• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ချမ်းမြေ့မောင်ချိုရဲ့ တကိုယ်တော်အခွေ တနှစ်ပြည့် ကျေးဇူးတင်စကား

by ယုဖြူဟန်
23 December 2020
in Entertainment
A A
အဆိုတော် ချမ်းမြေ့မောင်ချို  / Chan Myae Mg Cho's Facebook

အဆိုတော် ချမ်းမြေ့မောင်ချို / Chan Myae Mg Cho's Facebook

22k
VIEWS
Share on FacebookShare on Twitter

Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်ချစ်တဲ့ အဆိုတော်တယောက် ဖြစ်လာသူ “မောင်ချို” လို့ ချစ်စနိုးခေါ်ကြတဲ့ ချမ်းမြေ့မောင်ချိုကတော့ သူ့ရဲ့ပထမဆုံး တကိုယ်တော်အခွေ “ELEVEN” ထွက်ရှိခဲ့တာ တနှစ်ပြည့်သွားပြီ ဖြစ်တဲ့အတွက် အမှတ်တရများနဲ့ ကျေးဇူးတင်စကား ဆိုထားပါတယ်။

“ELEVEN Album တောင် ၁ နှစ်ပြည့်ခဲ့ပါပြီ။ ခေါင်းမာခဲ့တာတွေကို သည်းခံပေးခဲ့တဲ့ မေကြီးကိုလည်း ဒီကနေ ကန်တော့ပါတယ်။ အဲ့အချိန် အဝေးရောက်နေခဲ့တဲ့ ဖေကြီးလည်း အဝေးကနေ ခွန်အားပေးတဲ့အတွက်လည်း ဒီကနေ အရင်ကန်တော့ပါတယ်။ ဘာပဲဆုံးဖြတ် ဆုံးဖြတ် ငါ့ညီမ မှန်တယ် ချသာချဆိုပြီး အမြဲ ကိုယ့်ဘက် ရပ်တည်ပေးခဲ့တဲ့ ကိုကြီးကိုလည်း အရမ်းချစ်ပါတယ်”လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။

ဒီအခွေအတွက် အခက်အခဲ အများကြီး ကြုံခဲ့ရပြီး အစက Mini Album ပဲ ထုတ်မယ် စိတ်ကူးခဲ့ပေမယ့် ပွဲတွေ ဆိုလာရတဲ့အခါမှာ ဆိုစရာသီချင်း မရှိတာကြောင့် Album တခုအနေနဲ့ ဖြစ်လာခဲ့တာလို့ သိရပါတယ်။

အဆိုတော် ချမ်းမြေ့မောင်ချို (ဓာတ်ပုံ – Chan Myae Mg Cho’s Facebook)

“အဲ့တုန်းက ပွင့်ပွင့်လင်းလင်း ပြောရရင် အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။ သီချင်းရွေးတာကစလို့ သီချင်းသွင်းရင်ပဲဖြစ်ဖြစ်၊ ရတဲ့အချိန်မှာ ရသလို ပွဲတွေဆိုရင်း သွင်းခဲ့ပါတယ်။ အစက Mini Album ပဲ ထုတ်မယ် စိတ်ကူးခဲ့ပေမယ့် ပွဲတွေ ဆိုလာရတဲ့အခါမှာ ဆိုစရာသီချင်းတွေ မရှိလာခဲ့ဘူး။ အဲ့ဒါထက် ကိုယ့် စီနီယာတွေရဲ့ သီချင်းတွေဆိုရင် သူတို့သီချင်းတွေကို ပရိသတ်တွေ လိုက်ဆိုတဲ့အခါမှာ အရမ်း ကြည်နူးရပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး “အဲ့လိုတွေးနေတုန်း ဂျပန်-မြန်မာ ချစ်ကြည်ရေးပွဲမှာလည်း ဒဏ္ဍာရီ ၊ ရွာသာရွာပါမိုး ၊ သင့်အတွက်မနက်ဖြန် ဆိုတဲ့အချိန်မှာ ကွင်းထဲမှာရှိတဲ့ လူ အယောက် ၁၀၀၀၀ လောက်က လိုက်ဆိုခဲ့ကြတဲ့အတွက် ရင်ထဲမှာ အရမ်းပျော်ရွှင်ခဲ့ရတယ်။ ဝမ်းသာ မျက်ရည်ကျခဲ့တယ်။ အဲ့လိုပဲ ကိုယ့် စီနီယာတွေရဲ့သီချင်းတွေ၊ သူတို့တွေရဲ့ နှုတ်ခမ်းဖျားမှာ စွဲထင်နေတာတွေ ကြည့်ရင်း တနေ့ကျရင် ငါ့သီချင်းကိုလည်း လိုက်ဆိုနိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ အိပ်မက်လေးတခု မက်ခဲ့တယ်”လို့ ပြောပါတယ်။

အခွေထွက်ချင်စိတ်နဲ့ စိတ်လောခဲ့ပေမယ့် “အိပ်မက်” သီချင်းထွက်ပြီးနောက် ဘာမှ ထွက်မလာနိုင်ခဲ့ပေမယ့် သူ့ရဲ့ပရိသတ်တွေက နားလည်ပေးကြပြီး အခွေထွက်တဲ့အချိန်မှာ ကြိုးစားခဲ့သမျှ အရာထင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကိုယ်ပိုင်သီချင်းတွေ အများကြီး လုပ်ချင်တဲ့ စိတ်တွန်းအားလေး တခုကိုလည်း ရလိုက်ပါတယ်။ အဲ့ဒါကနေစလို့ Album ပဲထုတ်တော့မယ်ဆိုတဲ့ စိတ်လောနေခဲ့တာနဲ့ မတ်လ ၁ ရက်ကနေ အိပ်မက် သီချင်းပဲထွက်လိုက်ပြီးတော့ ဘာမှထွက်မလာနိုင်ခဲ့ပါဘူး။ အဲ့အချိန်မှာလည်းပဲ Milestones တွေက နားလည်ပေးပြီး တကယ့်တကယ် Album ထွက်လာတဲ့အချိန်မှာလည်း ဝယ်ယူ အားပေးကြတဲ့အတွက် မောင်ချို့ရဲ့ နှစ်တနှစ်လုံးစာ ကြိုးစားထားခဲ့သမျှ အရာထင်ခဲ့ပါတယ်”လို့ ချမ်းမြေ့မောင်ချိုက ဆိုပါတယ်။

အခွေထွက်ပြီး ၂ ပတ်အကြာ နယ်မှာ သီချင်းသွားဆိုခဲ့အခါမှာလည်း သူ့ရဲ့အခွေထဲက သီချင်းကို ပရိသတ်တွေက ကွင်းလုံးကျွတ် လိုက်ဆိုတာကို တွေ့လိုက်တဲ့အခါမှာလည်း မျက်ရည်ဝဲခဲ့ရတယ်ထိ ဖြစ်ခဲ့ပါတယ်။

အဆိုတော် ချမ်းမြေ့မောင်ချို (ဓာတ်ပုံ – Chan Myae Mg Cho’s Facebook)

“အခုတော့ မောင်ချို့ရဲ့ Milestone လေးတွေရဲ့ နှုတ်ဖျားမှာ မောင်ချို့ Album ထဲကသီချင်းလေးတွေ စွဲထင်ခဲ့တာ ၁ နှစ်တောင် ပြည့်သွားခဲ့ပြီ။ ပြိုင်ပွဲထဲက အခုအချိန်ထိ မထင်မှတ်ထားတဲ့ အားပေးချစ်ခင်မှုတွေနဲ့အတူ မောင်ချို့ကို အခုနေရာအထိ တွန်းတင်ပေးခဲ့တဲ့ Milestones အယောက်ချင်းစီတိုင်းနဲ့ မောင်ချို့ သူငယ်ချင်း၊ မောင်နှမများကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ချမ်းမြေ့မောင်ချိုက ပြောထားပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126
သဇင်ပန်း

သဇင်ပန်း

10 January 2026
136
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

ချမ်းမြေ့မောင်ချိုရဲ့ “ELEVEN” အခွေဟာ ပရိသတ်တွေကြားမှာ ပေါက်ခဲ့ရုံသာမက ယခုနှစ်အတွင်းမှာ ထွက်ခဲ့တဲ့ အဆိုတော် Ah Boy နဲ့အတူ ဆိုထားတဲ့ “အငွေ့အသက်များ” သီချင်းကလည်း Hit ဖြစ်ခဲ့ပါတယ်။

You may also like these stories:

၂၀၂၀ မှာ ကိုယ်ပိုင်သီချင်းတွေနဲ့ ဖျော်ဖြေမယ့် အဆိုတော် ချမ်းမြေ့မောင်ချို

အပျိုကြီးလုပ်ဖို့ စဉ်းစားထားတဲ့ ချမ်းမြေ့မောင်ချို

Your Thoughts …
Tags: Myanmar Idolချမ်းမြေ့မောင်ချိုတကိုယ်တော်ခွေ
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

Myanmar Idol မှ အဆိုရှင်များဖြစ်တဲ့ မေမဒီ ၊ ပိုးမီ ၊ ယွန်း နဲ့ မူးလာ / ဝေဝေနှင်း / ဧရာဝတီ

ယုန်လေးရဲ့ Music Video နဲ့ ပတ်သက်ပြီး ရှင်းပြတဲ့ Myanmar Idol အဆိုရှင် ၄ ယောက်

by ယုဖြူဟန်
7 August 2020
29.1k

“နိုင်ငံရေးလုပ်ဖို့ မပြောနဲ့ ပါဝင်ပတ်သက်ဖို့တောင် တကယ်တမ်းကြောက်တယ်။ ဘာလို့ ကြောက်လဲ။ ကျနော်တို့ ပရိသတ်တွေ မုန်းမှာ အရမ်းကြောက်တယ်။

အဆိုတော် မိုင်းမိုင်ဆိုင်း  / Mai Mai Seng's Facebook

PDF တပ်ဖွဲ့ဝင် ဖြစ်ကြောင်း ပရိသတ်ကို အသိပေးခဲ့တဲ့ အဆိုတော် မိုင်းမိုင်ဆိုင်း

by ဧရာဝတီ
3 August 2021
17.9k

ကျနော့်လိုပဲ အားလုံး စွန့်လွှတ်ပြီး PDF ထဲ ဝင်လာသူ ညီအစ်ကို မောင်နှမများစွာ ရှိပါတယ်။ ကျနော့်ထက်တောင် အရင်းအနှီးကြီးတဲ့သူတွေ ဒုနဲ့ဒေးပါ။

Myanmar Idol Season 4 ပြိုင်ပွဲဝင်များ (ဓာတ်ပုံ - Myanmar Idol Facebook Page)

ပရိသတ်များ အားမရခဲ့တဲ့ “Myanmar Idol Season 4 ရဲ့ စိုးလွင်လွင် သီချင်းများ သီဆိုမှု ည”

by ယုဖြူဟန်
29 November 2019
19.7k

ယခင်က စိုးလွင်လွင် သီချင်းများနဲ့ ကြီးပြင်းခဲ့ပြီး ရင်းနှီးခဲ့သူများကတော့ အကြိုက်တွေ့ခဲ့ခြင်း မရှိဘဲ ဝေဖန်မှုများ ရှိနေတာလည်း တွေ့ရပါတယ်

Shwe FM (၉) နှစ်ပြည့်ပွဲမှာ တွေ့ရတဲ့ ချမ်းမြေ့မောင်ချို  / Chan Myae Mg Cho's Facebook

အပျိုကြီးလုပ်ဖို့ စဉ်းစားထားတဲ့ ချမ်းမြေ့မောင်ချို

by ချစ်ပိုး
20 December 2018
15.5k

အဆိုတော်ဖြစ်ဖို့ ကြိုးစားနေတာဆိုတော့ အဆိုတော် တယောက်အနေနဲ့ ခိုင်ခိုင်မာမာဖြစ်ပြီဆိုမှ ရုပ်ရှင်ရိုက်ဖို့ စဉ်းစားမယ်”

အဆိုတော် ငဲငယ်လေး  / ဧရာဝတီ

“Twenty” အယ်လ်ဘမ်ထွက်ဖို့ ဖခင် ချစ်စမ်းမောင်နဲ့ အငြင်းအခုန်တွေ ဖြစ်ခဲ့ရတဲ့ ငဲငယ်လေး

by ချစ်ပိုး
17 February 2020
5.4k

“စီးပွားရေးအတွက် ကြည့်မယ်ဆိုရင် ကျိန်းသေပေါက် ရှုံးမှာပဲဆိုပေမယ့် ငယ်လေးအတွက်တော့ ဒုတိယ အယ်လ်ဘမ် ထွက်တယ်ဆိုတာ ဘဝအတွက် မှတ်တိုင်တခုပေါ့။

Myanmar Idol Season 4 မှာ ပါဝင်မယ့် အကဲဖြတ်ဒိုင် ၃ ဦး / ယုဖြူဟန် / ဧရာဝတီ

Myanmar Idol Season 4 အတွက် အကဲဖြတ်ဒိုင်တွေကို ဘယ်လို ရွေးချယ်ခဲ့သလဲ 

by ယုဖြူဟန်
13 June 2019
17.2k

Myanmar Idol ပြိုင်ပွဲမှာ Season ၂ ခုဆက်တိုက် ဒိုင်အဖြစ် ပါဝင်ခဲ့တဲ့ မြန်မာပြည်သိန်းတန် ပါဝင်လာခြင်း မရှိတော့တာကြောင့် ပရိသတ်များရဲ့ ဝေဖန်မှုများလည်း ရှိနေခဲ့ပါတယ်။

Next Post
SSPP/SSA တပ်ဖွဲ့ဝင်များ  / SSPP info

သီပေါ၌ ကလေးငယ်ကို အဓမ္မကျင့် သတ်သူအား SSPP က လူထုရှေ့တွင် သေဒဏ်စီရင်

အလှမယ် ဂုဏ်ရည်အေးကျော်  / Gonyi Aye Kyaw's Facebook

“၂၀၂၀ က ကောင်းတဲ့ နှစ်တနှစ်ပါ”လို့ ဂုဏ်ရည်အေးကျော် ဆို

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved