• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ထိုင်းဇာတ်လမ်းတွဲတွေမှာ နောက်ခံစကားပြော အသံသရုပ်ဆောင်နေတဲ့ ဈူးဈူးဈာန်

by ယုဖြူဟန်
29 October 2020
in Entertainment
A A
သရုပ်ဆောင် ဈူးဈူးဈာန်  /  Zu Zu Zan's Facebook

သရုပ်ဆောင် ဈူးဈူးဈာန် / Zu Zu Zan's Facebook

19k
VIEWS
Share on FacebookShare on Twitter

လက်ရှိ Channel 7 ရုပ်သံလိုင်းမှာ ပြသနေတဲ့ “အချစ်ရဲ့ အထူးတာဝန်” ထိုင်းရုပ်သံ ဇာတ်လမ်းတွဲမှာ မြန်မာနောက်ခံ စကားပြောအနေနဲ့ သရုပ်ဆောင် ဈူးဈူးဈာန်က ပါဝင်ထားတယ်လို့ သိရပါတယ်။

“ဈူးဈူးကကျတော့ အသံနောက်ခံ စကားပြောလုပ်နေတာ ကြာတော့ကြာပြီ။ အရင်ကားတွေထဲမှာလည်း ပါတယ်။ အခုပြနေတဲ့ ကားထဲမှာ ဈူးရဲ့ကာရိုက်တာက ပြန်ပါတဲ့အတွက် “အချစ်ရဲ့အထူးတာဝန်” ဆိုတဲ့ ဇာတ်ကားမှာ အသံသရုပ်ဆောင် ဖြစ်တယ်။ ဒီထဲမှာ စုဒါးဆိုတဲ့ မင်းသမီးရဲ့မိထွေး ကာရိုက်တာရယ် ကဲရို ဆိုတဲ့ ကာရိုက်တာလေး ၂ ခု အသံသရုပ်ဆောင်ထားပါတယ်”

“ကဲရို ဆိုတဲ့ကာရိုက်တာက လူဆိုးမလေးပေါ့။ အသံစွာစွာလေးနဲ့ ပြောရတယ်။ စုဒါးရဲ့ ကာရိုက်တာကကျတော့ အေးတယ်။ အေးအေးဆေးဆေးလေးနဲ့ စိတ်ထားကောင်းကောင်းလေးနဲ့ အဲဒီ ၂ ခုမှာသရုပ်ဆောင်ထားပါတယ်” လို့ ဈူးဈူးဈာန်က ဧရာဝတီကို ပြောပါတယ်။

“အချစ်ရဲ့အထူးတာဝန်” ဇာတ်လမ်းတွဲ

“အချစ်ရဲ့အထူးတာဝန်” ဇာတ်လမ်းတွဲထဲမှာတော့ “စုဒါး “ နဲ့ “ကယ်ရို” ကာရိုက်တာအတွက် အသံသရုပ်ဆောင်ပေးတာဖြစ်ပြီး ကာရိုက်တာ ၂ ခုကို ကွဲပြားအောင် လုပ်ရတာတဲ့အကြောင်းလည်း အခုလို ပြောပြခဲ့ပါတယ်။

“ကြိုးစားရတာတော့ ကြိုးစားရတယ်။ ကြည့်တော့သာ အသံသရုပ်ဆောင်တာ လွယ်လွယ်လေးလို့ ထင်ပေမယ့် တကယ်လုပ်ရတာ ခက်တယ်။ အခုဆိုရင် ကာရိုက်တာ ၂ ခုက မတူဘူး။ ဈူးတို့ ဘယ်လိုသွင်းလဲဆိုရင် အသံအေးဆေးလေးဟာကို သွင်းမယ်ဆိုရင် အပိုင်းတခုလုံးကို အဲ့လိုပဲ သွင်းလိုက်တော့တယ်။ ပြီးသွားတော့မှ နောက်ထပ် ကာရိုက်တာတခုကို သွင်းတာပေါ့။ အသံသွင်းရတာ ခက်တယ်”

“တကြောင်းတည်းကိုတောင် အခေါက်အခါခါ ပြောရတယ်။ ကွက်တိကျအောင် ထပ်တူဖြစ်အောင် သူတို့ပြောတဲ့ဟာနဲ့ ဇာတ်ညွှန်းနဲ့ ထပ်တူကျအောင် ပြောရတယ်။ တခါတလေကျရင် စတူဒီယိုထဲမှာ ငိုတောင် ငိုချင်တယ်။ အရမ်းပင်ပန်းတယ်။ ကြိုးစားရတယ်။ ကြည့်တော့သာ လွယ်လွယ်လေး ဆိုပေမယ့်ပေါ့” လို့ ဈူးဈူးဈာန်က ပြောပါတယ်။

“ဈူးတို့ဆို နောက်ပိုင်းအသံသွင်းရင်း ဘယ်လိုဖြစ်သွားလဲဆိုရင် တခါတလေကျရင် ထိုင်းသံတွေတောင် ပေါက်နေတယ်။ အပြင်မှာ ပြောရင်းနဲ့ အမြဲတမ်း ပြောရင်းပြောရင်းနဲ့ ကာရိုက်တာ ဝင်သွားတယ်လို့ ပြောရမယ်။ တခါတလေကျရင် ညည်းတာတွေကအစ ထိုင်းထဲက ညည်းတဲ့ အသံလိုတောင် ဖြစ်နေပြီ။ အပြင်တောင်မှလေ အဲ့လိုဖြစ်နေပြီ” လို့ ဈူးဈူးဈာန်က ဆိုပါတယ်။

ဒီလို မြန်မာနောက်ခံ စကားပြောနဲ့ ဇာတ်လမ်းတွဲတွေ ပြသခြင်းကို ဝေဖန်မှုတွေလည်း ရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ကြည့်ရတာအဆင်ပြေတယ်လို့ ပြောတာတွေ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ဈူးဈူးဈာန် (ဓာတ်ပုံ – Zu Zu Zan’s Facebook)

“ကိုယ့်ဟာကိုယ်ဆိုရင်တော့ ကြိုက်တာပေါ့။ ဈူးကလေ Page အောက်က ကောမန့်တွေ ဖတ်တယ်။ အရင်က ပိုဆိုးတယ်။ ပိုပြီးတော့မှ ဝေဖန်ကြတယ်။ အဆဲလည်း ခံရပါတယ်။ အခုနောက်ပိုင်းမှာ တဖြည်းဖြည်းပိုပြီးတော့ လက်ခံလာကြတယ်။ အသက်ကြီးတဲ့သူတွေအတွက် စာမဖတ်ချင်တဲ့သူတွေအတွက်က မြန်မာနောက်ခံ စကားပြောလေးတွေက ကြည့်ရတာ အဆင်ပြေတယ်ဆိုပြီး ကောမန့်တွေတွေ့တဲ့အတွက် ဈူးတို့ တဖွဲ့လုံး ကြိုးစားရကျိုးလည်း နပ်တယ်။ အမောလည်း ပြေတယ်” လို့ ဈူးဈူးဈာန်က ပြောပါတယ်။

ဈူးဈူးဈာန်က ထိုင်းရုပ်သံဇာတ်လမ်းတွဲများအတွက် အသံဖြင့် သရုပ်ဆောင်လာခဲ့တာ အခုဆိုရင် ၁၀ ကားခန့် ရှိပြီဖြစ်ပြီး အစပိုင်းမှာတော့ မသိကြပေမယ့် အခုနောက်ပိုင်းမှာ တီဗီမှာလည်း ကြော်ငြာပေးတာကြောင့် တော်တော်များများ သိရှိလာခဲ့ပြီလို့ ဆိုပါတယ်။

“ဈူးက အသံသွင်းတာ တော်တော်များပြီ။ ၁၀ ကားလောက်တောင် ရှိပြီလား မသိဘူး။ အရင်တုန်းကတော့ ပရိသတ်တွေကတော့ သိပ်သတိမထားမိဘူး။ အခုနောက်ပိုင်းတော့ ပုံလေးတွေနဲ့ ပြတယ်။ ကြော်ငြာပေးတဲ့အတွက် သိလာကြတယ်။ ဈူးအသံလေးဆိုပြီး လာလာပြောကြတယ်။ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

ဈူးဈူးဈာန်ကတော့ ၂၀၁၂ ခုနှစ်ကတည်းက MRTV-4 မှာ ပြသခဲ့တဲ့ “ထာဝရမန္တလေး” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ အခုအချိန်ထိ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ တဦး ဖြစ်ပြီး မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ စာရေးဆရာမကြီး မစန္ဒာရဲ့ “ဂျီဟောသူ” ဝတ္ထုကို ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

You may also like these stories:

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ထိထိရောက်ရောက်ဖြစ်မယ့် ကာရိုက်တာမျိုး ရိုက်ချင်သေးတဲ့ ဈူးဈူးဈာန်

ဘယ်သွားသွား အပျိုကြီးလို့ အခေါ်ခံရတဲ့ ဈူးဈူးဈာန်

Your Thoughts …
Tags: ဈူးဈူးဈာန်ထိုင်းဇာတ်လမ်းတွဲအသံသရုပ်ဆောင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers က ဖြစ်ရပ်မှန်လား

Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers က ဖြစ်ရပ်မှန်လား

by Nathan Patra
31 May 2024
1.7k

ကျနော်တို့ရဲ့ ရည်မှန်းချက်က လူတွေအနေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားတွေကို မေးခွန်းထုတ်စေဖို့ပဲ။

သရုပ်ဆောင် ဈူးဈူးဈာန် / ဝေဝေနှင်း / ဧရာဝတီ

ဘယ်သွားသွား အပျိုကြီးလို့ အခေါ်ခံရတဲ့ ဈူးဈူးဈာန်

by ယုဖြူဟန်
3 July 2020
13.1k

“တကယ်ဆိုရင် လူရည်ချွန် ရိုက်တာ တော်တော်ကြာသွားပြီလေ လွှင့်တာ။ အခုအချိန်ထိ မမေ့သေးဘဲနဲ့ အပျိုကြီးဆိုပြီး ခေါ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်” လို့ ဈူးဈူးဈာန်က ဧရာဝတီကို ပြောပါတယ်။

“Mr. Bean” ဇာတ်ကောင် မင်းသား Rowan Atkinson

Mr. Bean ကာတွန်းရုပ်ရှင်အသစ်မှာ ပါဝင်လာမယ့် မင်းသား Rowan Atkinson

by မစ်ကီ
11 January 2021
2.6k

မင်းသား Atkinson က ရုပ်ရှင် ထုတ်လုပ်တဲ့နေရာမှာ သူလည်း တထောင့်တနေရာက ပါဝင်နေတဲ့အကြောင်း Radio Times နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ကြေညာခဲ့ပါတယ်။

Next Post
သရုပ်ဆောင် ဒေါင်း  /  Daung's Facebook

စနစ်တကျ မဲပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေခဲ့တဲ့ သရုပ်ဆောင် ဒေါင်း

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ စည်းရုံးရေး အတွက် မဲဆွယ်စတစ်ကာများ  / မျိုးမင်းစိုး / ဧရာဝတီ

မဲဆွယ် ကြော်ငြာများ သတ်မှတ်ရက်တွင် မဖြုတ်လျှင် အရေးယူခံရမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved