုယ်တိုင်ရေး သီချင်းများနဲ့အတူ ၂၀၂၀ မှာ ထွက်ရှိနိုင်အောင်လုပ်နေတယ်လို့ သိရပါတယ်။

“တကိုယ်တော်အခွေကို တန်းလန်းဖြစ်နေတယ်။ အကုန်လုံးကို လက်စသတ် လိုက်ရင်တော့ ဒီ ၁၂ လပိုင်းလောက်မှာ ထွက်ရင်တော့ ထွက်နိုင်တယ်။ ဒါပေမဲ့ မကြိုက်မချင်း လုပ်ဦးမှာပါ။ ၂၀၂၀ လောက်တော့ ထွက်မှာပါ”လို့ မေမဒီက ပြောပါတယ်။

တကိုယ်တော် အခွေထဲမှာတော့ ၂၄ နာရီ အသည်းကွဲပြီး ရေးထားတဲ့သီချင်းများလည်း ပါဝင်မှာ ဖြစ်သလို ရသအစုံ ပါဝင်သွားမယ်လို့ သိရပါတယ်။

Myanmar Idol Season 3 မှ အဆိုတော် မေမဒီ (ဓာတ်ပုံ – ယုဖြူဟန်)

“အများဆုံးတော့ Mini Album ကျော်ကျော်လောက်ပါပဲ။ ၇ ပုဒ် ၊ ၈ ပုဒ်။ သီချင်းပုံစံကတော့ အများကြီးတော့ပါမယ်။ အခုလုပ်ထားတာက လိုင်းအများကြီး ရှိတယ်။ ညီမက တလိုင်းတည်းသွားမှာ မဟုတ်ဘူး။ ရသပေါင်းစုံ ခံစားရမယ်။ ဘယ်လိုပုံစံတွေပါမလား ဆိုတာကို မပြောနိုင်သေးဘူး။ အခွေထဲမှာ ၇ ပုဒ် ၊ ၈ ပုဒ်လောက်ပါမယ် ဆိုပေမယ့် ၁၅ ပုဒ်လောက် ပြင်ဆင်ရတော့ မပြောတတ်သေးဘူး”လို့ မေမဒီက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာလည်း ဂီတ သူငယ်ချင်းများနဲ့အတူ စီစဉ် သီဆိုထားတဲ့ ”FRIEND” ဆိုတဲ့ အခွေထဲမှာလည်း ကိုယ်တိုင်ရေးထားတဲ့ “လမ်းခွဲပေးမယ်” နဲ့ သီချင်းဟောင်းလေး ၁ ပုဒ်ဖြစ်တဲ့ “ချစ်ရတဲ့သူ” သီချင်းကို သီဆိုထားတယ်လို့ သိရပါတယ်။

“ချစ်ရတဲ့သူ” ဆိုတဲ့ သီချင်းဟောင်းကတော့ နှစ် ၃၀ လောက်ကြာပြီဖြစ်တဲ့အတွက် အခုလို ပြန်ဆိုရတဲ့ ခံစားချက်ကိုလည်း ပြောပြခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
138
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“ကိုယ်ဆိုရင်တော့ ကိုယ့်သီချင်းပါပဲ။ အရှေ့မှာ ဘယ်သူတွေပဲ ဆိုခဲ့ဆိုခဲ့ သူများနဲ့ မတူဘဲ ကိုယ့်ပုံစံနဲ့ ကိုယ်ဆိုနိုင်ရင် ကိုယ့်သီချင်းပဲ။ အရှေ့ကဆိုတဲ့ သူတွေနဲ့ မတူအောင် အရမ်းလည်း ကွဲသွားလို့ မရဘူး။ သီချင်းရဲ့ ရသ မပျောက်အောင် တေးရေးဆရာ ရေးထားတဲ့ သံစဉ်အတိုင်း စာသားတွေရဲ့ အဓိပ္ပာယ်အတိုင်း အဆင်ပြေအောင်တော့ ဆိုရတာပေါ့”လို့ မေမဒီက ပြောပါတယ်။

အဆိုတော် မေမဒီကတော့ Myanmar Idol Season 3 မှာ နောက်ဆုံး ဆန်ခါတင်ထိ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့ကာ လက်ရှိမှာလည်း သီချင်းများကို ဖန်တီး သီဆိုလျက် ရှိပါတယ်။

Your Thoughts …
Tags: Myanmar Idolမေမဒီအသည်းကွဲသီချင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

Myanmar Idol မှ အဆိုရှင်များဖြစ်တဲ့ မေမဒီ ၊ ပိုးမီ ၊ ယွန်း နဲ့ မူးလာ / ဝေဝေနှင်း / ဧရာဝတီ

ယုန်လေးရဲ့ Music Video နဲ့ ပတ်သက်ပြီး ရှင်းပြတဲ့ Myanmar Idol အဆိုရှင် ၄ ယောက်

by ယုဖြူဟန်
7 August 2020
29.1k

“နိုင်ငံရေးလုပ်ဖို့ မပြောနဲ့ ပါဝင်ပတ်သက်ဖို့တောင် တကယ်တမ်းကြောက်တယ်။ ဘာလို့ ကြောက်လဲ။ ကျနော်တို့ ပရိသတ်တွေ မုန်းမှာ အရမ်းကြောက်တယ်။

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင် မေမဒီ

လူမှုကွန်ရက်ပေါ်မှာ HD ထွက်လာတာနဲ့ ပတ်သက်ပြီး မေမဒီ ဘာပြောလဲ

by ယုဖြူဟန်
2 August 2018
28.2k

“အဲဒီဟာက ညီမက ပထမတုန်းက မသိဘူး။ သူငယ်ချင်းတွေနဲ့ Admin တွေရှိတယ်။ သူတို့တွေက လာပြတယ်။ ဒီလိုတွေဖြစ်နေပြီဆိုတာ အစကတော့ သူတို့ဘာသာသူတို့ ဖြေရှင်းနေတာ မရဘူး။

အဆိုတော် မိုင်းမိုင်ဆိုင်း  / Mai Mai Seng's Facebook

PDF တပ်ဖွဲ့ဝင် ဖြစ်ကြောင်း ပရိသတ်ကို အသိပေးခဲ့တဲ့ အဆိုတော် မိုင်းမိုင်ဆိုင်း

by ဧရာဝတီ
3 August 2021
17.9k

ကျနော့်လိုပဲ အားလုံး စွန့်လွှတ်ပြီး PDF ထဲ ဝင်လာသူ ညီအစ်ကို မောင်နှမများစွာ ရှိပါတယ်။ ကျနော့်ထက်တောင် အရင်းအနှီးကြီးတဲ့သူတွေ ဒုနဲ့ဒေးပါ။

Myanmar Idol Season 4 ပြိုင်ပွဲဝင်များ (ဓာတ်ပုံ - Myanmar Idol Facebook Page)

ပရိသတ်များ အားမရခဲ့တဲ့ “Myanmar Idol Season 4 ရဲ့ စိုးလွင်လွင် သီချင်းများ သီဆိုမှု ည”

by ယုဖြူဟန်
29 November 2019
19.7k

ယခင်က စိုးလွင်လွင် သီချင်းများနဲ့ ကြီးပြင်းခဲ့ပြီး ရင်းနှီးခဲ့သူများကတော့ အကြိုက်တွေ့ခဲ့ခြင်း မရှိဘဲ ဝေဖန်မှုများ ရှိနေတာလည်း တွေ့ရပါတယ်

အဆိုတော် ချမ်းမြေ့မောင်ချို  / Chan Myae Mg Cho's Facebook

ချမ်းမြေ့မောင်ချိုရဲ့ တကိုယ်တော်အခွေ တနှစ်ပြည့် ကျေးဇူးတင်စကား

by ယုဖြူဟန်
23 December 2020
22k

“အခုတော့ မောင်ချို့ရဲ့ Milestone လေးတွေရဲ့ နှုတ်ဖျားမှာ မောင်ချို့ Album ထဲကသီချင်းလေးတွေ စွဲထင်ခဲ့တာ ၁ နှစ်တောင် ပြည့်သွားခဲ့ပြီ။

Myanmar Idol Season 4 မှာ ပါဝင်မယ့် အကဲဖြတ်ဒိုင် ၃ ဦး / ယုဖြူဟန် / ဧရာဝတီ

Myanmar Idol Season 4 အတွက် အကဲဖြတ်ဒိုင်တွေကို ဘယ်လို ရွေးချယ်ခဲ့သလဲ 

by ယုဖြူဟန်
13 June 2019
17.2k

Myanmar Idol ပြိုင်ပွဲမှာ Season ၂ ခုဆက်တိုက် ဒိုင်အဖြစ် ပါဝင်ခဲ့တဲ့ မြန်မာပြည်သိန်းတန် ပါဝင်လာခြင်း မရှိတော့တာကြောင့် ပရိသတ်များရဲ့ ဝေဖန်မှုများလည်း ရှိနေခဲ့ပါတယ်။

Next Post
Myanmar Idol Season 3 မှ အဆိုတော် ငွေဇင်လှိုင်း  / ယုဖြူဟန် / ဧရာဝတီ

Myanmar Idol Season 4 ပြိုင်ပွဲဝင်များကို ဆိုရှယ်မီဒီယာ လျှော့သုံးဖို့ အကြံပေးတဲ့ ငွေဇင်လှိုင်း

မင်းသား Will Smith ရဲ့ အကောင်းဆုံး ဇာတ်ကားများ

Rotten Tomatoes ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ Will Smith ရဲ့ အကောင်းဆုံး ဇာတ်ကားများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved