Entertainment

ဂရိသင်္ချာပညာအရ ကမ္ဘာ့အချောဆုံးအမျိုးသမီးအဖြစ် မော်ဒယ် Bella Hadid သတ်မှတ်ခံရ

Want create site? Find Free WordPress Themes and plugins.

စူပါမော်ဒယ် Bella Hadid ဟာ ဂရိသင်္ချာပညာရပ်အရ ကမ္ဘာပေါ်မှာ အလှဆုံးအမျိုးသမီး ဖြစ်ပါတယ်။ Beauty Phi Standards ရဲ့ ရွှေအချိုးအစားအရ Victoria’s Secret မော်ဒယ် Bella ဟာ ပြီးပြည့်စုံလောက်တဲ့ မျက်နှာ အလှကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

Beauty Phi ရဲ့ ရွှေအချိုးအစားဟာ ဂရိ သင်္ချာတွက်ချက်နည်း ပညာရပ်နဲ့ အလှအပကို တွက်ချက်တာ ဖြစ်ပါတယ်။ ဂရိပညာရှင်တွေ သိပ္ပံဖော်မြူလာနဲ့ အလှအပကို သတ်မှတ်ဖို့ ကြိုးစားတဲ့အချိန်မှာ မျက်နှာရဲ့ အချိုးအစား တိုင်းတာချက်တွေကို အသုံးချတွက်ချက်ကြတာ ဖြစ်ပါတယ်။

ရွှေအချိုးအစား တိုင်းတာ သတ်မှတ်ချက်အရ အသက် ၂၃ နှစ်အရွယ် မော်ဒယ် Bella ဟာ ပြီးပြည့်စုံမှု ၉၄ ဒဿမ ၃၅ ရာခိုင်နှုန်းရှိတဲ့ မျက်နှာကို ပိုင်ဆိုင်ထားပါတယ်။ Beauty Phi ရဲ့ရွှေအချိုးအစား သတ်မှတ်ချက်အရ Pop အဆိုတော် Beyoncé က ဒုတိယနေရာမှာ လိုက်နေပါတယ်။ သူ့ရဲ့ မျက်နှာ ပြီးပြည့်စုံမှုက ၉၂ ဒဿမ ၄၄ ရာခိုင်နှုန်း ရှိပါတယ်။

မင်းသမီး Amber Heard ကတော့ ၉၁ ဒဿမ ၈၅ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရှိနေပြီး အဆိုတော် Ariana Grande ကတော့ ၉၁ ဒဿမ ၈၁ ရာခိုင်နှုန်းနဲ့ စတုတ္ထနေရာမှာ ရှိနေပါတယ်။

အဲ့ဒီတိုင်းတာမှုတွေကို လန်ဒန်မြို့မှာရှိတဲ့ နာမည်ကျော် Harley Street က မျက်နှာရေးရာ ခွဲစိတ်ဆရာဝန် ဒေါက်တာ Dr Julian De Silva က ဦးစီးဦးရွက်ပြု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ Julian က “မျက်နှာရဲ့ အသေးစိတ် အချက်အလက် အားလုံးကို ရုပ်ပိုင်းဆိုင်ရာ ပြီးပြည့်စုံမှုအတွက် တိုင်းတာလိုက်တဲ့ အချိန်မှာတော့ Bella Hadid ဟာ ရှင်းရှင်းလင်းလင်း အနိုင်ရသူ ဖြစ်ပါတယ်။ သူရဲ့ မေးစေ့ကို စစ်ဆေးတွက်ချက်မှုမှာ ၉၉ ဒဿမ ၇ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးကို ရရှိခဲ့ပြီး ပြီးပြည့်စုံတဲ့ ပုံစံဖြစ်ဖို့ ၀ ဒဿမ ၃ ရာခိုင်နှုန်းသာ လိုခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာတော့ မော်ဒယ် Bella ဟာ သူ့ရဲ့ ချစ်သူဟောင်း အဆိုတော် The Weeknd ရဲ့ ပြန်ပေါင်းထုတ်နေပြီဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ အကြောင်းကတော့ အဆိုတော် The Weeknd က မော်ဒယ် Bella ရဲ့ မွေးနေ့တုန်းက သူ့ရဲ့ ဘေးမှာရှိနေခဲ့လို့ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ်လလောက်က လမ်းခွဲလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ပြီးတော့ သူတို့ နှစ်ယောက်ဟာ သူငယ်ချင်းတွေသာ ဖြစ်ပြီး ဒီထက်ထူးခြားတာ ဘာမှ မရှိဘူးဆိုပြီး ပြန်ပေါင်းထုတ်နေပြီဆိုတဲ့ ကောလာဟလ သတင်းတွေကို ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

Ref: hindustantimes

You may also like these stories:

ဂရမ်မီဆုပေးပွဲမှာ ဝတ်ခဲ့ဖူးတဲ့ ဝတ်စုံနဲ့ ရှိုးလျှောက်ခဲ့တဲ့ ဂျန်နီဖာလိုပက်ဇ်

အဆိုတော် Rihanna ရဲ့ နယူးယောက် ဖက်ရှင်ရှိုးကို Amazon မှ ထုတ်လွှင့် ပြသမည်

Did you find apk for android? You can find new Free Android Games and apps.
Loading