• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“Game of Thrones” နဲ့ ဆင်တူနေလို့ ဝေဖန်ခံနေရတဲ့ “Arthdal Chronicles” စီးရီး

by မစ်ကီ
11 June 2019
in Entertainment
A A
ဝေဖန်ခံနေရတဲ့ "Arthdal Chronicles" စီးရီး

ဝေဖန်ခံနေရတဲ့ "Arthdal Chronicles" စီးရီး

18.6k
VIEWS
Share on FacebookShare on Twitter

အခု လတ်တလော tvN ရုပ်သံလိုင်းကနေ ပြသနေတဲ့ “Arthdal Chronicles” ကိုရီးယားစီးရီးဟာ ခန့်မှန်းထားတာထက် လူကြည့်နှုန်း ကျဆင်းနေရုံသာမက နာမည်ကျော် ရုပ်သံစီးရီးနဲ့ ရုပ်ရှင်တွေကို ကူးချထားတယ်လို့ အငြင်းပွားဖွယ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဇွန်လ ၁ ရက်နေ့ကနေ စလို့ အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်ပြသနေတဲ့ အဲ့ဒီဒရာမှာဟာ Arthdal လို့ခေါ်တဲ့ ရှေးဟောင်းမြို့မှာ စတင်ပေါက်ဖွားခဲ့တဲ့ နိုင်ငံရေးအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။

အဲဒီ ဒရာမာဟာ စတင် မပြသမီမှာပဲ မင်းသား ဂျန်ဒေါင်ဂန်းနဲ့ ဆောင်းဂျွန်ကီတို့လိုမျိုး နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားတဲ့အပြင် ဝမ် ဘီလီယံ ၄၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ စီးရီးဖြစ်တာကြောင့် မီဒီယာတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။

ဒါပေမဲ့ ပထမဆုံး သီတင်းနှစ်ပတ် ပြသခဲ့ပြီးတဲ့အချိန်မှာပဲ ဒရာမာဟာ စိတ်ပျက်စရာ ရလဒ်တွေကို ရရှိခဲ့ပါတယ်။ ပထမဆုံး အပိုင်း ၄ ပိုင်းမှာ လူကြည့်နှုန်းဟာ “Mr. Sunshine” လိုမျိုး tvN ကနေ ထုတ်လွှင့်ခဲ့တဲ့ ဒရာမာ လူကြည့်နှုန်း ဂဏန်းနှစ်လုံး ပမာဏကိုတောင် လိုက်မမီခဲ့ဘဲ ၆ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းအထိပဲ ရှိခဲ့တာကို တွေ့ရပါတယ်။

တချိန်တည်းမှာပဲ ပါဝင်တဲ့ ဇာတ်ကောင်တွေ၊ ဝတ်စုံတွေ၊ ဆက်တင်တွေနဲ့ “Arthdal Chronicles” မူရင်းဝတ္ထု ရေးသားမှုတွေဟာ နိုင်ငံရပ်ခြားက စိတ်ကူးယဉ်နောက်ခံ ဇာတ်ကြောင်းတွေ၊ သမိုင်းနောက်ခံ အချိန်ကာလ ပါဝင်တဲ့ စိတ်ကူးယဉ် ဒရာမာနဲ့ ရုပ်ရှင်တွေကို ရောနှောထားတာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောဆိုလာပါတယ်။

ဒရာမာရဲ့ အမြည်းဓာတ်ပုံတွေမှာ ဇာတ်ကောင် တော်တော်များများဟာ အမေရိကန် နာမည်ကျော် စီးရီး “Game of Thrones” ထဲက ဝတ်စုံတွေလို အရောင်နဲ့ ဒီဇိုင်းပုံစံတူနဲ့ ဝတ်ဆင်ထားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

အဲဒီ ဒရာမာနှစ်ခုကြားက ဇာတ်ကောင်တွေရဲ့ အဝတ်အစားတွေနဲ့ ဇာတ်ဝင်ခန်း အသုံးဆောင်တွေကို နှိုင်းယှဉ်ထားတဲ့ ဓာတ်ပုံတခုကို အမေရိကန် ဆိုရှယ်ဝက်ဘ်ဆိုက် Reddit မှာ တင်ခဲ့တဲ့အပြင် ကိုရီးယား အွန်လိုင်းအသိုင်းအဝန်း၊ Portal တွေနဲ့ ဆိုရှယ်မီဒီယာတွေအထိ ပျံ့နှံ့လာခဲ့ပါတယ်။

ဥပမာ “Arthdal Chronicles” ရဲ့ အဓိကဇာတ်ကောင်၊ မင်းသား ဂျန်ဒေါင်ဂန်း သရုပ်ဆောင်ထားတဲ့ စစ်သည်တော်နဲ့ အထင်ကရပုဂ္ဂိုခ် တာဂွန်းဟာ “Game of Thrones” ထဲက Jon Snow နဲ့ ဆင်တူနေပါတယ်။ ဒရာမာ နှစ်ခုထဲက အမျိုးသမီး ဇာတ်ကောင်နှစ်ဦးရဲ့ အနီနဲ့ အဖြူရောင် ဝတ်စုံတွေဟာလည်း ဆင်တူနေပြီးတော့ “Game of Thrones” စီးရီးရဲ့ ကိုရီးယားပရိသတ်တွေက တော်တော်လေးဝေဖန်နေကြပါတယ်။

ဒါ့အပြင် တချို့ဇာတ်ဝင်ခန်းတွေက ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Apocalypto” ရုပ်ရှင်နဲ့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Avatar” ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ၊ စကားပြောခန်းတွေနဲ့ တူနေတယ်ဆိုပြီး ထောက်ပြပါတယ်။ ဒါပေမဲ့ ဒရာမာ ရိုက်ကူးရေးအဖွဲ့ကတော့ “Game of Thrones” နဲ့ နှိုင်းယှဉ် ဖော်ပြနိုင်တာမျိုး မရှိဘဲ သူတို့တွေဟာ စိတ်ကူးယဉ်ပုံစံကို အခြေခံထားတဲ့ ဇာတ်လမ်း အသစ်တပုဒ်ကို ဖန်တီးဖို့ ကြိုးစားခဲ့ကြတာ ဖြစ်တယ်လို့ဆိုပါတယ်။

Ref:Yonhap

You may also like these stories:

“Game of Thrones” အပြီးမှာ စိတ်ကျန်းမာရေး ကုသမှု ခံယူနေရတဲ့ မင်းသား Kit Harington

လူကြည့်နှုန်း အများဆုံးစံချိန်နဲ့ အဆုံးသတ်သွားပြီဖြစ်တဲ့ “Game of Thrones” စီးရီး

ဒေါ်လာ ၃၃ သန်းကျော် အကုန်အကျခံ ရိုက်ကူးထားတဲ့ “Arthdal Chronicles” ဒရာမာ မကြာမီ ပြမည်

ပြသတဲ့ ပထမဆုံးရက်မှာတင် ကြည့်ရှုနှုန်း အမြင့်ဆုံး စံချိန်တင်ခဲ့တဲ့ “Arthdal Chronicles”

Your Thoughts …
Tags: Arthdal Chronicles" စီးရီးGame Of Thrones
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

“Game of Thrones” မှာ Jon Snow အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Kit Harington

“Game of Thrones” အပြီးမှာ စိတ်ကျန်းမာရေး ကုသမှု ခံယူနေရတဲ့ မင်းသား Kit Harington

by ဟယ်လ်သင်
31 May 2019
5.6k

GOT ဟာ ပရိသတ်တွေအပေါ်မှာသာ သက်ရောက်မှု ပြင်းထန်ခဲ့တာ မဟုတ်ဘဲ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေ အပေါ်မှာပါ သက်ရောက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

“Game of Thrones” တီဗီစီးရီးကို ကြိုက်နှစ်သက်တဲ့ ကမ္ဘာကျော်များ

“Game of Thrones” တီဗီစီးရီးကို ကြိုက်နှစ်သက်ကြတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ

by ဟယ်လ်သင်
22 April 2019
7.9k

Mark Zuckerberg ဟာဆိုရင်လည်း HBO ရဲ့တီဗီစီးရီးတွေကို ကြိုက်နှစ်သက်သူတဦး ဖြစ်ပြီး အထူးသဖြင့် Game of Thrones ကို Instagram ရဲ့ Cofounder ဖြစ်တဲ့ Kevin Systrom နဲ့ နှစ်ယောက်သား...

"Game of Thrones" ရုပ်သံစီးရီး မှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်  Emilia Clarke

GOT ဇာတ်သိမ်းပိုင်းအတွက် ဟစ်တလာ မိန့်ခွန်းတွေကို ကြည့်ပြီး ပြင်ဆင်ခဲ့ရတဲ့ Emilia Clarke

by မစ်ကီ
23 May 2019
7.1k

"Game of Thrones” စီးရီးမှာ ပါဝင်ခဲ့တဲ့ အချိန် ၁၀ နှစ်ကျော် နီးပါးကာလမှ မိန့်ခွန်းတွေ တလှေကြီး ပြောခဲ့ရပေမယ့် အခုနောက်ဆုံးပိုင်းအတွက် ပြင်ဆင်ရတာဟာ သူ့အတွက်တော့ သေလုမတတ်ပဲလို့ မင်းသမီးက ဆိုပါတယ်။

Jim Broadbent

Harry Potter ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ခဲ့ကြဖူးတဲ့ “Game of Thrones” သရုပ်ဆောင်များ

by ဟယ်လ်သင်
17 May 2019
7.3k

Michelle Fairley ကတော့ Stark အိမ်တော်ရဲ့ သခင်မ Catelyn Stark အဖြစ် သရုပ်ဆောင်ခဲ့တဲ့အပြင် Harry Potter ရုပ်ရှင်ထဲမှာတော့ Hermione Granger ရဲ့ မိခင် ၊ Mrs.Granger အဖြစ်...

"Lord of the Rings" စီးရီး

“Lord of the Rings” စီးရီးအတွက် “Game of Thrones” သရုပ်ဆောင်တွေကို Amazon ရွေးချယ်ထား

by မစ်ကီ
15 January 2020
3.6k

အဲ့ဒီထူးခြားတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ကမ္ဘာတဝန်းမှာ ရှိတဲ့ ပရိသတ်တွေအတွက် အလယ်ခေတ်ကမ္ဘာကို ပြန်ခေါ်သွားနိုင်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်လို့လည်း ဖော်ပြထားပါတယ်။

“Game of Thrones” စီးရီး

“Game of Thrones” စီးရီးရဲ့ နောက်ဆုံး Season ကို ပြန်လည်ရိုက်ကူးပေးရန် ပရိသတ်များတောင်းဆို

by မစ်ကီ
16 May 2019
10.9k

ထောင်နဲ့ချီသော ပရိသတ်တွေဟာ “Game of Thrones Season 8”ကို “သင့်လျော်တဲ့ စာရေးဆရာများနဲ့ ပြန်လည်ရိုက်ကူးရေး” ခေါင်းစဉ်နဲ့ Change.org ဝက်ဘ်ဆိုက်မှာ လက်မှတ်ရေးထိုး တောင်းဆိုထားကြပါတယ်။

Next Post
ဦးပညာဝံသကို ဆန္ဒပြပွဲအပြီး ဇွန် ၁၀ ရက် ညနေပိုင်းက ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အတည်ပြုသည် /  မျိုးမင်းစိုး

ဦးဝီရသူ ထောက်ခံပွဲကြောင့် ဘုန်းတော်ကြီးများ အပါအဝင် ၉ ဦးကို အမှုဖွင့်

ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ)  / ဧရာဝတီ

ဦးဝီရသူကို မျက်ကွယ်ဆက်စစ်မည်ဟု တရားရုံးကြေညာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved