• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

သိန်း ၅၀၀ ကျော်တန်ကား မစီးဘဲ ပရိသတ်တွေကို ဖုန်းဘေလ် လှူတဲ့ ဆောင်းအိန္ဒြေထွန်း

by ချစ်ပိုး
1 May 2020
in Entertainment
A A
သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း  / ဧရာဝတီ

သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်း / ဧရာဝတီ

13.6k
VIEWS
Share on FacebookShare on Twitter

COVID-19 ရောဂါကြောင့် အပြင်မထွက်ရဘဲ အိမ်မှာနေတဲ့ ပရိသတ်တွေကို ဖုန်းဘေလ်တွေ မဲဖောက်ပေးနေတဲ့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းက ဒီငွေတွေဟာ သိန်း ၅၀၀ ကျော်တန် ကားပြောင်းစီးမယ့် ပိုက်ဆံတွေကို မသုံးဖြစ်ဘဲ အလှူလုပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ကျမက ဖုန်းဘေလ် ကံစမ်းမဲဖောက်ပေးတာ သင်္ကြန်တွင်းမှာ စတာပေါ့။ သင်္ကြန်အကြိုနေ့ပြီးတော့ သီချင်းလေးတွေ ရိုက်ထားတာရှိတယ်။ အဲ့သီချင်းလေးတွေ Share ပေးပါဆိုပြီး ပြောနေတော့ အခုလိုချိန်မှာ ဖုန်းဘေလ်တွေလည်း ဝယ်ရမှာ ခက်တော့ အဲ့လို Share ပေးတဲ့သူတွေကို ဖုန်းဘေလ် လက်ဆောင် ပြန်ပေးချင်လို့ပါ”

“အခုလို ရောဂါတွေလည်း ဖြစ်နေ တော့ ဘယ်လိုကူညီရမလဲ ဆိုပြီး ဖုန်းဘေလ်တွေ လုပ်ပေးမယ်ဆိုလုပ်ဖြစ်သွားတာပါ။ တရက် ၁ သိန်းနဲ့ ၉ ရက် ၉ သိန်း လှူဖြစ်ခဲ့တယ်။ အားလုံး သိန်း ၃၀ ကျော်ဖိုးလောက်လှူဖို့ စဉ်းစားထားတယ်။ ကိုယ့်ကို ဝေဖန်မယ့် သူတွေကိုလည်း ဘာမှမပြောချင်ပါဘူး။ ကိုယ်တိုင်က အလှူလုပ်နေတာလေ။ အလှူလုပ်နေတာဆိုတော့ ကောင်းတဲ့ စိတ်လေးနဲ့ပဲ လုပ်ဖြစ်တယ်။ ကျမ တခုခု ပြောလိုက်ရင် မကောင်းဖြစ်သွားမှာစိုးလို့ ကျမ စိတ်ထဲ မထည့်ဘူး”လို့ ဆောင်းအိန္ဒြေထွန်းက ပြောပါတယ်။

ဆက်လက်ပြီး ဆောင်းအိန္ဒြေထွန်းက အခုလို COVID-19 ကာလမှာ အခြားသော လှူဒါန်းမှုတွေလည်း အများကြီး လုပ်ထားတယ်လို့ ဆိုပါတယ်။

“ကျမ COVID-19 အတွက်လည်း အများကြီးလှူတယ်။ ကျမကို တကယ်ချစ်တဲ့ ပရိသတ်တွေအတွက် လုပ်ပေးတာမလို့ ဘာမှ မတွေးထားဘူး။ ကျမ လက်ရှိ စီးနေတဲ့ ကားကို နောက်ထပ် သိန်း ၅၀၀ ကျော်တန် ကားနဲ့ ပြောင်းစီးမလို့ပါ။ ဒါပေမဲ့ အခု မပြောင်းတော့ဘဲ လှူပဲလှူလိုက်တော့မယ်ဆိုပြီး အခုလို ဖုန်းဘေလ်တွေ လှူလိုက်တာပါ”လို့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းက ပြောပါတယ်။

ဒီလို ကာလမှာ လူအများက အိမ်မှာပဲ နေနေကြပေမယ့် မဖြစ်မနေ အလုပ်ဆင်းရနေသူတွေကိုလည်း စိတ်မကောင်းဘူးလို့ ဆောင်းအိန္ဒြေထွန်းက ဆိုပါတယ်။

“အခုလိုရောဂါတွေ ဖြစ်နေချိန်မှာ အလုပ်တွေ ပြန်ဆင်းနေရတာ တွေ့တယ်။ စိတ်တော့ မကောင်းဘူး။ ဒါပေမဲ့ ကျမက အကောင်းဘက်ကပဲ ကြည့်တယ်။ တနေ့လုပ်မှ ထမင်းတနပ် စားဖို့ ရပ်တည်နိုင်တဲ့ အခြေအနေမျိုးလေ။ အဲ့ဒါကို “နင်တို့ အလုပ်ဆင်းလို့ ပိုးတွေ ပျံ့နှံ့မယ်”လို့ မတွေးတော့ဘူး။ လူဆိုတာ သူများကို ကောင်းတဲ့ စိတ်လေးထားရင် ကောင်းတဲ့ကံတွေ ကိုယ့်ဆီ ရောက်လာမှာလေ။ အဲ့အတွက် မကောင်းမြင်တဲ့ စိတ်နဲ့ မမြင်ပါနဲ့”လို့ သူက ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
95
သဇင်ပန်း

သဇင်ပန်း

10 January 2026
122
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
308

ဗီဒီယို ဈေးကွက်တွေ ပျက်သွားပြီးနောက်ပိုင်း ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေ အလုပ်အကိုင် မပြေလည်ကြတဲ့အပေါ်လည်း ဆောင်းအိန္ဒြေထွန်းက တဖက်တလမ်းက လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ဗီဒီယို ဈေးကွက်ပျက်ကတည်းက သရုပ်ဆောင်တွေက သိပ်မရိုက်ရတော့ဘူး။ COVID-19 ဖြစ်မှတော့ မဟုတ်ဘူးပေါ့။ ဇာတ်ပို့ ဇာတ်ရံ လူကြမ်းတွေက စားဖို့သောက်ဖို့ အခက်အခဲ ဖြစ်မှာကို စိတ်ပူတယ်။ စိတ်မကောင်းဘူး။ ကျမကို လာပြောတာရှိလို့ ၃ သိန်း လှူလိုက်တယ်။ တတ်နိုင်တဲ့ဘက်ကနေတော့ လှူဒါန်းတယ်။ အားမငယ်ကြပါနဲ့တော့ ပြောချင်တယ်။ မရှိတဲ့သူတွေကို ရှိတဲ့သူတွေက လှူဒါန်းပေးကြပါ”လို့ ဆောင်းအိန္ဒြေထွန်းက ပြောပါတယ်။

သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းကတော့ နယ်ပရိသတ် အခိုင်အမာ ရရှိထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် တဦး ဖြစ်ပါတယ်။

Your Thoughts …
Tags: COVID-19ဆောင်းအိန္ဒြေထွန်းလှူဒါန်းမှု
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

by အောင်ဇော်
10 June 2024
13.8k

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဘာသာရေးဝှက်ဖဲကို ဆက်လက် အသုံးပြုသည်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

Next Post
ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း မြင့်မားတဲ့အတွက် ထိုင်ဝမ်ကို လာရောက် ဆေးကုသသူ အရေအတွက်ဟာ တနေ့တခြား ပိုမိုများပြားလာနေပါတယ်။

ဆေးပညာ အဆင့်အတန်း မြင့်မားလာတဲ့ ထိုင်ဝမ်နိုင်ငံ

အိမ်တိုင်ရာရောက် ဆေးကုသပေးနေတဲ့ အီတလီ အမျိုးသမီး ဆရာဝန်

COVID-19 ကူးစက်ခံရသူတွေကို အိမ်တိုင်ရာရောက် ကုသပေးနေတဲ့ အီတလီ ဆရာဝန်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved