• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Kylie Jenner ရဲ့ မွေးနေ့အတွက် အိမ်ကို နှင်းဆီပွင့်ချပ်တွေနဲ့ အလှဆင်ပေးခဲ့တဲ့ Travis Scott

by မစ်ကီ
6 August 2019
in Entertainment
A A
နှင်းဆီပွင့်ချပ်တွေနဲ့ အလှဆင်ထားတဲ့ Kylie Jenner အိမ်က အခန်း

နှင်းဆီပွင့်ချပ်တွေနဲ့ အလှဆင်ထားတဲ့ Kylie Jenner အိမ်က အခန်း

8.4k
VIEWS
Share on FacebookShare on Twitter

ရုပ်သံအစီအစဉ် စတားဖြစ်တဲ့ Kim Kardashian ရဲ့ ညီမဝမ်းကွဲဖြစ်ပြီး Kylie Cosmetics ထူထောင်သူ Kylie Jenner ဟာ လာမယ့် သြဂုတ်လ ၁၀ ရက်နေ့မှာဆိုရင်ပဲ အသက် ၂၂ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

သူ့ရဲ့ခင်ပွန်းဖြစ်သူ အမေရိကန်ရက်ပ်အဆိုတော် Travis Scott က Kylie ရဲ့ မွေးနေ့အတွက် တော်တော်လေး ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ သူဟာ Kylie ရဲ့ အိမ်မှာ နှင်းဆီးပွင့်တွေကို ခင်းပြီး Kylie ကို အံ့အားသင့်စေခဲ့ပါတယ်။

သြဂုတ်လ ၆ ရက်နေ့မှာတော့ Kylie ဟာ အနီရောင်နှင်းဆီ ပွင့်ချပ်တွေနဲ့ ပြည့်နေတဲ့ အခန်းကို ဗီဒီယိုရိုက်ပြီး Twitter မှာ မျှဝေခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုကို မျှဝေရင်းနဲ့ Kylie က “ကျမရဲ့ အိမ်မှာ နှင်းဆီတွေနဲ့ ပြည့်သွားခဲ့ပြီ။ ကျမရဲ့ မွေးနေ့တောင် မရောက်သေးဘူးလေ။ အံ့သြလိုက်တာ” လို့ စာရေးသားခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

အဲ့ဒီပို့စ်မှာလည်း အသည်းပုံတွေနဲ့ ငိုနေတဲ့မျက်နှာ emoji ပုံတွေကိုလည်း မြင်တွေ့ရပါတယ်။ အိမ်ကြမ်းပြင်မှာတော့ အနီရောင် နှင်းဆီပွင့်ချပ်တွေနဲ့ တကယ့်ကိုပဲ ပြည့်နှက်နေခဲ့တာပါ။

Kylie က “ပျော်ရွှင်ဖွယ်ရာ မွေးနေ့ပါ။ ကျမတို့ အခုစတင်ခဲ့ပါပြီ။ ချစ်တယ်” လို့လည်း စာတိုတခုကို ရေးခဲ့ပါသေးတယ်။ အဲ့ဒီအခန်းထောင့်စွန်းမှာတော့ Kyile နဲ့ Travis တို့ရဲ့ သမီးလေး Stormi Webster ဟာ နှင်းဆီပွင့်ချပ်တွေနဲ့ ဆော့ကစားနေခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီဗီဒီယိုမှာတော့ ရယ်ရွှင်ဖွယ်ရာ မှတ်ချက်တွေ ရေးသားခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

အသုံးပြုသူတဦးက “ဒီဟာကို ဘယ်သူရှင်းလင်းမှာလဲဆိုပြီး စဉ်းစားရင်း စိတ်ဖိစီးနေခဲ့ရတာ” လို့ရေးသားပါတယ်။ Kylie ဟာ သူ့ရဲ့ ၂၂ နှစ်ပြည့်မွေးနေ့ပွဲကိုတော့ မလေးရှား စီးပွားရေး လုပ်ငန်းရှင် Jho Low ပိုင်ဆိုင်ခဲ့ဖူးတဲ့ Equanimity ဆိုတဲ့ ရွက်လှေကြီးပေါ်မှာ ဒီလနှောင်းပိုင်းကျရင် ကျင်းပမှာ ဖြစ်ပါတယ်။

TMZ ဖျော်ဖြေရေး မီဒီယာရဲ့အဆိုအရ Kylie Cosmetics တည်ထောင်သူ Kylie ဟာ Tranquility လို့ နာမည်ပြောင်းပေးထားတဲ့ အဲ့ဒီ ရွက်လှေကို ဒေါ်လာ ၁ ဒဿမ ၂ သန်းနဲ့ ငှားရမ်းထားတယ်လို့ သိရပါတယ်။

Ref. hindustantimes

You may also like these stories:

အသက် ၃၀ အောက် ဝင်ငွေအများဆုံး နာမည်ကျော် စာရင်းမှာ Kylie Jenner ဦးဆောင်

အွန်လိုင်း မီဒီယာပေါ်က သမီးလေးရဲ့ ဓာတ်ပုံတွေ ပြန်ဖျက်လိုက်တဲ့ Kylie Jenner

အမေများနေ့မှာ Skincare ထုတ်ကုန်ပစ္စည်း အသစ်တွေ မိတ်ဆက်လိုက်တဲ့ Kylie Jenner

Your Thoughts …
Tags: Kylie Jennerမွေးနေ့
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

အာဏာရှင်တွေ ကြောက်တဲ့နေ့ (ရုပ်/သံ)

အာဏာရှင်တွေ ကြောက်တဲ့နေ့ (ရုပ်/သံ)

by ယဉ်မွန်
20 June 2024
385

ဒီကနေ့ဟာ အာဏာရှင်တွေအဆက်ဆက် ကြောက်ရွံ့ခဲ့ရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ဘယ်လိုဖမ်းဆီးချုပ်နောင်ထားတယ် ဆိုတာ လူထုကိုပေးမသိပေမယ့် ပြည်သူတွေက သူမရဲ့ ၇၉ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်တွေပြုလုပ်ခဲ့ကြပါတယ်။

တေးသည် တဦး၏ ရွှေရတု သဘင်

တေးသည် တဦး၏ ရွှေရတု သဘင်

by အောင်သင်း
16 August 2025
338

အနုပညာရှင်ပင် ဖြစ်လင့်ကစား ပြည်သူ ချစ်သော အနုပညာရှင် တယောက် ဖြစ်ဖို့ ဆိုသည်ကလည်း နောက်တဆင့် ဒုလ္လဘ မဟုတ်ပါလား…

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

by ဧရာဝတီ
19 June 2025
233

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်း ဗီဒီယိုဖိုင် အများဆုံးနဲ့ ဂင်းနစ်စံချိန် တင်ဖို့ ကြိုးပမ်းနေတာမှာ ရုပ်သံဖိုင်ပေါင်း တသိန်းကျော် ရရှိထားပြီး အဲ့ဒီထဲက ၄၀ ရာခိုင်နှုန်းက စီစစ်အောင်မြင်ပြီးဖြစ်တယ်လို့...

ဒေါ်အောင်ဆန်းစုကြည်

စစ်ခေါင်းဆောင်တွေရဲ့ နောက်ဆုံးလုပ်ကြံမှုကို ဒေါ်အောင်ဆန်းစုကြည် ကျော်လွှားနိုင်မလား

by နိုင်ခေတ်
27 June 2022
15.3k

ဒီတကြိမ် အရင်နဲ့မတူဘဲ သူ့ကို အပြီးသတ်ရှင်းပစ်ဖို့ စစ်ခေါင်းဆောင်တွေ ရည်ရွယ်နေတာပါ။ သူတို့အတွက် ကံကောင်းတာကတော့ ၇၇ နှစ် ရှိနေပြီဖြစ်တဲ့ သူ့အသက်ပါပဲ။

နှစ် ၃၀ ဝန်းကျင်…မန္တလေးက မွေးနေ့ပွဲ…

နှစ် ၃၀ ဝန်းကျင်…မန္တလေးက မွေးနေ့ပွဲ…

by ချစ်ဝင်းမောင်
30 November 2025
144

ထိုအခါ စစ်အစိုးရ၏ ဖိနှိပ်မှုတွေကို လျစ်လျူရှု ခံနိုင်ရည်ရှိပုံမျိုး အမေ့မျက်နှာမှာ တွေ့ရ… လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က မွေးနေ့ပွဲအကြောင်း ပြောသောအခါ ဓာတ်ပုံဟောင်း တခုကို ပြန်ကြည့်ရသလို…

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ ဆုတောင်းစကားများ (ရုပ်/သံ)

by ဧရာဝတီ
16 June 2025
96

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထောင်ချ ခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၈၀ ပြည့်မှာဖြစ်ပါတယ်။

Next Post
ဧည့်လမ်းညွှန် တဦးဖြစ်တဲ့ ရုရှားအဘိုးအို Rasner

အိမ်ခြေရာမဲ့ ဘဝကနေ နာမည်ကြီး ဧည့်လမ်းညွှန်တဦး ဖြစ်လာခဲ့တဲ့ ရုရှားအဘိုးအို

မြို့သာ ဆေးခြောက်စိုက်ပျိုး အမှု တရားစွဲ အရေးယူရမည့်ကိစ္စ မဟုတ် ဟုဆို (ရုပ်/သံ)

မြို့သာ ဆေးခြောက်စိုက်ပျိုး အမှု တရားစွဲ အရေးယူရမည့်ကိစ္စ မဟုတ် ဟုဆို (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved