Entertainment

"Avengers: Endgame" အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ ၇၅ သန်းထက် ပိုရမယ့် Robert Downey Jr.

Want create site? Find Free WordPress Themes and plugins.

မင်းသား Robert Downey Jr. ဟာ “Avengers: Endgame” ရုပ်ရှင်အတွက် အံ့သြဖို့ကောင်းတဲ့ အနုပညာကြေး ပမာဏတခုကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ခေါင်းဆောင်မင်းသား Robert ဟာ “Avengers: Infinity War” ရုပ်ရှင်အတွက် ဒေါ်လာ ၇၅ သန်း ရရှိခဲ့တာလို့ The Hollywood Reporter မီဒီယာမှာ ဖော်ပြပါတယ်။

အခုအချိန်မှာ တော်တော်လေးအောင်မြင်နေတဲ့ “Endgame” ရုပ်ရှင်ကြောင့် မင်းသားဟာ ပထမရုပ်ရှင်တုန်းက ရခဲ့တဲ့ အနုပညာကြေးပမာဏထက် ပိုရရှိလိမ့်မယ်လို့ ဆိုပါတယ်။

“Infinity War” ရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာရုံဝင်ငွေ ၂ ဘီလီယံကျော်တောင် ရရှိခဲ့ပါတယ်။ “Endgame” ရုပ်ရှင်ကတော့ လောလောဆယ် အဖွင့်သီတင်းပတ်ကုန်ပိုင်းမှာတင် ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ ရရှိထားပြီး ဖြစ်ပါတယ်။ Marvel Cinematic Universe ကလည်း မင်းသားအတွက် တော်တော်လေးများပြားတဲ့ပမာဏ တခုကို ပေးထားတယ်လို့လည်း ဆိုပါတယ်။

အသက် ၅၄ နှစ်အရွယ် မင်းသားဟာ “Spider-Man: Homecoming” အတွက် ၃ ရက်စာ ရိုက်ကူးရေးအတွက်ကိုပဲ ဒေါ်လာ ၅ သန်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

သူနဲ့အတူတူ “Endgame” ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ မင်းသမီး Scarlett Johansson ကတော့ မကြာမီ ရိုက်ကူးတော့မယ့် Black Widow ရုပ်ရှင်အတွက် သရုပ်ဆောင်ကြေး ဒေါ်လာ သန်း ၂၀ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

မင်းသားတွေဖြစ်တဲ့ Chris Evans နဲ့ Chris Hemsworth တို့ဟာ “Infinity War” နဲ့ “Endgame” ရုပ်ရှင်တွေအတွက် ဒေါ်လာ သန်း ၂၀ စီရခဲ့တယ်လို့လည်း ဆိုပါတယ်။ “Avengers: Endgame” ရုပ်ရှင်ဟာ အခုလောလောဆယ် Rotten Tomatoes ဝက်ဘ်ဆိုက်မှာ ၉၅ ရာခိုင်နှုန်း အကောင်းမြင်မှတ် ချက်ပေးတာခံထားရပါတယ်။

Ref: etcanada

Did you find apk for android? You can find new Free Android Games and apps.
Loading