ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ ကံအဆိုးဆုံး နိုင်ငံ့ခေါင်းဆောင်တဦးလို့ ပြောရင်မမှားပါဘူး။ သူ့အသက် ၇၇ နှစ်ပြည့်ပြီး ၃ ရက်မြောက်နေ့မှာပဲ အကျဉ်းထောင်ထဲ ပို့ခံခဲ့ရတယ်။
သူ့နေရာမှာဝင်ပြီး ခံစားကြည့်ဖို့ ခက်လှပါတယ်။
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူတဦးကနေ အကျဉ်းသား၊ အကျဉ်းသားတဦးကနေ ပြည်သူ တင်မြှောက်တဲ့ နိုင်ငံခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင်ကနေ အကျဉ်းပြန်စံရတဲ့ဘဝကို တွေးကြည့်ရတာ မလွယ်ပါဘူး။
လွန်ခဲ့တဲ့ တနှစ်ကျော်ကာလအထိ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ တိုင်းပြည်ရဲ့ ထိပ်ဆုံးခေါင်းဆောင် တယောက် ပါ။ ရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီက တောင်ပြိုကမ်းပြိုနိုင်ပြီး ၃ လအကြာမှာ နေအိမ်အကျယ်ချုပ် ပြန်ကျခံခဲ့ရတာပါ။
အခုတော့ ကမ္ဘာပေါ်မှာ အကောက်ကျစ် အရက်စက်ဆုံး စစ်အုပ်စုရဲ့ အကျဉ်းထောင်ထဲကို ရောက်နေခဲ့ပါပြီ။
လွန်ခဲ့တဲ့ တနှစ်ကျော်ကာလအထိ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ တိုင်းပြည်ရဲ့ ထိပ်ဆုံးခေါင်းဆောင် တယောက် ပါ။ ရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီက တောင်ပြိုကမ်းပြိုနိုင်ပြီး ၃ လအကြာမှာ နေအိမ်အကျယ်ချုပ် ပြန်ကျခံခဲ့ရတာပါ။
ဒါပေမယ့် ဘဝဆိုတာ ရွေးချယ်မှုဆိုတဲ့အတိုင်း ဒါက သူရွေးချယ်ခဲ့တဲ့ ဘဝပါပဲ။ ဒါဟာ မှားတယ်ဆိုရင်တော့ အစကတည်းက သူ မှားခဲ့တာပါ။
သူ့စကားအတိုင်းပြောရမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ပြည်သူတရပ်လုံး အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးအတွက် “တိုင်းပြည်ရဲ့ ဒုတိယမြောက် လွတ်လပ်ရေး တိုက်ပွဲ” ကို ဆင်နွှဲဖို့ ၁၉၈၈ ခုနှစ်ကတည်း က သူရွေးခဲ့တဲ့ လမ်းပါ။
တနေ့မှာ ဒီလိုမျိုး ထောင်နန်းစံရမယ်လို့ အစကတည်းက သူသဘောပေါက်ပြီးသား နေမှာပါ။
မဟုတ်ခဲ့ရင်တောင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး၊ သူ့အစိုးရကို ဖျက်သိမ်း၊ သူ့ကိုဖမ်းခဲ့တဲ့ အချိန်မှာတော့ ဒါကို နားလည်ခဲ့မှာ သေချာပါတယ်။ ဆင်ခြင်နိုင်စွမ်းရှိတဲ့ သူ့အတွက်တော့ အဲဒီအချိန်ကတည်းက စိတ်ကို ပြင်ဆင်ပြီးသား ဖြစ်မှာပါ။
စစ်အာဏာရှင်အဆက်ဆက် ကြုံခဲ့ရသမျှ နိုင်ငံရေးလောကဓံတွေကို ရင်ဆိုင်အံတုနိုင်ခဲ့တဲ့ သူ့အတွက်တော့ ဖြုံမှာမဟုတ်ပါဘူး။ တရားရှိတဲ့ သူ့အနေနဲ့ ဒီထက်မကတဲ့အဆိုးတွေရယ်၊ အဆိုးဆုံးဖြစ်တဲ့ သေခြင်းတရားကိုတောင် ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသား နေမှာပါ။ အခုထိသူ့ကို မတရားချထားတဲ့ ထောင်ဒဏ်က ၁၁ နှစ်ရှိနေပြီး၊ သူ့ကို တရားစွဲထားတဲ့ အမှုတွေအားလုံးကို ပြစ်ဒဏ်ချမယ်ဆိုရင် နှစ်ပေါင်း ၁၀၀ ကျော်အထိ စစ်ကောင်စီရဲ့ တရားရုံးတွေက ထောင်ဒဏ်ချဖို့ ရှိပါတယ်။
စစ်အာဏာရှင်အဆက်ဆက် ကြုံခဲ့ရသမျှ နိုင်ငံရေးလောကဓံတွေကို ရင်ဆိုင်အံတုနိုင်ခဲ့တဲ့ သူ့အတွက်တော့ ဖြုံမှာမဟုတ်ပါဘူး။ တရားရှိတဲ့ သူ့အနေနဲ့ ဒီထက်မကတဲ့အဆိုးတွေရယ်၊ အဆိုးဆုံးဖြစ်တဲ့ သေခြင်းတရားကိုတောင် ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသား နေမှာပါ။
ဒါဟာ စစ်ကောင်စီရဲ့သူ့အပေါ် အဆုံးသတ် လုပ်ကြံမှုဆိုတာ သံသယရှိစရာ မလိုပါဘူး။
ဒီတကြိမ်မှာတော့ သူရွေးချယ်ခဲ့တဲ့ နိုင်ငံရေးဘဝသာမက၊ သူ့အမေ မွေးဖွားပေးခဲ့တဲ့ သူ့ခန္ဓာနဲ့ အသက်ကိုပါ စစ်ကောင်စီနဲ့ အာဏာသိမ်းခေါင်ဆောင် မင်းအောင်လှိုင်က အဆုံးစီရင်ဖို့ ကြံစည်နေလောက်ပြီဆိုတာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရိပ်မိမှာပါ။
သူဟာ စစ်ခေါင်းဆောင်တွေရဲ့ မတရား အာဏာဆုပ်ကိုင်ထားမှုကို တောက်လျှောက် စိန်ခေါ်ခဲ့တဲ့သူ တယောက်ပါ။ ဒါကြောင့် ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေက သူ့ကိုနိုင်ငံရေးက ဖယ်ထုတ်ဖို့ မတရားတဲ့နည်းမျိုးစုံ သုံးပြီး ကြိုးစားခဲ့ကြတယ်။
သူ့ကိုနေအိမ်အကျယ်ချုပ် ၁၅ နှစ်လောက်ချခဲ့တယ်။ သူ့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ရလာဒ်တွေကိုလည်း ဖျက်သိမ်းခဲ့တယ်။ ပါတီကိုလည်း နလန်မထူနိုင်အောင် ဖိနှိပ်ခဲ့တယ်။ ပါတီရဲ့ အဖွဲ့ဝင်တွေနဲ့ ထောက်ခံသူတွေကိုလည်း ဖမ်းဆီး နှိပ်စက်သတ်ဖြတ်တယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး သူ့ရဲ့ရွေးကောက်ခံ အရပ်သား အစိုးရကို ဖြုတ်ချခဲ့တယ်။ သူ့ကိုလည်း ထောင်ဒဏ်နှစ်ရှည်တွေချပြီး နေအိမ်မှာထပ်မံထိန်းသိမ်းခဲ့တယ်။
ဒါတွေတောင် မလုံလောက်သေးပါဘူး။
ပြီးခဲ့တဲ့အပတ်က သူ့ကိုထောင်ထဲပို့လိုက်တာဟာ စစ်ကောင်စီရဲ့ နောက်တဆင့်တိုး ကြံစည်တဲ့ ရက်စက်မှုတခုပါပဲ။
ဒီတကြိမ် အရင်နဲ့မတူဘဲ သူ့ကို အပြီးသတ်ရှင်းပစ်ဖို့ စစ်ခေါင်းဆောင်တွေ ရည်ရွယ်နေတာပါ။ သူတို့အတွက် ကံကောင်းတာကတော့ ၇၇ နှစ် ရှိနေပြီဖြစ်တဲ့ သူ့အသက်ပါပဲ။
ဒီတခါတော့ သူ့ကိုထောင်ထဲမှာ နှစ်ရှည်ထားလိုက်ရုံနဲ့ သူ့ရဲ့နောက်ဆုံးထွက်သက်ကို အကျဉ်းခန်းထဲမှာပဲ နောက်ဆုံးရှူထုတ်ရင်း သူ့ဘဝအဆုံးသတ်သွားဖို့ မင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါတွေတွေးပြီး ကျေနပ်နေနိုင်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ပို့ရတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ဆိုတာ မလွဲနိုင်ပါဘူး။
ဒီတကြိမ် အရင်နဲ့မတူဘဲ သူ့ကို အပြီးသတ်ရှင်းပစ်ဖို့ စစ်ခေါင်းဆောင်တွေ ရည်ရွယ်နေတာပါ။ သူတို့အတွက် ကံကောင်းတာကတော့ ၇၇ နှစ် ရှိနေပြီဖြစ်တဲ့ သူ့အသက်ပါပဲ။
ပြည်သူတွေအတွက်ကတော့ အကြိမ်ကြိမ်ဆုံးရှုံးခဲ့ရတဲ့ သူတို့ရဲ့ခေါင်းဆောင်ကို ထပ်ဆုံးရှုံးခဲ့ရတယ်။
သူ့ရဲ့တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံမှုတွေကို ပြည်သူတွေအနေနဲ့ တန်ဖိုးဖြတ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ကိုယုံကြည်ပြီး သူ့ပါတီကိုတောက်လျှောက် မဲထည့်ခဲ့ကြတယ်။ သူတို့ခေါင်းဆောင်ရဲ့ တိုင်းပြည်နဲ့ သူတို့အပေါ် ထားရှိတဲ့ စိတ်ရင်းစေတနာကိုလည်း အပြည့်အဝ ခံစားနားလည်တာ သေချာပါတယ်။ ဒါကြောင့်လည်း သူ့ကိုခေါင်းဆောင်တယောက်ထက်ပိုပြီး မိခင်တယောက်လိုတောင် လေးစားချစ်ခင်ကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တယောက်ပါ။ ၁၉၉၀ ကစလို့ ရွေးကောက်ပွဲတိုင်းမှာ သူ့ပါတီက တောက်လျှောက် တောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်။ အဲဒီလိုနိုင်ခဲ့တဲ့ နိုင်ငံခေါင်းဆောင် ကမ္ဘာပေါ်မှာ မရှိသလောက်ပါပဲ။
ဒီလိုခေါင်းဆောင်ကို စစ်အုပ်စုက ထောင်ထဲပို့တယ်ဆိုတာ သူ့ကိုထောက်ခံတဲ့ပြည်သူတရပ်လုံးကို ပြစ်ဒဏ်ခတ်တဲ့ သဘောပါ။ ပြည်သူတွေဖက်ကကြည့်ရင် စော်ကားခံရတာပါပဲ။
စစ်အုပ်စုရဲ့ သူ့အပေါ် ရက်စက်သမျှဟာ ပြည်သူကို ရက်စက်တာပါ။ သူ့ကို စော်ကားတာဟာ ပြည်သူကို စော်ကားတာ ဖြစ်သလို၊ ပြည်သူကို စော်ကားတာဟာလည်း သူ့ကို စော်ကားတာပါပဲ။
ခေါင်းဆောင်ခံစားရတော့ ပြည်သူပါ ခံစားရပါတယ်။
ဒါပေမယ့် အမှားကင်းတဲ့လူ မရှိသလို ဒေါ်အောင်ဆန်းစုကြည်လည်း အမှားမကင်းပါဘူး။
စစ်ခေါင်းဆောင်တွေနဲ့ ပြန်လည်သင့်မြတ်ရေးကို ဦးစားပေးခဲ့တာ မှားပါတယ်။ ဒါပေမယ့် သူတယောက်တည်း မဟုတ်ပါဘူး။ အဲဒီအချိန်မှာ စစ်အုပ်စုနဲ့ သင့်မြတ်ရေးသာ တိုင်းပြည်အတွက် တခုတည်းသော နိုင်ငံရေး ဖြေရှင်းမှုပုံစံလို့ အများစုက မြင်ခဲ့ကြတယ်။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။
စစ်အုပ်စုရဲ့ သူ့အပေါ် ရက်စက်သမျှဟာ ပြည်သူကို ရက်စက်တာပါ။ သူ့ကို စော်ကားတာဟာ ပြည်သူကို စော်ကားတာ ဖြစ်သလို၊ ပြည်သူကို စော်ကားတာဟာလည်း သူ့ကို စော်ကားတာပါပဲ။
ပြည်သူ အများစုလက်ခံထားတဲ့ စေ့စပ်ရေးလမ်းကြောင်းကို ရိုက်ချိုးခဲ့တာ စစ်ခေါင်းဆောင်တွေ ကိုယ်တိုင်ပါပဲ။ သူတို့ရဲ့ ၂၀၂၁ အာဏာသိမ်းမှုကြောင့် အဲဒီလမ်းစဉ်ကို ပြည်သူတွေက လက်မခံတော့ပါဘူး။
နောက်တခု သူမှားခဲ့တာက ၂၀၁၇ မှာ စစ်တပ်က ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ပြီး မောင်းထုတ်ခဲ့တဲ့ ကိစ္စမှာ စစ်ခေါင်းဆောင်တွေအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေမကျူးလွန်ဘူးလို့ မှတ်ယူခဲ့တာပါပဲ။ တကယ်တော့ စစ်အုပ်စုဟာ ပရော်ဖက်ရှင်နယ် စစ်တပ်ဖြစ်ဖို့ဝေးစွ လူသတ်စစ်တပ်ဖြစ်နေတာ ကြာခဲ့ပါပြီ။
လူမျိုးစုတစုကို မျိုးတုန်းသတ်ဖို့၊ သူတို့ကို ဆန့်ကျင်တဲ့သူမှန်သမျှကို အစုလိုက်အပြုံလိုက်သတ်ဖို့၊ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးအင်အားစုတွေကို ချေမှုန်းဖို့၊ အပြစ်မဲ့ပြည်သူတွေကိုသတ်ဖြတ်ဖို့ လက်မတွန့်တဲ့ ရက်စက်ရမ်းကားတဲ့ အုပ်စုတစုထက် မပိုပါဘူး။
မနှစ်က အာဏာသိမ်းပြီးချိန်ကတည်းက ပြည်သူတွေက သူတို့ကို အကြမ်းဖက်လူသတ်အုပ်စုထက် ပိုမမြင်တော့ပါဘူး။ ဒါကြောင့်လည်း အဲဒီလူရမ်းကားတွေနဲ့ ပြန်လည်သင့်မြတ်ဖို့ စေ့စပ်ညှိနှိုင်းမယ်ဆိုတဲ့အယူအဆဟာ အတိတ်မှာ မြေမြှုပ်ပြီးသား ဖြစ်သွားပါပြီ။
“သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဆိုတဲ့ကြွေးကြော်သံဟာ ပြည်သူတွေရင်ထဲက ထွက်လာတာပါ။ အကြမ်းဖက်စစ်တပ်ကို မြေလှန်ပစ်ပြီး ပြည်သူကို သစ္စာခံမယ့် စစ်တပ်ကို ဖွဲ့စည်းတည်ထောင်ဖို့ ရည်စူးနေခဲ့ကြပြီ။
မနှစ်က အာဏာသိမ်းပြီးချိန်ကတည်းက ပြည်သူတွေက သူတို့ကို အကြမ်းဖက်လူသတ်အုပ်စုထက် ပိုမမြင်တော့ပါဘူး။ ဒါကြောင့်လည်း အဲဒီလူရမ်းကားတွေနဲ့ ပြန်လည်သင့်မြတ်ဖို့ စေ့စပ်ညှိနှိုင်းမယ်ဆိုတဲ့အယူအဆဟာ အတိတ်မှာ မြေမြှုပ်ပြီးသား ဖြစ်သွားပါပြီ။
ရက်စက်ကြမ်းကြုတ်တဲ့ စစ်ခေါင်းဆာင်တွေနဲ့ ညှိနှိုင်းဖို့ မလိုတော့ဘူးဆိုတာ ထောင်ထဲမှာချုပ်နှောင်ခံထားရတဲ့ သူတို့ရဲ့ခေါင်းဆောင်ကို ပြည်သူတွေက သိစေချင်နေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြည်သူတွေနဲ့အတူ ရှိရပါမယ်။ မဟုတ်ရင်တော့ ပြည်သူ့ကိုကိုယ်စားပြုတဲ့ ခေါင်းဆောင် မဖြစ်နိုင်တော့ပါဘူး။
ဒါပေမယ့်လည်း သူဟာ ပြည်သူနဲ့ အမြဲရပ်တည်တဲ့ ခေါင်းဆောင်ဆိုတာ တလျှောက်လုံး သက်သေထူခဲ့ပါတယ်။
လက်ရှိအချိန်ထိ စစ်ခေါင်းဆောင်တွေ အကြောက်ဆုံး နိုင်ငံရေးသမားပြပါဆို သူပဲရှိပါတယ်။ ဒါကြောင့်လည်း သူ့လောက် ဘယ်သူမှ ဆိုးဆိုးဝါးဝါး၊ ရက်ရက်စက်စက် ဖမ်းဆီးထောင်ချ လုပ်ကြံတိုက်ခိုက် မခံရပါဘူး။ သူဟာ သူတို့ရဲ့ အကြီးမားဆုံး ရန်သူတယောက်ပါပဲ။
ဒီအချက်က သူဟာ ပြည်သူတွေနဲ့အတူ ရှိနေတယ်ဆိုတာကို ပြသတဲ့ သက်သေပါ။ သူ့ရဲ့မွေးနေ့မှာ မြို့ပေါ်က ဆန္ဒပြလူငယ်တွေနဲ့ တောထဲမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ လူငယ်တွေပါ သူ့အတွက် မွေးနေ့ဆုတောင်းပွဲတွေ လုပ်ခဲ့ကြတာတွေ့ရပါတယ်။ ဒါက ပြည်သူဖက်က သူ့အပေါ်ထောက်ခံမှုပါ။
ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ကာလတလျှောက်မှာ စစ်ခေါင်းဆောင်တွေရဲ့ နှစ်ရှည် ဖမ်းဆီးချုပ်နှောင်မှု၊ သတ်ဖြတ်ဖို့ လုပ်ကြံမှုတွေအပါအဝင် ကောက်ကျစ်မှုပေါင်းစုံကိုတော့ သူကျော်လွှားနိုင်ခဲ့ပြီးပါပြီ။ ဒါကြောင့်လည်း သူ့ကို “သံမဏိနှင်းဆီ” လို့ ခေါ်ကြတာဖြစ်ပါတယ်။
ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင်ပြီး စစ်ဗိုလ်ချုပ်တွေ သူ့ကို အပြီးသတ်လုပ်ကြံနိုင် မလားဆိုတာတော့ အချိန်က စကားပြောမှာပါ။
ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ကာလတလျှောက်မှာ စစ်ခေါင်းဆောင်တွေရဲ့ နှစ်ရှည် ဖမ်းဆီးချုပ်နှောင်မှု၊ သတ်ဖြတ်ဖို့ လုပ်ကြံမှုတွေအပါအဝင် ကောက်ကျစ်မှုပေါင်းစုံကိုတော့ သူကျော်လွှားနိုင်ခဲ့ပြီးပါပြီ။ ဒါကြောင့်လည်း သူ့ကို “သံမဏိနှင်းဆီ” လို့ ခေါ်ကြတာဖြစ်ပါတယ်။
သူက ပိန်ပေမယ့် သန်မာပါတယ်။ အိုပေမယ့် ပြတ်သားပါတယ်။ တယောက်ထဲပေမယ့် သတိမြဲပါတယ်။ ချုပ်နှောင်ခံထားရပေမယ့် ငြိမ်းအေးနေမှာပါ။
You may also like these stories:
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတ တို့အား ထောင်တွင်း၌ ရုံးထုတ်
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်တွင်းတရားခွင်၌ စတင်စစ်ဆေး
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ပို့
နိုင်ငံတကာက စိတ်မဝင်စားကြတော့တဲ့ မြန်မာ့ခေါင်းဆောင်ရဲ့မွေးနေ့နှင့် အတွေးများ
ဒေါ်အောင်ဆန်းစုကြည်ကို လေယာဉ်စင်းလုံးငှားမှုဖြင့် အရေးယူရန် ဘူးလက်လှဆွေတိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနယ်အမှုတွဲ စွဲချက်တင်ခံရ