• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကိုရီးယားမင်းသားနဲ့ တွဲပြီး ရိုက်မယ့် ရုပ်ရှင်အကြောင်း ပြောပြတဲ့ ဝတ်မှုံရွှေရည်

by ချစ်ပိုး
31 May 2019
in Entertainment
A A
ကိုရီးယားမင်းသား Ryu Sang Wook နဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည် / ချစ်ပိုး / ဧရာဝတီ

ကိုရီးယားမင်းသား Ryu Sang Wook နဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည် / ချစ်ပိုး / ဧရာဝတီ

7.6k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် ဝတ်မှုံရွှေရည်က “တိမ်တွေပေါ်က ပန်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ တောင်ကိုရီးယား သရုပ်ဆောင် Ryu Sang Wook နဲ့ တွဲဖက်ပြီး သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဝတ်မှုံရွှေရည်က အခုလိုပဲ ပြောပြပါတယ်။

“ကစ်တို့ ရှေ့ရက်တွေတုန်းက Workshop တွေ လုပ်ကြတယ်။ သူနဲ့ ကစ်နဲ့ အပေးအယူမျှအောင် လေ့ကျင့်ခဲ့ကြတာမျိုးတွေ၊ စကားပြောကြတာမျိုးတွေ ရှိတယ်။ ပထမရက်ထက် ဒုတိယက ပိုပြီး အဆင်ပြေသွားတယ်ပေါ့။ သူက အိုက်တင်ကတော့ အဆင်ပြေပါတယ်။ ကိုယ်နဲ့ သူနဲ့ကလည်း ဒါရိုက်တာ လိုချင်တဲ့ပုံစံ ဖြစ်လား၊ မဖြစ်လား ဆိုတာမျိုးလေးတွေပေါ့။ အခုတော့ အဆင်ပြေပါတယ်”

“သူကလည်း အရမ်းတော်တယ်။ ဦးမောင် ပြောတာနဲ့ ချက်ချင်းဖြစ်တယ်။ ချက်ချင်းပဲ Mood တွေ ဝင်တယ်။ အစမ်းလေ့ကျင့်တဲ့ ရက်တုန်းကဆိုရင် သူက ဒီဇာတ်ကားပေါ်မှာ သေသေချာချာကို စိတ်ဝင်စားပြီးတော့ သရုပ်ဆောင်တာ။ ကစ်ကတော့ ကစ်လုပ်ရမယ့် အလုပ်တခုကို အကောင်းဆုံး တာဝန်ကျေအောင် လုပ်သွားမယ်ပေါ့။ အင်္ဂလိပ်စကား ပြောပြီး သရုပ်ဆောင်ရမှာတော့ ရင်ခုန်စိတ်လှုပ်ရှားတာမျိုး မရှိပါဘူး”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

အခုလိုမျိုး ကိုရီးယား – မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားအတွက် ကိုရီးယား ယဉ်ကျေးမှုတွေကို လေ့လာထားတာမျိုးရှိလားဆိုတဲ့ အမေးကိုလည်း ဝတ်မှုံရွှေရည်က အခုလိုပဲ ဖြေပါတယ်။

“ကိုရီးယား ယဉ်ကျေးမှုတွေကို ထွေထွေထူးထူး လေ့လာထားတာ မရှိပါဘူး။ ကိုရီးယားနဲ့က စိမ်းမှ မစိမ်းတာနော်။ အရမ်းထွေထွေ ထူးထူးတော့ မရှိပါဘူး။ ကစ်ကတော့လေ ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်တခုအတွက်ကိုတော့ ရင်ခုန်တယ်။ မြန်မာမင်းသား မဟုတ်ဘဲ ကိုရီးယားမင်းသားနဲ့ တွဲရိုက်ရမှာ ရှက်တာတွေတော့ မရှိဘူး။ ကစ်စိတ်ထဲမှာ လုပ်ဖော်ကိုင်ဖက် အလုပ် အတူတူ လုပ်ကြတယ်။ အလုပ်သဘော အရဆိုတော့ ဘယ်လိုမှတော့ မရှိဘူး။ ကိုယ်လုပ်ရမယ့် ဇာတ်ရုပ်ကိုတော့ ညှိပြီး တိုင်ပင်ပြီးသရုပ်ဆောင်ရမှာပေါ့”လို့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က ဆိုပါတယ်။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးသွားမှာ ဖြစ်ပြီး ကိုရီးယားနိုင်ငံမှာ သွားရောက်ရိုက်ကူးမှာ ဖြစ်တာကြောင့် ကိုရီးယားကားကြိုက်တဲ့ ပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ကြောင်း ဆိုပါတယ်။

“ဒီဇာတ်ကားက နူးနူးညံ့ညံ့နဲ့ ပရိသတ်မှာ ကိုရီးယားကြိုက်တဲ့သူတွေ အချစ်ကားကြိုက်တဲ့သူတွေ ဒီကားကို ကြိုက်ကြမယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုနဲ့ ယှဉ်ရင်တော့ အများကြီး ပြောင်းလဲသွားတာပေါ့နော်။ တနှစ်နဲ့ တနှစ်ကလည်း မြန်မာ့ရုပ်ရှင် ဈေးကွက် ထပ်တိုးတက်လာတယ်လို့ မြင်တယ်။ တိုးတက်ချင်စိတ် ရှိကြတယ်လို့ မြင်တယ်။ အကုန်လုံးကလည်း တက်ညီလက်ညီ ကြိုးစားတယ်”

“ကစ်တို့လည်း ကစ်တို့အလုပ်ကို ဘယ်လိုကောင်းအောင် လုပ်မလဲ အမြဲချိန်ဆပြီး အမြဲ ကြိုးစားနေရတယ်။ မြန်မာ့ရုပ်ရှင်လောကကို တိုးတက်စေချင်တယ်။ အဲ့အတွက် ကစ်တို့မှာလည်း တာဝန် ရှိတယ်။ ကစ်တို့လည်း တထောင့်တနေရာကနေ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါ့မယ်”လို့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံအတွင်းက ချင်းပြည်နယ်နဲ့ တောင်ကိုရီးယားနိုင်ငံက ဘူဆန်မြို့တို့မှာ အဓိက ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးြ့ီး ဇာတ်ညွှန်း မိုးနီလွင် ရေးသားမှာ ဖြစ်ပါတယ်။

ဇာတ်ကားမှာ ပါဝင်ကြမယ့် သရုပ်ဆောင်တွေကတော့ သရုပ်ဆောင် ကျော်ထက်အောင်၊ ကိုရီးယားမင်းသား Ryu Sang Wook ၊ ဝတ်မှုံရွှေရည်နဲ့ မေသန်းနုတို့ အဓိက ပါဝင်သရုပ်ဆောင်ကြမှာပါ။ ဇာတ်ကားကိုတော့ ဇွန်လ အတွင်းမှာ ရိုက်ကူးမယ်လို့ သိရပါတယ်။

You may also like these stories:

“ပရိသတ်တွေ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားတွေပဲ ရွေးပြီး ရိုက်တယ်” ဆိုတဲ့ ဝတ်မှုံရွှေရည်

တကယ်နမ်းခဲ့တာက အသက်ဝင်အောင် လုပ်ခဲ့ရတာပါ ဆိုတဲ့ ဝတ်မှုံရွှေရည်

RelatedPosts

အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
295
အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

4 January 2026
1.7k
အိန္ဒြေသိက္ခာ ရှိသော ဗျစ်ဆိုင်များ ကွယ်လွန်ခြင်း

အိန္ဒြေသိက္ခာ ရှိသော ဗျစ်ဆိုင်များ ကွယ်လွန်ခြင်း

3 January 2026
572

မင်းသိင်္ခရဲ့ ဝတ္ထုတွေနဲ့ ဇာတ်ကောင်တွေကို အလွတ်ရနေတဲ့ သရုပ်ဆောင် ဒေါင်း

“Batman” သရုပ်ဆောင်အဖြစ် မင်းသား Robert Pattinson ကို ရွေးချယ်

Your Thoughts …
Tags: ကိုရီးယားမင်းသားဝတ်မှုံရွှေရည်
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

မြန်မာတွင် တရုတ် BYD လျှပ်စစ်ကားထုတ်ရန် ခရိုနီများ စီစဉ်နေ

မြန်မာတွင် တရုတ် BYD လျှပ်စစ်ကားထုတ်ရန် ခရိုနီများ စီစဉ်နေ

by ဟိန်းထူးဈာန်
6 March 2025
4.5k

တရုတ်လျှပ်စစ်ကား တံဆိပ်ဖြစ်သည့် BYD ဖြန့်ချိခွင့်ရသော မြန်မာမှ လုပ်ငန်း သုံးခုသည် လျှပ်စစ်ကားများကို မြန်မာတွင် တပ်ဆင်ရောင်းချရန် စီစဉ်နေသည်။

သရုပ်ဆောင် ဝတ်မှုံရွှေရည်  / Amazing Grace

ဆယ်စုနှစ်ကျော် အောင်မြင်မှုနဲ့ ရပ်တည်နေဆဲ ဝတ်မှုံရွှေရည်

by ယုမွန်ကျော်
10 August 2018
9.3k

ဝတ်မှုံရွှေရည်က အနုပညာအစပိုင်းမှာတင် မဂ္ဂဇင်းအလှဓာတ်ပုံများ ၊ ကြော်ငြာအများကိုလည်း လက်ခံရိုက်ကူးခဲ့ရလို့ အလှဓာတ်ပုံ အများဆုံးရိုက်ကူးရတဲ့ မင်းသမီးတဦးဆိုရင်လည်း မမှားပါဘူး။

“ ချစ်သူသာပန်းတပွင့်ဖြစ်ခဲ့လျှင်” ရုပ်ရှင်ကန်တော့ပွဲပေးအခမ်းအနားတွင်တွေ့ရတဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည် / ယုမွန်ကျော်

အချစ်နဲ့ပတ်သက်လို့ ဦးနှောက်က အလုပ်မလုပ််သေးဘူးဆိုတဲ့ ဝတ်မှုံရွှေရည်

by ယုမွန်ကျော်
11 September 2016
6.7k

သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ အတွဲညီညီသရုပ်ဆောင်ပြီး ကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေမှာ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်အတွက် ဒီဇာတ်ကားကြီးက စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက်ပြီး တကျော့ပြန် ပြန်လည်ရိုက်ကူးလာတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။

သရုပ်ဆောင် ဒေါင်းနဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်  / ယုဖြူဟန် / ဧရာဝတီ

ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပထမဆုံးတွေ စုနေတဲ့ “လိပ်ပြာစံအိမ်”

by ယုဖြူဟန်
3 February 2019
10.3k

ဒီကားကြည့်ပြီးတော့ အမေနဲ့ သမီးကြားက ခံစားချက်ကို ခံစားလိုက်ရတာ ရင်ထဲကို ဆို့နင့်တယ်။ သူ သရုပ်ဆောင်သွားတာ အမေတယောက်ရဲ့မေတ္တာကို မြင်ရပါတယ်” လို့ ဒေါင်းက ပြောပါတယ်။

နာမည်ကျော် ကိုရီးယားမင်းသားများ

နာမည်ကျော် ကိုရီးယားမင်းသား ၃ ဦးရဲ့ ဒရာမာအသစ်များ အောင်မြင်မှု မရ

by မစ်ကီ
26 June 2020
32.9k

ပြီးခဲ့တဲ့နှစ် ဧပြီလမှာပဲ စစ်မှုထမ်းတာဝန်တွေကို ပြီးဆုံးခဲ့တဲ့ မင်းသား Ji Chang-wook ကလည်း သူ့ရဲ့ ဒရာမာအသစ်ရဲ့ လူကြည့်နှုန်း နည်းပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

ကိုရီးယားမင်းသား Ryu Sang Wook နဲ့ သရုပ်ဆောင်   / ဝတ်မှုံရွှေရည်  / ဧရာဝတီ

“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်မှာ ဝတ်မှုံရွှေရည်နဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တဲ့ Ryu Sang Wook

by ချစ်ပိုး
6 December 2019
12.9k

တခါတလေ အရမ်းစနောက်လွန်းလို့ သူအဆင်ပြေပါ့မလားလို့ တွေးမိတယ်။ ရုပ်ရှင်ရိုက်ပြီဆိုရင်လည်း တကယ်ကို စိတ်ပါလက်ပါနဲ့ အာရုံစိုက်ပြီးရိုက်တဲ့အတွက် တကယ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားလာခဲ့ပါတယ်။

Next Post
ခွေးရူးပြန်ရောဂါဟာ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် ဖြစ်ပွားတဲ့ ရောဂါပါ

ခွေးကိုက်မှသာမဟုတ် တခြား တိရစ္ဆာန်ကိုက်ရင်လည်း ကူးစက်နိုင်တဲ့ ခွေးရူးပြန်ရောဂါ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင် / ဇူးဇူး / ဧရာဝတီ

ခွေးတွေကို ရှင်းတာ ချက်ချင်းကြီး မဖြစ်နိုင်ဘူး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved