ဇွန်လ ၁၉ ရက်က ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၇ နှစ်ပြည့် မွေးနေ့ကို မြန်မာပြည်တွင်းနဲ့ တကမ္ဘာလုံးမှာ ရှိကြတဲ့ ထောက်ခံသူပြည်သူတရပ်လုံးက သောင်းသောင်းဖျဖျ ကျင်းပခဲ့ကြပြီး လူထုခေါင်းဆောင် သက်ရှည်ကျန်းမာစေဖို့၊ အကျဉ်းကျခံဘဝကနေ အမြန်ဆုံးပြန်လည် လွတ်မြောက်နိုင်ပြီး သူချစ်တဲ့ မြန်မာပြည်သူတွေနဲ့ ပြန်လည်တွေ့ဆုံနိုင်စေဖို့ ဆုတောင်းသံတွေ ညံခဲ့ပါတယ်။
Facebook လူမှုကွန်ရက်စာမျက်နှာထက်မှာဆို ဒေါ်အောင်ဆန်းစုကြည်အတွက် စာတွေ၊ ကဗျာတွေ၊ ပုံတွေ၊ တခြား ဖန်တီးမှုတွေနဲ့ မွေးနေ့ဆုတောင်းပေးကြတဲ့ ပို့စ်တွေနဲ့ ပြည့်လျှံသွားခဲ့ပါတယ်။
မြန်မာပြည်သူတွေရဲ့ နှလုံးသားမှာ အခိုင်အမာရရှိထားပြီးဖြစ်တဲ့ နေရာမှာ ဆက်ရှိနေသေးတာ သေချာပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ဟိုးအရင် နှစ်ကာလတွေတုန်းကလို နိုင်ငံတကာ ခေါင်းဆောင်တွေ၊ နိုင်ငံတကာက ထင်ရှားတဲ့ ဩဇာတိက္ကမ ရှိသူတွေ၊ မိတ်ဆွေဟောင်းတွေရဲ့ မွေးနေ့ ဆုတောင်းသံတွေ၊ သူ လွတ်မြောက်ဖို့ဆန္ဒပြုသံတွေကိုတော့ဖြင့် သိပ်ကျယ်ကျယ်လောင်လောင် မတွေ့ခဲ့ရပါဘူး။
မြန်မာပြည်သူတွေရဲ့ နှလုံးသားမှာ အခိုင်အမာရရှိထားပြီးဖြစ်တဲ့ နေရာမှာ ဆက်ရှိနေသေးတာ သေချာပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ဟိုးအရင် နှစ်ကာလတွေတုန်းကလို နိုင်ငံတကာ ခေါင်းဆောင်တွေ၊ နိုင်ငံတကာက ထင်ရှားတဲ့ ဩဇာတိက္ကမ ရှိသူတွေ၊ မိတ်ဆွေဟောင်းတွေရဲ့ မွေးနေ့ ဆုတောင်းသံတွေ၊ သူ လွတ်မြောက်ဖို့ဆန္ဒပြုသံတွေကိုတော့ဖြင့် သိပ်ကျယ်ကျယ်လောင်လောင် မတွေ့ခဲ့ရပါဘူး။ အရှေ့တောင်အာရှ (အာဆီယံ) မှာ ဆိုရင်တောင် စင်ကာပူ နိုင်ငံရေးခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရှစ် တစ်ယောက်သာ လူသိရှင်ကြား ဆုတောင်းပေးခဲ့တာ သတိပြုမိပါတယ်။
ဒါဟာ တချိန်က မြန်မာမှာသာမက၊ ကမ္ဘာမှာ ဩဇာတိက္ကမ အရှိဆုံး ပုဂ္ဂိုလ်တွေထဲမှာ ပါခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ စိတ်မကောင်းဖြစ်စရာ တခုပါပဲ။ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အကြား စုစုပေါင်း ၁၅ နှစ်ကြာအောင် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရစဉ်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရောက်တိုင်း တကမ္ဘာလုံးက သူ့ကို မမေ့ကြောင်း ပြသခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်းသတ္တိရှိမှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေ အကြောင်းကို ထုတ်ဖော်ပြီး သူ့ရဲ့ ဂုဏ်ကို ဝိုင်းဝန်းမြှင့်တင်ပေးခဲ့ကြပါတယ်။ ကမ္ဘာတဝန်းလုံးမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သူတွေဟာ “ငါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံက လာတာ” လို့ ပြောတိုင်း တခြားနိုင်ငံသားတွေရဲ့အမြင်မှာ အံ့ဩလေးစား အထင်ကြီးမှုတွေနဲ့ ကြည့်တာကို ခံခဲ့ရကြောင်းကို မကြာခဏ ကြားသိခဲ့ကြရပါတယ်။
ဒါတွေအားလုံးဟာ မကြာသေးမီကာလများကစလို့ ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ် ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ကကျူးလွန်ခဲ့တဲ့ ‘လူမျိုးတုံးသတ်ဖြတ်မှု’ လို့ စွပ်စွဲခံရတဲ့ ရာဇဝတ်မှုကြီးတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှုတ်ဆိတ်နေတယ်၊ ဒါ့အပြင် စစ်တပ်ဘက်က ကာကွယ်ဖာထေး ပြောဆိုခဲ့တယ်ဆိုပြီး နိုင်ငံတကာအလယ်မှာ တချိန်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ ပုဂ္ဂိုလ် အဖြစ်ကနေ လျှောကျခဲ့ရပါတယ်။ ကမ္ဘာတလွှား သူ့ရဲ့ရုပ်ပုံတွေကို ပြတိုက်တွေထဲကနေ ပြန်ဖြုတ်သိမ်းခဲ့ ကြတယ်။ သူ့ကို ချီးမြှင့်ထားတဲ့ ဆုတံဆိပ်တချို့ ပြန်ရုပ်သိမ်းခံခဲ့ရတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လူမျိုးတုံး သတ်ဖြတ်မှု ပြတိုက်မှာတောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အတူယှဉ်တွဲ ဖော်ပြလိုက်တဲ့အထိ ကျဆင်းခဲ့ရပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေဘက်ကို ကြည့်ပြန်တော့လည်း ရိုဟင်ဂျာတွေ အပေါ်မှာ မစာနာတဲ့အပြင် အလိုတူအလိုပါ လူမျိုးရေး မုန်းတီးစကားတွေ ပြောခဲ့ကြတယ်၊ သူတို့ကို သုတ်သင် မောင်းထုတ်တာကိုပဲ မှန်ကန်တယ်ဆိုတဲ့ သဘောမျိုးတွေအထိ အများစုသော လူထုကြီးက သံယောင်လိုက် ထုတ်ဖော်ခဲ့ ကြတာတွေကြောင့်လည်း တနိုင်ငံလုံး၊ တမျိုးသားလုံးပါ ကမ္ဘာ့အလယ်မှာ အကြီးအကျယ် သိက္ခာကျခဲ့ရပါတယ်။
မြန်မာ့အရေးလို့ ပြောလိုက်ရင် နိုင်ငံတကာက ရိုဟင်ဂျာအရေးကိုသာ ထိပ်တန်းဦးစားပေးအဆင့်မှာ ထားပြီး အခု လက်ရှိဖြစ်နေတဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲ နွေဦးတော်လှန်ရေးကိုတောင်မှ ရိုဟင်ဂျာအရေး လောက် သိပ်ပြီး စိတ်ဝင်စားမှုမရှိတာကို တွေ့ရပါတယ်။
ဒါတွေကြောင့်လည်း ဒီဘက်နှစ်တွေအတွင်းမှာ မြန်မာ့အရေးဟာ အရင်ကနဲ့စာရင် နိုင်ငံတကာ (အထူးသဖြင့် အနောက်ဥရောပနဲ့ အမေရိကလို ဒီမိုကရေစီ နိုင်ငံကြီးတွေ) ဆီကနေ အားပေးထောက်ခံမှု လျော့ကျခဲ့ပါတယ်။ မြန်မာ့အရေးလို့ ပြောလိုက်ရင် နိုင်ငံတကာက ရိုဟင်ဂျာအရေးကိုသာ ထိပ်တန်းဦးစားပေးအဆင့်မှာ ထားပြီး အခု လက်ရှိဖြစ်နေတဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲ နွေဦးတော်လှန်ရေးကိုတောင်မှ ရိုဟင်ဂျာအရေး လောက် သိပ်ပြီး စိတ်ဝင်စားမှုမရှိတာကို တွေ့ရပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြီး တက်ရောက်ခဲ့တဲ့ အမေရိကန် လွှတ်တော်အမတ်တချို့နဲ့ ပြုလုပ်ခဲ့တဲ့ အွန်လိုင်း အစည်းအဝေးတခုမှာလည်း အမေရိကန် အမတ်တယောက်က ဦးကျော်မိုးထွန်းကို NUG နဲ့ အခုလက်ရှိ တော်လှန်ရေးဟာ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်မှုအတွက် မည်သို့မည်ပုံ အကျိုးသက်ရောက်ဖို့ ရှိသလဲဆိုတဲ့ မေးခွန်းကို မေးခဲ့လို့ ဦးကျော်မိုးထွန်း အကျပ်ရိုက်ခဲ့ရပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူတွေရဲ့ အသည်းစွဲ ခေါင်းဆောင်တဦး ဖြစ်နေဆဲပဲဆိုတာ သံသယ ဖြစ်စရာ မရှိပေမယ့် နိုင်ငံရေးအရတော့ သူဟာ ရိုဟင်ဂျာကိစ္စမှာ ခြေလှမ်းမှားသွားခဲ့တယ်ဆိုတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒီအမှားကို ပြန်အဖတ်မဆယ်နိုင်သရွေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့အဆင့်မှာ အရင်ကလို ကြည်ညိုလေးစားမှု၊ ချီးကျူးထောမနာပြုမှုတွေကို ပြန်ရဖို့ မဖြစ်နိုင်တော့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ သည်ဟိဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ နိုင်ငံကိုယ်စားပြု သွားရောက် လျှောက်လဲခဲ့စဉ်တုန်းက ထွက်ဆိုခဲ့တဲ့ ပြောစကားတွေဟာ နိုင်ငံရေးအကျိုးအမြတ်တခုကို မျှော်မှန်းပြီး တပ်ဘက်ကနေ သာသာထိုးထိုး ထွက်ဆိုခဲ့တာလား၊ သူကိုယ်တိုင်က နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေကို အယုံအကြည်မရှိတာမျိုး၊ Genocide စွပ်စွဲချက်ဆိုတာကြီးကို လက်မခံတာမျိုးလားဆိုတာကတော့ ကာယကံရှင် ကိုယ်တိုင်ပဲ သိမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြသူ အတော်များများကတော့ အဓိကအချက်နှစ်ချက်ကို ထောက်ပြပြီး သူ့ဘက်ကနေ ခုခံကြပါတယ်။ အဲဒါကတော့ ပထမအချက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်ခေါင်းဆောင်ဟာ တပ်ရေးတပ်ရာတွေမှာ စိတ်ကြိုက်စီမံခန့်ခွဲခွင့်ရှိတဲ့အချက်ရယ်၊ ဒုတိယအချက် ထိုစဉ်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်ခြေမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး တိကျ မှန်ကန်တဲ့အချက်အလက်တွေ မရရှိဘဲ၊ အနီးနားက ဝန်းရံနေကြသူတွေရဲ့ သတင်းတု သတင်းမှားတွေကို အဟုတ်ထင်ခဲ့တယ် ဆိုတဲ့အချက်ရယ်ပဲ ဖြစ်ပါတယ်။
နိုင်ငံရဲ့ နံပါတ်တစ် နေရာကို ထုတ်မပြောဘဲ ရယူထားသူ တယောက်အနေနဲ့ ကိုယ့်ဘေးနားက လူတွေပေးတဲ့ သတင်းတု၊ သတင်းမှားတွေကိုသာ အမှန်ထင်ခဲ့တယ်ဆိုရင်လည်း အခုလို သတင်းနည်းပညာခေတ်ကြီးမှာ မဖြစ်သင့်တာကတော့ အမှန်ပါ။
ဒါတွေဟာလည်း ဟုတ်သင့်သလောက် ဟုတ်နိုင်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရဲ့ နံပါတ်တစ် နေရာကို ထုတ်မပြောဘဲ ရယူထားသူ တယောက်အနေနဲ့ ကိုယ့်ဘေးနားက လူတွေပေးတဲ့ သတင်းတု၊ သတင်းမှားတွေကိုသာ အမှန်ထင်ခဲ့တယ်ဆိုရင်လည်း အခုလို သတင်းနည်းပညာခေတ်ကြီးမှာ မဖြစ်သင့်တာကတော့ အမှန်ပါ။ နောက်တခုက NLD ပါတီထဲက တခြားထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့ အမှန်ကို သူသိအောင် မပြောကြဘူးလား၊ ဒီကိစ္စမှာ ဘယ်ဗျူဟာကိုသုံးပြီး ကိုင်တွယ်ဖြေရှင်းသင့်တယ်ဆိုတာကို ဝိုင်းဝန်း အကြံမပေးကြဘူးလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
အခု ကြည့်ရသလောက်ကတော့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင်က သူ့ကို ခြေလှမ်းမမှားရအောင် သတိပေးတားမြစ်တာ၊ အကြံပြုတာ၊ ဝိုင်းဝန်းထောက်ပြတာထက် သူကိုယ်တိုင် ဆုံးဖြတ်ဆောင်ရွက်တာကိုပဲ “ဟုတ်ကဲ့” လိုက်လုပ်ခဲ့တဲ့ သဘောဖြစ်ဖို့က ပိုများပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီထဲမှာ သူ့အတွက် လက်ရုံးတွေလို အားကိုးရပြီး တလေးတစား နားထောင်ရလောက်တဲ့ အကြံဉာဏ်တွေပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ ဉာဏ်ကြီးရှင်တွေ ရှိမနေခဲ့ဘူး (သို့မဟုတ်) ရှိအောင် လုပ်မထားဘူးလို့ မြင်ပါတယ်။ အဲဒီအစား အနားပြာတွေ၊ ဘောင်းတော်ညိတ် စိတ်တော်သိတွေသာ ရှိနေခဲ့လို့ မမှားသင့်တဲ့ အမှားတွေ ကျူးလွန်ရလောက်တဲ့အထိ ဖြစ်ခဲ့တာလို့ တွေးကြည့်မိပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံသမ္မတဟာ တပ်ချုပ်ကို အမိန့်မပေးနိုင်ဘူး၊ ဒါကြောင့် တပ်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity) တောက်လျှောက်ရခဲ့ပြီး ဒီလောက် ဆိုးရွားရက်စက်တဲ့ ရာဇဝတ်မှုကြီးတွေကို ကျူးလွန်နိုင်ခဲ့တာလို့ ယေဘုယျပြောနိုင်ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး တက်လာခဲ့တဲ့ NLD ပါတီဟာ သန္ဓေအရကို ဒီမိုကရေစီပါတီ၊ ပြည်သူ့ပါတီဖြစ်နေပါတယ်။ ဒါကြောင့် ၂၀၁၇-၁၈ မှာ စစ်တပ်က ရိုဟင်ဂျာတွေကို ဒီလောက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာကို ပြည်သူ့အစိုးရ အမည်ခံထားတဲ့ အစိုးရကိုယ်တိုင်က ဒီအတိုင်း လက်ပိုက်ကြည့်နေခဲ့သလား၊ လက်ပိုက်ကြည့်ရုံမက နိုင်ငံတကာအထိပါ စစ်တပ်ကို ဖာထေးခဲ့ရသလားဆိုပြီး အားလုံး ဒေါမနဿဖြစ်ခဲ့ရပါတယ်။
ပြည်သူတွေဘက်ကလည်း တုန့်ပြန်ပါတယ်။ အဲဒီတုန်းက စစ်တပ်ရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းမြင့်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ကသာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့မယ်၊ ကျူးလွန်တဲ့ စစ်ခေါင်းဆောင်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရေးယူဖို့လုပ်ခဲ့မယ်ဆိုရင် စစ်တပ်က ၂၀၁၈ ခုနှစ် လောက်ကတည်းက အာဏာသိမ်းခဲ့မှာပေါ့လို့ ပြန်တုန့်ပြန်ကြသူတွေလည်း ရှိခဲ့ကြပါတယ်။
အဲဒီအချိန်မှာ အာဏာသိမ်းခဲ့တယ်ဆိုရင်လည်း အခုထက် ပိုမိုနစ်နာသွားစရာတော့ မရှိပါဘူး။ အာဏာသိမ်းခဲ့လို့ ပြည်သူက ဆန္ဒပြမယ်၊ ဆန္ဒပြတာကို သေနတ်နဲ့ပစ်ပြီး နှိမ်နင်းခဲ့လို့ အခုလို လက်နက်ကိုင် လမ်းစဉ်ကို ရွေးခဲ့ကြမယ်ဆိုရင်လည်း ၂၀၂၁ ခုနှစ်ဟာ စောပြီး ရောက်သွားခဲ့တာကလွဲရင်၊ စိတ်ဆင်းရဲစရာတွေ စောပြီး ဖြစ်လာတာကလွဲရင် တဖက်က ကောင်းကျိုးတွေတောင် ပိုရနိုင်ပါသေးတယ်။
ဒါပေမယ့် အဲဒီအချိန်မှာ အာဏာသိမ်းခဲ့တယ်ဆိုရင်လည်း အခုထက် ပိုမိုနစ်နာသွားစရာတော့ မရှိပါဘူး။ အာဏာသိမ်းခဲ့လို့ ပြည်သူက ဆန္ဒပြမယ်၊ ဆန္ဒပြတာကို သေနတ်နဲ့ပစ်ပြီး နှိမ်နင်းခဲ့လို့ အခုလို လက်နက်ကိုင် လမ်းစဉ်ကို ရွေးခဲ့ကြမယ်ဆိုရင်လည်း ၂၀၂၁ ခုနှစ်ဟာ စောပြီး ရောက်သွားခဲ့တာကလွဲရင်၊ စိတ်ဆင်းရဲစရာတွေ စောပြီး ဖြစ်လာတာကလွဲရင် တဖက်က ကောင်းကျိုးတွေတောင် ပိုရနိုင်ပါသေးတယ်။
အဲဒီအချိန်တုန်းက ကမ္ဘာကြီးမှာ ကိုဗစ်ကပ်ရောဂါ မဖြစ်သေးသလို၊ ယူကရိန်းအရေးလည်း မပေါ်သေးပါဘူး။ ဒါ့အပြင် ကမ္ဘာက အော့နှလုံးနာရတဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အရပ်သားအစိုးရနဲ့ ပြည်သူက လက်မခံလို့ ပေါ်ပေါက်ရတဲ့ တော်လှန်ရေးဆိုပြီး ကမ္ဘာရဲ့ စိတ်ဝင်စားမှု၊ အားပေးထောက်ခံမှုကို ပိုရနိုင်ပါတယ်။ ကံကောင်းရင် အခု ယူကရိန်းရနေတဲ့ လက်နက်အထောက်အပံ့လောက်နီးနီးကိုတောင် မြန်မာတော်လှန်ရေးအနေနဲ့ ရနိုင်ပါသေးတယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ ကမ္ဘာ့အလယ်မှာ အခုထက် ဂုဏ်တင့်တယ်စွာနဲ့ ပေါ်ထွက်လာခဲ့မှာ ဖြစ်ပါတယ်။
ဒါတွေဟာ အတိတ်ကိုပြန်ပြောင်းပြီး အမှားရှာ အပြစ်ပြောနေတာမဟုတ်ပါဘူး။ ဒီအမှားတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်မယ့်ခရီးအတွက် အကောင်းဆုံး ပြင်ဆင်နိုင်ဖို့ရည်ရွယ်ပါတယ်။ NUG အနေနဲ့လည်း ကမ္ဘာ့နိုင်ငံတွေဆီက လေနဲ့ထောက်ခံတာမျိုးထက်ပိုတဲ့ လက်နဲ့ထောက်ပံ့တာမျိုးကို ရရှိချင်တယ်ဆိုရင် NLD အစိုးရ လက်ထက်တုန်းက ကျဆင်းခဲ့တဲ့သိက္ခာတွေ အတွက် ပြန်အဖတ်ဆည်တဲ့အနေနဲ့ ရိုဟင်ဂျာ အရေးကိစ္စကို အလေးအနက်ထားပြီး မူဝါဒရေးရာတွေမှာ ဦးစားပေးဖော်ပြဖို့ လိုပါတယ်။
မြန်မာ့ နွေဦးတော်လှန်ရေးဟာ အချင်းချင်း အဝေမတည့်လို့ အာဏာလုကြတာမျိုးမဟုတ်ဘူး၊ ရိုဟင်ဂျာတွေ အပါအဝင် အဖိနှိပ်ခံတွေအားလုံး လွတ်မြောက်ဖို့၊ စစ်အာဏာရှင်စနစ်ကြီးကို အမြစ်ကနေ မြေလှန်ပစ်ဖို့ ဖြစ်တယ်ဆိုတာကို ကမ္ဘာက အကျေအလည် နားလည်လာအောင် အစွမ်းကုန်ကြိုးစားဖို့ လိုပါတယ်။
ပြည်တွင်းထောက်ခံမှု တခုတည်းနဲ့ နွေဦးတော်လှန်ရေးကြီး အောင်မြင်ဖို့ဆိုတာ ခက်ခဲမှာမို့လို့ နိုင်ငံတကာရဲ့ အကူအညီကို (ဒီ့ထက်) ပိုရနိုင်ဖို့လိုပါတယ်။ နိုင်ငံတကာ အကူအညီ ရဖို့ဆိုတာဟာလည်း ဒီနိုင်ငံနဲ့ ဒီလူမျိုးဟာ အမှန်တရားကို မျက်ကွယ်ပြုသူတွေမဟုတ်ဘူး၊ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်တယ်ဆိုတာကို သူတို့သိအောင်လုပ်ဖို့ လိုပါတယ်။
ကမ္ဘာကျော်စာဆိုကြီး ရာဘင်ဒြာနတ်တဂိုး ပြောခဲ့တဲ့ စကားတခွန်းရှိပါတယ်။ ‘လူမျိုးတမျိုးဟာ အမှန်တရားအတွက် အသေခံဝံ့ရင် အဲဒီလူမျိုးဟာ ဘယ်တော့မှ မသေတော့ဘူး’ ဆိုတဲ့စကားပါ။
ကမ္ဘာကျော်စာဆိုကြီး ရာဘင်ဒြာနတ်တဂိုး ပြောခဲ့တဲ့ စကားတခွန်းရှိပါတယ်။ ‘လူမျိုးတမျိုးဟာ အမှန်တရားအတွက် အသေခံဝံ့ရင် အဲဒီလူမျိုးဟာ ဘယ်တော့မှ မသေတော့ဘူး’ ဆိုတဲ့စကားပါ။ နွေဦးတော်လှန်းရေးရဲ့ ခေါင်းဆောင်ပိုင်းကရော ပြည်သူတွေအနေနဲ့ပါ မြန်မာဆိုတာ တချိန်က အမှန်တရားကို မျက်ကွယ် ပြုသလိုဖြစ်ခဲ့ရင်တောင် အခုကစပြီး မျက်ကွယ်မပြုတော့ဘူး၊ မတရားမှု မှန်သမျှကို ဘယ်သူ့ကိစ္စဖြစ်ဖြစ် ကိုယ့်ကိစ္စလို သဘောထားပြီး ဆန့်ကျင်တိုက်ပွဲဝင်တယ်ဆိုတာ ပြသခြင်းအားဖြင့် ကျဆင်းခဲ့ရတဲ့ ဂုဏ်သိက္ခာတွေ အတွက် ပြန်အဖတ်ဆည်ပြီး နွေဦးတော်လှန်ရေးကြီး အမြန်ဆုံး အောင်ပန်း ဆွတ်ခူးနိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။
(ဇွဲမာန်သည် သတင်းထောက်နှင့် အယ်ဒီတာဟောင်း တဦးဖြစ်သည်။ ယခုဆောင်းပါးသည် စာရေးသူ၏ အာဘော်သာ ဖြစ်သည်။)
You may also like these stories:
စစ်အုပ်ချုပ်ရေးကြောင့် မြန်မာတွင် ဦးနှောက်ယိုစီးမှု ထပ်မံဖြစ်ပေါ်
သွေးဆာနေသော အပယ်ခံ စစ်ကောင်စီကို တရုတ် ဝမ်းမြောက်ဝမ်းသာ ထောက်ခံနေ
မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ
စစ်ကောင်စီ၏ မိုးလုံးပြည့်မုသာဝါဒ ဖြန့်ချိသူကြီး