• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အဖေများနေ့” နဲ့ ပတ်သက်ပြီး အမှတ်တရတွေ ပြောပြတဲ့ ဂီတမှူး နိုင်ဇော် 

by ချစ်ပိုး
15 June 2019
in Entertainment
A A
ဂီတမှူး နိုင်ဇော်နဲ့ သမီးဖြစ်သူ မိုးဖြူစင်ဇော် / Naing Zaw's Facebook

ဂီတမှူး နိုင်ဇော်နဲ့ သမီးဖြစ်သူ မိုးဖြူစင်ဇော် / Naing Zaw's Facebook

20.6k
VIEWS
Share on FacebookShare on Twitter

ယခုနှစ် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ (တနင်္ဂနွေနေ့) ဟာ အဖေများနေ့ပါ။ အဖေများနေ့နဲ့ ပတ်သက်ပြီး ကိုယ်တိုင် ဖခင်တယောက်ဖြစ်တဲ့ ဂီတမှူး နိုင်ဇော်က အဖေနဲ့ သူ့အကြားက အမှတ်တရတွေ၊ သားသမီး အပေါ်ထားတဲ့ ဖခင်တယောက်ရဲ့ စိတ်ထားတွေအကြောင်း ဧရာဝတီကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

“အဖေတွေဆိုတာ စီးပွားရှာရတဲ့ အလုပ်က နံပါတ် ၁ ပါ။ အဖေတွေ စီးပွားမရှာရင် အမေတွေ ကိုယ်တိုင် စီးပွားရှာတဲ့အခါ သားသမီးတွေဘက်မှာ လစ်ဟင်းနိုင်တဲ့အတွက် အဖေတွေ ကိုယ်တိုင် စီးပွားရှာရပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီးလည်း ကျနော်ဆို ကျနော့်သမီး ဂုဏ်ထူးတွေ ထွက်နိုင်တာ အမေရဲ့ အစွမ်းတွေ အများကြီးပါတယ်”

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.9k
မြိတ်မြို့

မြိတ်မြို့

11 May 2025
588
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
253

“အဖေတွေကလည်း အမေတွေ စိတ်ချရတဲ့ အခြေအနေ မရောက်ရင် သားသမီးပေါ်လည်း အမေကလည်း တာဝန် မကျေနိုင်ပါဘူး။ ဒါကြောင့် ကျနော်ကတော့ မိဘဆိုတဲ့အတိုင်း အမေလည်း အရေးကြီးတယ်။ အဖေလည်း အရေးကြီးတယ်။ နိုင်ငံရေးသမားလိုပေါ့။ အမေက တိုင်းပြည် အုပ်ချုပ်တဲ့သူနဲ့ တူပြီး အဖေကတော့ စစ်တပ်နဲ့ တူပါတယ်”လို့ ဂီတမှူး နိုင်ဇော်က ပြောပါတယ်။

“အဖေများနေ့က တနင်္ဂနွေနေ့၊ ကျနော်က အဲ့နေ့ အသံသွင်း ရှိတယ်။ ကျနော်တို့ အဖေတွေအနေနဲ့ သူတို့ ဘဝလေး ဘယ်လို လှပစွာ ဖြတ်သန်းမလဲ။ ကျနော် အလုပ်တွေလုပ်ရင်း သူတို့ ဘဝလေးတွေ လှပအောင် ကျနော်တို့ဘက်က ဆက်လုပ်ပေးမှာပါ”လို့ နိုင်ဇော်က ဆိုပါတယ်။

ဂီတမှူး နိုင်ဇော်အတွက်တော့ သူ့ရဲ့ အဖေဟာ စံပြပုဂ္ဂိုလ်တယောက်ဖြစ်ပြီး အဖေတူ သားတယောက် ဖြစ်အောင် အခုထိ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“ကျနော့်အဖေက ကျနော့်ကို အရင်ကတည်းက ဆုံးမခဲ့တာကတော့ ဆေးလိပ် မသောက်ဖို့၊ အရက်မသောက်ဖို့၊ တက်တူးတွေ မထိုးဖို့ ဆုံးမတယ်။ အဖေ ဆုံးမတာတွေကို ကျနော် အကုန် နားထောင်ပါတယ်။ အဖေ မလုပ်ခိုင်းတာတွေ ကျနော် တခုမှ မလုပ်ပါဘူး။ အဖေ ဆုံးမတာတွေ၊ ဖြစ်ချင်တာတွေကို ကျနော်နားထောင်ပါတယ်”

“ကျနော့် အဖေက ပြတ်ပြတ်သားသားနဲ့ ဘယ်သူ့မျက်နှာမှ မထောက်ဘဲ အရာရာကို လုပ်ခဲ့တာပါ။ ကျနော့် အဖေက သူထင်တာ သူလုပ်တဲ့သူပါ။ သူထင်တာလည်း ရာနှုန်းပြည့် မှန်တဲ့အတွက် အဖေက ကျနော့်အတွက် စံပြပုဂ္ဂိုလ် ဖြစ်ပါတယ်။ အဖေတူ သားတယောက်ဖြစ်အောင် အခုထိ ကျနော် ကြိုးစားနေပါတယ်” လို့ နိုင်ဇော်က ဆိုပါတယ်။

ဆက်လက်ပြီး ကိုယ်တိုင်လည်း ဖခင်တယောက်ဖြစ်တဲ့ ဂီတမှူး နိုင်ဇော်က သူ့ရဲ့ သားသမီးအပေါ် ဆုံးမတဲ့ ပုံစံကိုလည်း အခုလိုပဲ ပြောပြပါတယ်။

“ကျနော့် သမီးကို ဆုံးမသင့်တာတွေ ဆုံးမသလို၊ ကျနော့် သမီးကိုတော့ သမီး ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ကျနော် ပြောပါတယ်။ သမီး အနာဂတ်မှာ နာမည်ဆိုး မရှိအောင် ကျနော် အဓိကထားပြီး သမီး သမိုင်းကြောင်းကောင်းဖို့ ထိန်းသိမ်းသွားမယ်”လို့ နိုင်ဇော်က ဆိုပါတယ်။

ဂီတမှူး နိုင်ဇော်ဟာ ဂီတလောကမှာ အောင်မြင်မှု ရရှိထားသူ တဦး ဖြစ်ပါတယ်။ နိုင်ဇော်ရဲ့ သမီးဖြစ်သူ မိုးဖြူစင်ဇော်ကတော့ ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူး ၆ ဘာသာနဲ့ နှစ်ချင်းပေါက် အောင်မြင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

You may also like these stories:

“အဖေများနေ့” အမှတ်တရများနဲ့ ခီမောင်နှံ

“အဖေဟာ ဘဝမှာ အလေးစားရဆုံး ပုဂ္ဂိုလ်”လို့ ဆိုတဲ့ စိုးပြည့်သဇင်

“အဖေ မရှိတော့တာ နှစ် ၂၀ နီးပါး ရှိတော့မယ်”လို့ ဆိုလာတဲ့ ခေမီကို

Your Thoughts …
Tags: ဂီတမှူး နိုင်ဇော်အဖေများနေ့
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

စိုးပြည့်သဇင်တို့ မိသားစု  / Soe Pyae Thazin's Facebook

“အဖေဟာ ဘဝမှာ အလေးစားရဆုံး ပုဂ္ဂိုလ်”လို့ ဆိုတဲ့ စိုးပြည့်သဇင်

by မန်းသူ
17 June 2018
9.5k

“အဖေက သီချင်းဆိုတာလည်း အရမ်းဝါသနာ ပါတယ်။ စိုးပြည့်က အဲဒီ Talent ကိုရထားတယ်။ Vocal ပိုင်းကို သူကျွမ်းကျင်တယ်။

အဖေများနေ့မှာ ဆုတောင်းစကားဆိုကြတဲ့ အနုပညာရှင်များ

အဖေချစ်တဲ့ မင်းသမီးတွေရဲ့ “အဖေများနေ့” အမှတ်တရစကားသံများ

by ယုဖြူဟန်
21 June 2020
11.7k

အဖေ မိသားစုတစုလုံးရဲ့ ဦးဆောင်သူ၊ ရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့သူ အဖေ။ ဒီနေ့ဒီအချိန်အထိ မမောမပန်း မငြိုမငြင်ဘဲ လုပ်ကျွေးတာဝန်ကျေခဲ့သူ အဖေ။

“အဖေများနေ့” အမှတ်တရ စကားများ ပြောပြခဲ့ကြတဲ့ အနုပညာရှင်များ

“အဖေများနေ့” နဲ့ ပတ်သက်ပြီး အမှတ်တရများ ပြောပြခဲ့ကြတဲ့ အနုပညာရှင်များ

by ချစ်ပိုး
16 June 2019
7.7k

အဖေများနေ့ဆိုပြီး လက်ဆောင် ရည်ရွယ်ပြီးတော့ ပေးတာတော့ မရှိဘူး။ အဖေ လိုအပ်တာတွေ အကုန်ဖြည့်ဆည်းပေးတယ်"လို့ နန်းဆုရတီစိုးက ဧရာဝတီကို ပြောပါတယ်။

“အဖေများနေ့”မှာ အဖေ့ကို လက်ဆောင်ပေးတာမျိုး မဟုတ်ဘဲ အဖေနဲ့ အတူတူ အချိန်များ ဖြတ်သန်းနိုင်ပါတယ်

“အဖေများနေ့”မှာ သင့်ဖခင်အတွက် ဘယ်လို လက်ဆောင်မျိုးပေးမလဲ

by ဟယ်လ်သင်
16 June 2018
21.5k

မိုးတွင်းလည်းရောက်နေပြီဆိုတော့ နွေးနွေးထွေးထွေး ဖြစ်စေမယ့် Jacket တထည်ကိုလည်း “အဖေများနေ့” လက်ဆောင် အဖြစ် ရွေးချယ်သင့်ပါတယ်။

အက ဆရာမ ခေမီကိုနဲ့ သူ၏ မိခင်  / Kmiko Dance's Facebook

“အဖေ မရှိတော့တာ နှစ် ၂၀ နီးပါး ရှိတော့မယ်”လို့ ဆိုလာတဲ့ ခေမီကို

by မန်းသူ
17 June 2018
7.4k

“အဖေဆိုတာ သားသမီးတွေ ရှေ့ဆက်လှမ်းဖို့ လှေခါးပေါ့။ ဒါပေမယ့် ခေမီကို့ ဘဝမှာတော့ အမေ၊ အစ်မတွေနဲ့ပဲ ဘဝလှေခါးကို တက်လာတာပေါ့" လို့ အဖေများနေ့ ခံစားမှုကို ခေမီကိုက ပြောပြပါတယ်။

ခီမောင်နှံ  / မျိုးမင်းစိုး / ဧရာဝတီ

“အဖေများနေ့” အမှတ်တရများနဲ့ ခီမောင်နှံ

by သီဟတိုး
17 June 2018
6k

“တကယ်တမ်း တာဝန်ကျေတဲ့ မိဘ ဖြစ်နေပြီလား ဆိုတော့ မဖြစ်သေးဘူး။ ကိုယ်က အတ္တကြီးနေတာက ရုပ်ရှင်သမားဖြစ်တဲ့ life ကကြမ်းတယ်၊ ကလေးကလည်း ကြီးလာရင်တော့ နားလည်လိမ့်မယ် ထင်တယ်”

Next Post
စစ်ကိုင်း- မန္တလေး အရှေ့ဘက်ရှိ ကျောက်စိမ်း ရောင်းဝယ်သည့် ဆိုင်သို့ လာရောက် တရုတ်ခရီးသွားများ / မြတ်ပြည့်ဖြိုး / ဧရာဝတီ

ဇီးရိုးဘတ်ဂျက် ခရီးသွားကိစ္စ ပြည်ထောင်စု ဝန်ကြီးသတိပေး

ပန်းအိုးထိုးတဲ့အခါ ပန်းတွေကို ကြာကြာခံနေစေမယ့် နည်းလမ်းတွေ ရှိပါတယ်

ပန်းအိုးထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမယ့် နည်းလမ်းများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate