• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဝတ်တဲ့ အဝတ်အစားတွေကို ဈေးနှုန်းတခုနဲ့ တန်ဖိုးမဖြတ်စေချင်တဲ့ နေခြည်ဦး

by ယုဖြူဟန်
3 October 2019
in Entertainment
A A
Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး  / Nay Chi Oo's Facebook

Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး / Nay Chi Oo's Facebook

27.9k
VIEWS
Share on FacebookShare on Twitter

မကြာခင်ရက်ပိုင်းက Paris Fashion Week ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ Branded ဖက်ရှင်များကို ဝတ်ဆင်ခဲ့တဲ့ နေခြည်ဦးကတော့ သူဝတ်ဆင်တဲ့ အဝတ်အစားများကို ဈေးနှုန်းတခုနဲ့ တန်ဖိုးမဖြတ်စေချင်ဘူးလို့ ပြောပါတယ်။

“နေခြည် တခုပြောချင်တာကတော့ နေခြည်တို့ ဝတ်တာတွေကို တန်ဖိုးကို ဈေးနဲ့မဖြတ်ပါနဲ့လို့။ ဘာဖြစ်လို့လဲဆိုတော့ နေခြည်တို့က နောက်မှာထည့်ရတဲ့ Effort (အားထုတ်မှု) က အများကြီးပဲ။ ဈေးနှုန်းလေးတခုထက် ကိုယ်ဝတ်လိုက်တဲ့ ဝတ်စုံ ကိုယ်ပေါ်မှာ တင်တဲ့ဟာကို ကိုယ်ဘယ်လို တန်ဖိုးထားလဲ။ ကိုယ့်ရဲ့ Lifestyle ကို ဘယ်လိုသွားမလဲ။ Fashion Week လည်းသွားနေတာ ဖြစ်တဲ့အတွက် ဒီလိုချပြလိုက်တာပါ”

“ဒါပေမယ့် ဒီလောက် ဈေးကြီးတာ ဝတ်ပြီး ဒီလိုညအိပ်လိုက်ပါတယ် ဆိုတာကိုပြောတာ မဟုတ်ဘူး။ ရေးလိုက်တဲ့စာကလည်း နေခြည်တို့က Attention (အာရုံစိုက်မှု) ယူရတာပေါ့”လို့ နေခြည်ဦးက ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
သဇင်ပန်း

သဇင်ပန်း

10 January 2026
129
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
310

Paris Fashion Week သွားခဲ့စဉ်က လေဆိပ်ဆင်းတဲ့အချိန်မှာ မြန်မာငွေ ၅၆ သိန်းတန် LV ညအိပ်ဝတ်စုံကို ဝတ်ဆင်ခဲ့တာဟာ လူအများထံက Attention ရချင်ရုံသာဝတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး “ဝတ်တဲ့ ဝတ်စုံတွေကလည်း ဒီတထည်က ဘယ်လောက်၊ ဟိုတထည်က ဘယ်လောက်၊ ဈေးကြီးတာ ဝတ်မယ်ဆိုပြီး ဝတ်ခဲ့တာ မဟုတ်ဘူး။ ကိုယ်သွားရတဲ့ Show မှာ ကိုယ်ဝတ်ပုံစားပုံကို ကိုယ့်ဘာသာ ဘယ်လိုဖန်တီးမလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကိုယ်စားပြုမလဲပေါ့”

“Fashion Week ဖြစ်တာကြောင့် တကမ္ဘာလုံးက ဟောလိဝုဒ်က မင်းသားမင်းသမီးတွေ မော်ဒယ်တွေ အများကြီး လာတယ်။ ဒီလူတွေကြားထဲမှာ ကိုယ့်ကို Recognize (အသိအမှတ်ပြု) လုပ်ရတယ်။ အဲဒါမျိုးကြောင့်သွားဖြစ်တာပါ။ ဈေးတခုတည်းနဲ့ တန်ဖိုးမဖြတ်စေချင်ပါဘူး”လို့ နေခြည်ဦးက ပြောပါတယ်။

Fashion Week သွားရောက်စဉ်ကလည်း နိုင်ငံခြားမှ TV Channel တခုက အင်တာဗျူးထားတာကိုလည်း တွေ့ရတဲ့အတွက် အဲဒီအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

“သူတို့ဆီက TV Channel တခုက အင်တာဗျူး လုပ်တယ်။ ဒါပေမယ့် ဟိုမှာက Freelance Photographer တွေ အရမ်းများတယ်။ Street စတိုင်ကို အရမ်းရိုက်ကြတော့ လူတွေရဲ့ဝတ်ပုံစားပုံ ဒါတွေကို ရိုက်ပြီး ပြန်ရောင်းတဲ့သူတွေ ရှိတယ်။ သူတို့ရဲ့ဆိုင်ရာဆိုင်ရာ မဂ္ဂဇင်းမှာ ပြန်ပြတဲ့သူ ရှိတယ်”

“Fashion Week မှာဆိုရင် လမ်းတိုင်းလမ်းတိုင်းမှာ ဓာတ်ပုံဆရာတွေက စောင့်နေတယ်။ အနုပညာရှင်တွေကို စောင့်နေတဲ့သူတွေရှိသလို နေခြည်တို့လို သာမန် ဟိုမှာကတော့ သာမန်ပေါ့နော်။ အဲ့လို ရိုက်နေတဲ့သူတွေ ရှိတယ်။ ဒီ Fashion Week တပတ်အတွင်းမှာ တမြို့လုံးမှာ ဓာတ်ပုံဆရာတွေ အများကြီးပဲ မထူးတော့ မထူးဆန်းဘူး”

“အဲ့လိုမျိုးသွားနေတုန်းက ကိုယ်က အရိုက်ခံရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်တော့ Appreciate တော့ ဖြစ်တယ်။ မြန်မာနိုင်ငံမှာလို နေခြည်ဦးလာပြီဆိုပြီး ပြေးရိုက်တာ မဟုတ်ဘူး။ ဒီကောင်မလေး ဝတ်ထားတာ မိုက်တယ်ဆိုပြီး ရိုက်ကြတာ” လို့ နေခြည်ဦးက ပြောပါတယ်။

Paris ရဲ့မနက်ခင်းမှာလည်း နေခြည်ဦးက သူ့ရဲ့ခန္ဓာကိုယ်ကို ပေါ်လွင်စေတဲ့ ဖက်ရှင်ကို ဝတ်ဆင်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း Paris ရောက်နေလို့သာ ဝတ်ဖြစ်ခဲ့တာလို့ သိရပါတယ်။

“အဲဒါကတော့ Lingerie (အမျိုးသမီး အတွင်းခံ) ပါ။ နေခြည်က lingerie ကြိုက်တဲ့ မိန်းကလေးထဲမှာပါတယ်။ နေခြည်တို့ကျတော့လည်း အတွင်းပစ္စည်းကို အဲ့လောက်ကြီး ဝတ်စရာ မလိုဘူးပေါ့။ ဒါပေမယ့် အဲ့လိုထက် Sponsor Post လေးဖြစ်နေတော့ ဒါလေးဝတ်ပြလိုက်တဲ့ သဘောပါပဲ”

“အစကတည်းက ဝတ်နေကျ Customer ထဲမှာလည်း ပါတယ်။ ဟိုရောက်တော့ သူတို့မန်နေဂျာနဲ့တွေ့တော့ ပုံလေးတင်ပေးပါလို့ ပြောလို့တင်ဖြစ်တာပါ။ မြန်မာနိုင်ငံမှာတော့လည်း အဲ့လိုမဝတ်ပါဘူး။ Paris ရောက်တဲ့ အနေနဲ့ဝတ်ဖြစ်တာပါ” လို့ နေခြည်ဦးကပြောပါတယ်။

Sexy ဖြစ်စေတဲ့ ဖက်ရှင်ကိုတော့ ယခင်ကခန္ဓာကိုယ်ဝနေလို့သာ မဝတ်ဖြစ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ခန္ဓာကိုယ်ကို workout သေချာလုပ်ထားတဲ့အတွက် ဝတ်ရဲတာဖြစ်တယ်လို့ သိရပါတယ်။

“Body ကြောင့်မဟုတ်ဘူး။ Brand တခုကြောင့် ကြိုက်လို့ဝတ်တာပေါ့။ နေခြည့်မှာ ဟိုနားပေါ်နေမလား၊ ဒီနားပေါ်နေမလားဆိုပြီး စိတ်မရှိဘူး။ ပုံမှာသေချာတော့ Check လိုက်တယ်။ အဆင်မပြေတဲ့နေရာတွေများ ပေါ်နေမလားပေါ့။ အဲ့လိုလည်း မပေါ်ဘူးဆိုတော့ နေခြည့်အနေနဲ့က ကြောက်တာတွေ၊ ရှက်တာတွေက အရင်ကတည်းက မရှိဘူး”

“အရင်က မဝတ်ဘူးဆိုတာ ဝလို့ မဝတ်တာ၊ ရှက်လို့ မဝတ်ဘူး ထင်နေကြတယ်။ ဒီထက် ခန္ဓာကိုယ်ကို သေချာ Workout လုပ်နေတယ်။ ဒါဟာနေခြည့်အတွက် Motivation တခုပဲ။ လူတွေတမျိုး မြင်မလားဆိုတာတော့ မတွေးပါဘူး” လို့ နေခြည်ဦးကပြောပါတယ်။

နေခြည်ဦးအနေနဲ့ Paris Week ကိုသွားတာကတော့ ယခုနှစ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး သူ့အတွက် ကျေနပ်ခဲ့ရတဲ့ နှစ်လည်းဖြစ်တယ်လို့ သိရပါတယ်။

“Paris Fashion Week ကတော့ အရမ်းကိုပင်ပန်းခဲ့ရတဲ့ အချိန်တွေပါ။ နေခြည်အချိုတွေပဲ စားခဲ့တယ်။ အာလူးကြော်တွေ စားတယ်။ တနေကုန်က ဆိုင်တွေလည်း မသွားနိုင်တော့ဘူး။ တနေကုန် Activities တွေကမျိုးစုံဆိုတော့ နောက်ပြီးဟိုရောက်မှ ဟိုကဒီဇိုင်နာတွေက ကိုယ်နဲ့စကားပြောပြီး အဆင်ပြေလို့ သူတို့ဖိတ်တဲ့ပွဲတွေ တက်ခဲ့ရတယ်။ ဒီနှစ်တော့ အရမ်းလည်းပျော်တယ်။ အရမ်းလည်း အားရခဲ့တယ်”လို့ နေခြည်ဦးက ပြောပါတယ်။

Beauty Blogger တယောက်အနေနဲ့ စတင်ခဲ့တဲ့ နေခြည်ဦးကတော့ ယခုနှစ်ပိုင်းမှာ ယခင်ကထက် Follower တိုးလာခဲ့ပြီး မင်းသမီးတယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးရုံတင် ပြသထားတာကို တွေ့ရပါတယ်။

Your Thoughts …
Tags: Paris Fashion Weekနေခြည်ဦးဖက်ရှင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ပါကင်ပိတ်

ပါကင်ပိတ်

by မောင်စူးစမ်း
28 October 2023
1.8k

မျက်မှောက်ခေတ်၏ ဈေးကွက် စီးပွားရေးတွင် အပြိုင်အဆိုင်သည် သဲကြီးမဲကြီး နိုင်လှ၏။ တိရစာ္ဆန်ချင်း ကျားကုတ်ကျားခဲ အပြန်အလှန် ကိုက်ခဲကြသလို ကိုက်ပြီး ပြိုင်နေကြရသည်။

အလှမယ် သင်းသင်း / နေပိုင် / ဧရာဝတီ

ကျောင်းဆရာမ ဝတ်စုံ မှားယွင်းခဲ့တဲ့အပေါ် သင်းသင်း ပြန်ဖြေရှင်း

by ယုဖြူဟန်
20 January 2021
24.6k

“ကျောင်းဆရာမအခန်း ပါရမယ်ဆိုတော့ ငယ်ငယ်က အရမ်းရူးသွပ်ခဲ့တာ အိပ်မက်ပေါ့။ ပညာရေးနဲ့ ပတ်သက်ရင် ငယ်ငယ်က ကျောင်းဆရာမ အရမ်းဖြစ်ချင်ခဲ့တာ။

Beauty Blogger ၊ သရုပ်ဆောင် နေခြည်ဦး / ယုဖြူဟန် / ဧရာဝတီ

ဆယ်ကျော်သက်အရွယ်မှာ လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက်ပေးခြင်း ခံရဖူးတယ်လို့ နေခြည်ဦး ပြော

by ယုဖြူဟန်
1 July 2019
91.1k

စိတ်ထဲမှာ ကြောက်သွားတာ။ ဘယ်သူမှန်းလဲ မသိဘူး။ နောက်ကို လှည့်မကြည့်ရဲဘူး။ ဘာလို့ ဒီလူက ငါ့တင်ပါးကို ကိုင်တာလဲ စဉ်းစားနေတာပေါ့နော်။ အရမ်းငယ်တဲ့အရွယ် မဟုတ်ဘူး။

တိုပြတ်လွန်းတဲ့ အဝတ်အစားတွေကလည်း မင်္ဂလာပွဲနဲ့ မသင့်တော်ပါဘူး

မင်္ဂလာဆောင်သွားတဲ့အခါ ဝတ်မသွားသင့်တဲ့ ဖက်ရှင် ၇ မျိုး

by ဟယ်လ်သင်
2 January 2019
10k

တိုပြတ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်သွားတဲ့အခါ မိမိအနေနဲ့လည်း သက်သောင့်သက်သာဖြစ်စေမှာ မဟုတ်သလို လူကြီးသူမတွေရဲ့ မျက်စိစပါးမွှေး စူးခြင်းကိုလည်း အခန့်မသင်ရင် ခံရနိုင်ပါတယ်။

သရုပ်ဆောင် ခြူးလေး / ဧရာဝတီ

Beauty Blogger နေခြည်ဦးလို ယုံကြည်မှု ရှိချင်တဲ့ သရုပ်ဆောင် ခြူးလေး

by ယုဖြူဟန်
21 October 2019
12.8k

သူ့ရဲ့စကားလေးတခွန်းက အားတက်စေတယ်။ အဲဒါကဘာလဲဆိုရင် လူပြောများလေ လူပိုသိလေပဲ။ သူတို့ ပြောလေ အထက်ကို တက်လေပဲဆိုတော့ အေးဆေးပဲ”လို့ ပြောပါတယ်။

Beauty Blogger နေခြည်ဦး   / Nay Chi Oo's Facebook

နိုင်ငံရေးဖြစ်စဉ်အပေါ် စစ်တပ်အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့သူ နေခြည်ဦး ရေးတဲ့စာ

by ယုဖြူဟန်
3 February 2021
26.1k

နေခြည်ဦးရဲ့ အခုလို ရပ်တည်မှုအတွက် Makeup Artist မေဦး၊ မော်ဒယ် ပိုင်တံခွန်နဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်တို့ကလည်း အားပေးခဲ့ကြပါတယ်။

Next Post
ပေါင်းတလည်နယ်မြေ ရဲစခန်း /  ကောင်းမြတ်မင်း / ဧရာဝတီ

ကျောင်းသူကို ခိုးယူပေါင်းသင်းသည့် ကျောင်းထိုင်ဆရာတော် ပုဒ်မ ၂ ခုဖြင့် အရေးယူခံရ

စိတ်ကူးယဉ် သိပ္ပံ ရုပ်ရှင်ဇာတ်ကား "The Matrix"

"The Matrix 4" ရုပ်ရှင်အတွက် သရုပ်ဆောင် စတင်ရွေးချယ်နေပြီဖြစ်တဲ့ Warner Bros

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved