• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အကယ်ဒမီနဲ့ ပတ်သက်ပြီး “ကံပါရင် ရမှာပဲ”လို့ ပြောတဲ့ အောင်ရဲလင်း

by ချစ်ပိုး
18 March 2019
in Entertainment
A A
သရုပ်ဆောင် အောင်ရဲလင်း  / ဇော်ဇော် / ဧရာဝတီ

သရုပ်ဆောင် အောင်ရဲလင်း / ဇော်ဇော် / ဧရာဝတီ

8.8k
VIEWS
Share on FacebookShare on Twitter

ပရိသတ်တွေကြားမှာ နာမည်ကြီး၊ လူကြိုက်များတဲ့ မင်းသားချော အောင်ရဲလင်းက ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ၂၅ ကားစာရင်းမှာ ၂ ကား ပါဝင်ခဲ့ပြီး ၂ ကားလုံးကိုလည်း အကောင်းဆုံး သရုပ်ဆောင်ခဲ့ကာ အကယ်ဒမီက ကံပါရင်တော့ ရမယ်လို့ ဆိုပါတယ်။

“အကယ်ဒမီက ကံပါရင်တော့ ရမှာပါ။ ကံမပါရင်လည်း မရနိုင်ဘူးလို့ တွေးထားပါတယ်။ “ငယ်ကျွန်”မှာရော “ဇာတိမြေ”မှာ ရော ကျနော် သရုပ်ဆောင်ထားတဲ့ ကား ၂ ကားလုံးကို ကြိုက်ပါတယ်။ “ငယ်ကျွန်”ကတော့ အိုက်တင် ပိုလုပ်ရတာပေါ့။ ၂ ကားလုံးကိုတော့ ကြိုက်ပါတယ်။ ၂ ကားလုံးကိုလည်း အကောင်းဆုံးသရုပ်ဆောင်ခဲ့ပါတယ်။ အကယ်ဒမီအတွက် ဖီလင်ကတော့ ပုံမှန်ပါပဲ။ ထွေထွေထူးထူး မရှိပါဘူး”လို့ အောင်ရဲလင်းက ပြောပါတယ်။

“အကယ်ဒမီကိုလည်း သိပ်မမျှော်လင့်ထားဘူး။ ရမယ့် အချိန်မှာ ရမှာပဲ။ အကယ်ဒမီ မျှော်လင့်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အကယ်ဒမီကို တကယ်ကောင်းပြီး တကယ်တော်တဲ့သူတွေကို ရစေချင်ပါတယ်။ အကယ်ဒမီက ကံနဲ့ ဆိုင်ပါတယ်။ ရသင့်တဲ့သူတွေ ရခဲ့သလို ရသင့်တဲ့သူတွေ မရခဲ့တာလည်း ရှိပါတယ်။ ဒီချိန်မှာ ရမယ့် ကံပါလာရင် ရမှာပေါ့။ ဒါတောင် မျှော်လင့်ချက် မထားဘူး”လို့လည်း အောင်ရဲလင်းက ပြောပါတယ်။

လတ်တလောမှာ လူပြောများနေတဲ့ Star Awards နဲ့ ပတ်သက်ပြီးတော့လည်း အောင်ရဲလင်းက ဒီဆုဟာ မျိုးဆက်သစ်တွေအတွက် အခွင့်အရေးကောင်းတွေ ရပြီး ပြိုင်ဆိုင်လာ ကြိုးစားကြမယ်လို့ ထင်ကြောင်း ပြောပါတယ်။

“လူငယ်မျိုးဆက်သစ်တွေအတွက် Star Awards ပေါ်လာတော့ အရမ်းဝမ်းသာတယ်။ ဇာတ်လမ်းတွဲတွေကိုပါပေးတော့ သူတို့လေးတွေအတွက် အရမ်းကောင်းတယ်။ အခုခေတ် အသစ်တွေက ဗီဒီယိုလည်း မရှိတော့ဘူး။ ကျနော်တုန်းက ဗီဒီယိုတွေလည်း ရှိခဲ့တယ်။ အခုက ဗီဒီယိုတွေကလည်း မရှိတော့ဘူးလေ။ စီးရီးတွဲပဲ ရှိတော့တာလေ။ အဲ့လို ဇာတ်လမ်းတွဲတွေကို ကြိုးစားထားတဲ့ လူငယ်တွေအတွက် ဆုချီးမြင့်မယ် ကြားရချိန်မှာ အရမ်းဝမ်းသာပါတယ်”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
သဇင်ပန်း

သဇင်ပန်း

10 January 2026
129
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
310

“ဘာပဲဖြစ်ဖြစ် ဘယ်သူပဲရရ သူကတော့ Star Awards ရတာ။ လူတွေ ပိုပြီး သိလာမယ်။ ပိုပြီး စိတ်ဝင်စားလာမယ်။ သူတို့ အတွက် ပိုကောင်းတယ်။ ရုပ်ရှင်ကားကြီး ရိုက်နေတဲ့သူတွေအတွက်ကတော့ အကယ်ဒမီပဲ ရှိတာ။ ဒီလိုမျိုး Star Awards ပေါ်လာတော့ မျိုးဆက်သစ်တွေအတွက် အခွင့်အရေး ကောင်းမယ်။ ပိုပြီးလည်း ပြိုင်ဆိုင် ကြိုးစားလာမယ်လို့ ထင်ပါတယ်”လို့ အောင်ရဲလင်းက ပြောပါတယ်။

အောင်ရဲလင်းဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း စာရင်းဝင် မင်းသားတလက် ဖြစ်ပါတယ်။ သူ့ရဲ့ စမတ်ကျတဲ့ ခန္ဓာကိုယ် အချိုးအစားတွေကြောင့် မိန်းကလေး ပရိသတ်များက တခဲနက်အားပေးကြပြီး ပုံစံဒီဇိုင်း ပြောင်းလာတဲ့ အောင်ရဲလင်းက ဒီနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကား အများအပြား ရိုက်ကူးထားတာ တွေ့ရပါတယ်။

Your Thoughts …
Tags: အကယ်ဒမီအောင်ရဲလင်း
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ

အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ

by ဧရာဝတီ
21 February 2024
3.9k

စစ်မှုမထမ်းလိုသည့် မြန်မာလူငယ်များမှာ ထိုင်းနိုင်ငံသို့ နီးစပ်ရာ နယ်စပ်ထွက်ပေါက်များမှ တရားမဝင် နယ်စပ်ဖြတ်ကျော် ထွက်ခွာနေကြသလို တရားဝင်လမ်းကြောင်းမှလာရန် ရန်ကုန်ရှိ ထိုင်းသံရုံး၌ ဗီဇာတန်းစီသူ နေ့စဉ်ထောင်နှင့်ချီ၍ ရှိနေကြောင်း

အိန္ဒြာကျော်ဇင်သည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည် / ဧရာဝတီ

ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်

by ဧရာဝတီ
30 January 2022
5.5k

အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ ပြီးခဲ့သည့်နှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

လူမျိုးရေး များနေတဲ့ အကယ်ဒမီ ၃ ဆုရှင် အုတ်ကြားမြက်ပေါက်

လူမျိုးရေး များနေတဲ့ အကယ်ဒမီ ၃ ဆုရှင် အုတ်ကြားမြက်ပေါက်

by စိုင်းလတ်
21 March 2017
13.7k

အုတ်ကြားမြက်ပေါက်ရုပ်ရှင်မှာ မြန်မာအမျိုးသမီးတွေကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းရှိပေမယ့် လူမျိုးရေးကို ရှေ့တန်းတင်တယ်။

မွေးနေ့ရှင် အောင်ရဲလင်း / MA Htet’s  / Facebook

အသက် ၃၀ ပြည့်သွားပြီ ဖြစ်တဲ့ မင်းသား အောင်ရဲလင်း

by ယုမွန်ကျော်
19 June 2018
15.2k

အောင်ရဲလင်းက မြန်မာနိုင်ငံရဲ့မင်းသားတွေထဲမှာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ကြည့်ကောင်းတဲ့ အတွက် ထိုင်းနိုင်ငံရဲ့ ရုပ်သံတခုမှာ မြန်မာနိုင်ငံရဲ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသား သရုပ်ဆောင်အဖြစ်လည်း ရွေးချယ်ခံခဲ့ ရပါသေးတယ်။

“အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”ရခဲ့တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် / မျိုးမင်းစိုး / ဧရာဝတီ

၁၃ နှစ် အကြာမှာ ဒုတိယမြောက် အကယ်ဒမီဆု ရရှိခဲ့တဲ့ အိန္ဒြာကျော်ဇင်

by ယုဖြူဟန်
24 March 2018
7.9k

“ရင်ဘတ်ထဲကဓား” ရုပ်ရှင် ဇာတ်ကားကတော့ စာရေးဆရာမ လမင်းမိုမိုရဲ့ “အမှောင်ထဲမှာ” ဆိုတဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းက ပြန်လည် ပုံဖော်ရိုက်ပြီး အဆိုပါဇာတ်ကားနဲ့ပဲ ဒါရိုက်တာဝိုင်းက ဒီနှစ်မှာ ဇာတ်ညွှန်းဆု အကယ်ဒမီ ရရှိခဲ့ပါတယ်။

အကယ်ဒမီ ပေးပွဲကို စီစဉ်မယ့် ဂျွန်လွင်  / ဧရာဝတီ

“ဒီနှစ် အကယ်ဒမီပွဲမှာ ပဝါလိုက်မခြုံပေးဘူး”လို့ ဆိုလိုက်တဲ့ ဂျွန်လွင်

by ချစ်ပိုး
4 March 2019
30.9k

ကျနော့် အတွေ့အကြုံတွေနဲ့ ကျနော် လုပ်ပြနိုင်မယ်ထင်လို့ သူတို့က ကျနော်ကိုခေါ်တာပါ။ နောင်နှစ်တွေမှာလည်း ကျနော်ထက်စွမ်းတာတွေရှိမှာပါ”

Next Post
NSCN-K မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် ဦးအန်ကန့်နှင့် ဦးကျော်ဝမ်းစိန်တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ၂၀၁၈ ခုနှစ် ဇူလိုင်လက တတိယအကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေး တက်ရောက်လာစဉ်  / ထက်ဝေ / ဧရာဝတီ

NSCN-K ခေါင်းဆောင် တချို့ ထိန်းသိမ်းခံထားရဟု နာဂဒေသ ဦးစီး အဖွဲ့ပြော

ဗိုလ်ချုပ်ကြေးရုပ်ကြောင့် ကရင်နီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်သလား (ရုပ်/သံ)

ဗိုလ်ချုပ်ကြေးရုပ်ကြောင့် ကရင်နီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်သလား (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved