Entertainment

"အဖေဟာ ဘဝမှာ အလေးစားရဆုံး ပုဂ္ဂိုလ်"လို့ ဆိုတဲ့ စိုးပြည့်သဇင်

Want create site? Find Free WordPress Themes and plugins.

ယနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ “အဖေများနေ့”နဲ့ ပတ်သက်လို့လည်း သရုပ်ဆောင် စိုးပြည့်သဇင်က ဖခင်ချစ်တဲ့ သမီးတဦးဖြစ်ပြီး အဖေက သူမအတွက် လေးစားရတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“စိုးပြည့်က အမေနဲ့ ပိုပြီး သူငယ်ချင်းလို Close ဖြစ်တယ် ဆိုပေမယ့် အဖေကကျတော့ ကိုယ်တကယ် အထင်ကြီး၊ လေးစားရတဲ့ ပုဂ္ဂိုလ် တယောက်၊ ချစ်တာထက် ချစ်တာရော၊ ကြောက်တာရော ၊ ရိုသေရတာရောပေါ့။ ပြီးတော့ မိခင်နဲ့ တန်းတူ ဖခင်မှာလည်း ကျေးဇူးရှိတယ်လို့ စိုးပြည့်က ယူဆတယ်” လို့ စိုးပြည့်သဇင်က ဧရာဝတီကို ပြောပါတယ်။

“ဖခင်တိုင်းဟာ သားသမီးအပေါ် မေတ္တာစိတ် အပြည့်ရှိတယ်။ အကောင်းဆုံး ဖြစ်စေချင်တယ်။ သူများ အပြောအဆို မခံရစေချင်ဘူးဆိုတဲ့ စိတ်အပြည့် ရှိတယ်။ သူများလက်ညိုးထိုး မခံရစေချင်တဲ့အတွက် ကိုယ့်ကိုပဲ ထောင်းတယ်။ ပိုပြီး ဆုံးမတယ်။ စိုးပြည့် ဒီအရွယ် ရောက်နေတာတောင် မှားယွင်းသွားမှာစိုးလို့ ကလေးတယောက်လို ဆုံးမတယ်”လို့ စိုးပြည့်သဇင်က ဆိုပါတယ်။

ဒါ့အပြင် စိုးပြည့်သဇင်ဟာ ဖခင်က သူ့အတွက် ဖခင်ကောင်းတယောက်ဖြစ်ပြီး ဒီနေ့အထိလည်း မိခင်ဖြစ်သူအပေါ် သစ္စာရှိသူတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ မိသားစုကို အရမ်းချစ်တတ်ပြီး စိတ်ပူတတ်တဲ့ ဖခင်တယောက် ဖြစ်တယ်လို့လည်း သူမရဲ့ ဖခင်အပေါ် အမြင်ကို ပြောပါတယ်။

“အဖေများနေ့” သတ်မှတ်ထားတာနဲ့ ပတ်သက်ပြီး စိုးပြည့်သဇင်က “အမေများနေ့ သတ်မှတ်သလို အဖေများနေ့လည်း သတ်မှတ်သင့်တယ်လို့ စိုးပြည့် မျှော်လင့်မိတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ အဖေနဲ့ အမေမှာဆိုရင် အမေကိုပဲ ပိုပြီးဖော်ပြလေ့ ရှိကြတယ်။ အဲဒီလိုကျတော့ တခါတလေ အဖေ့ကို အားနာမိသလိုပဲ။ တခုခုဆိုရင် သား၊ သမီးတွေက မိခင်နဲ့ ပိုနီးစပ်ပြီးတော့ မိခင်က ပိုကျေးဇူးရှိတယ်လို့ ပြောကြတယ်ပေါ့နော်။ စိုးပြည့်ကတော့ အမေရော၊အဖေရောကို ချစ်တယ်” လို့ ဆိုပါတယ်။

စိုးပြည့်သဇင်က အမြဲတမ်းလည်း အဖေနဲ့ မတူသလို အမေနဲ့လည်း အမြဲ မတူသူတဦးဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ မဟုတ်မခံ စိတ်ဓာတ်နဲ့ မိခင်ဖြစ်သူရဲ့ အနေအေးမှုကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

“အဖေက သီချင်းဆိုတာလည်း အရမ်းဝါသနာ ပါတယ်။ စိုးပြည့်က အဲဒီ Talent ကိုရထားတယ်။ Vocal ပိုင်းကို သူကျွမ်းကျင်တယ်။ ကျောင်းတုန်းကဆို အဖေက လိဒ်ဂစ်တာ တီးတာဆိုတော့ သမီးကိုအဆိုပိုင်းမှာ Support လုပ်ပေးနိုင်တယ်။ အဖေက စာတွေလည်း အရမ်းဖတ်တော့ ဘာသာရေးကိုလည်း ထောက်ပံ့ပေးတယ်”လို့ စိုးပြည့်သဇင်က ဆိုတယ်။

ဒီနှစ် “အဖေများနေ့”မှာ မိဘကို အမြဲစိတ်ချမ်းသာအောင် ထားနိုင်အောင်ပဲ ကြိုးစားနေကြောင်းနဲ့ မိဘကို လုပ်ကျွေးနိုင်တဲ့အတွက် ဝမ်းသာမိကြောင်းကိုလည် စိုးပြည့်သဇင်က ဆိုပါတယ်။

“အဖေများနေ့” လက်ဆောင်အနေနဲ့ ရရှိတဲ့ အနုပညာကြေးများကို မိဘကို အကုန်အပ်တဲ့အတွက် ပိုက်ဆံမကိုင်ဖြစ်လို့ လက်ဆောင်တော့ မဝယ်ပေးဖြစ်ဘူးလို့လည်း ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading