• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ပျောက်ဆုံးနေတဲ့ မင်းသမီး Naya Rivera သေဆုံးပြီလို့ ယူဆရ

by မစ်ကီ
10 July 2020
in Entertainment
A A
အမေရိကန်မင်းသမီး Naya Rivera

အမေရိကန်မင်းသမီး Naya Rivera

17.6k
VIEWS
Share on FacebookShare on Twitter

အမေရိကန်မင်းသမီး Naya Rivera ဟာ လတ်တလောမှာ ပျောက်ဆုံးနေပြီး သေဆုံးပြီလို့ ယူဆရကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်၊ နေ့လယ်ချိန်က ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Piru ရေကန်ထဲက လှေတစင်းပေါ်မှာ “Glee” ရုပ်သံစီးရီးမင်းသမီး Naya ရဲ့အသက် ၄ နှစ်အရွယ် သားလေး Josey ကို တယောက်တည်း တွေ့ရှိခဲ့ရပြီးတဲ့နောက် မင်းသမီးကို ရှာဖွေရေး လုပ်ငန်းစဉ်တွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

TMZ မီဒီယာရဲ့အဆိုအရ မင်းသမီးရဲ့ ခင်ပွန်းဟောင်း Ryan Dorsey နဲ့ ရရှိခဲ့တဲ့ သားလေး Josey ကို အိပ်ပျော်လျက် အနေအထားနဲ့ ငှားရမ်းထားတဲ့ လှေတခုပေါ်မှာ အခြား လှေစီးနင်းသူတဦးက တွေ့ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ မိခင်ဟာ ရေကူးနေခဲ့တာ ဖြစ်ပေမယ့် လှေပေါ်ကို ပြန်တက်မလာခဲ့ကြောင်း Ventura ကောင်တီ ရဲမှူးကြီးထံ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ရေငုပ်သမားတွေက အဲ့ဒီရေကန်ထဲကို ချက်ချင်းဆိုသလို ရှာဖွေမှုတွေ စတင်ခဲ့ပေမယ့် ညမိုးကြီးချုပ်လို့ ရှာဖွေရေးလုပ်ငန်းတွေ ရပ်နားလိုက်ရချိန်အထိ မင်းသမီးရဲ့ သဲလွန်စကို တွေ့ရှိခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ရဲဌာနကလည်း ရေနစ်ပြီလို့ ယူဆရတဲ့ မင်းသမီးကို ကယ်တင်ဖို့ လေကြောင်းနဲ့ ရေငုပ်အဖွဲ့တွေ စေလွှတ်ထားတယ်လို့ ပြောပါတယ်။

မင်းသမီး Naya ရဲ့ အသက်ကယ်အင်္ကျီက လှေပေါ်မှာ ရှိနေဆဲဖြစ်ပြီး သူ့ရဲ့ ပိုက်ဆံအိတ်ကိုလည်း လှေငှားရမ်းတဲ့ ကုမ္ပဏီအနီးနားက ပါကင်ထဲမှာ ထိုးထားတဲ့ ကားထဲမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

မင်းသမီးရဲ့ သားလေး Josey ကတော့ အခြေအနေကောင်းမွန်ပြီး မိသားစုဝင်တွေနဲ့အတူ ရှိနေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၉ ရက်နေ့ မိုးလင်းတာနဲ့ ရှာဖွေရေးလုပ်ငန်းတွေကို ပြန်လည် စတင်ခဲ့ပါတယ်။ အခု သီတင်းပတ်အစောပိုင်းတုန်းက အသက် ၃၃ နှစ်အရွယ် မင်းသမီးဟာ သူ့ရဲ့ သားလေးကို ပွေ့ဖက်ထားတဲ့ ဓာတ်ပုံတပုံကို သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ တင်ခဲ့ပါတယ်။

ပုံစာမှာတော့ “ကျမတို့ နှစ်ယောက်သာ” လို့ ရေးသားခဲ့ပါတယ်။ မင်းသမီးဟာ မကြာသေးခင်တုန်းက သားလေးကို ချီးမွမ်းခဲ့ပြီး သားဖြစ်သူက တနေ့ သူ့ခြေရာကို နင်းနိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ “သားလေးက နေ့တိုင်း ပြဇာတ်တွေ လေ့ကျင့်တယ်။ သူဟာ ပြဇာတ်မင်းသားလေး တယောက် ဖြစ်လာနိုင်တယ်”လို့ ဆိုပါတယ်။

မင်းသမီးဟာ သားလေးကို “Step Up: High Water” ရိုက်ကွင်းဆီ ခေါ်လာခဲ့ဖူးပြီး ကင်မရာရှေ့မှာ မိခင်နဲ့အတူ ပါဝင်ရမှာကို ကြောက်လန့်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မင်းသမီးက “ကျမက ရိုက်ကူးရေး လုပ်နေခဲ့တယ်။ သူက ရိုက်ကွင်းပေါ်မှာ ကျမကို ကြည့်နေခဲ့တယ်။ ကျမတို့ နောက်တဆင်းန် မရိုက်ခင်မှာ သူက သားလည်း မေမေနဲ့အတူ အလုပ်လုပ်ချင်တယ်တဲ့။ ကျမကလည်း မင်းလည်း မေမေနဲ့ အလုပ်လုပ်ရမှာပေါ့လို့ ပြန်ပြောလိုက်တယ်” လို့ ပြောဆိုဖူးပါတယ်။

You may also like these stories:

မင်းသမီး မီဂန်မာကယ်နဲ့အတူ ရုပ်ရှင်ရိုက်ဖို့ ကြိုးပမ်းနေတဲ့ Tom Cruise

စကားလက် ဂျိုဟန်ဆန်ရဲ့ အိမ်ထောင်ကွဲ ဇာတ်လမ်းတွေကို မြင်ရမယ့် “Marriage Story” ရုပ်ရှင်

Your Thoughts …
Tags: Naya Riveraအမေရိကန်မင်းသမီး
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မင်းသမီး Naya Rivera

မင်းသမီး Naya Rivera ရဲ့ ရုပ်အလောင်းကို ရေကန်ထဲမှ ပြန်ရှာတွေ့

by မစ်ကီ
14 July 2020
7.3k

ရဲမှူးကြီး Ayub က “ကျနော်တို့ တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းဟာ Naya Rivera ဖြစ်တယ်လို့ ယုံကြည်ပါတယ်”လို့ ဆိုပါတယ်။

Next Post
အဂတိလိုက်စားမှုဖြင့် တရားစွဲခံရသူ သတ္တုတွင်းဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်  / ဧရာဝတီ

ဦးသံဒိုင်ကို အဂတိမှုဖြင့် အရေးယူရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ တင်မည်

မင်းသားကြီး Tom Hanks ၊ Irrfan Kham

Irrfan Khan ဆီကနေ အရာအားလုံး ခိုးယူချင်တယ်လို့ Tom Hanks ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved