• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အနုပညာရှင် မျိုးဆက်သစ်တွေရဲ့ လက်ရှိ နိုင်ငံရေးအပေါ် သဘောထား

by ယုဖြူဟန်
15 February 2021
in Entertainment
A A
အနုပညာရှင် မျိုးဆက်သစ် လူငယ်များ

အနုပညာရှင် မျိုးဆက်သစ် လူငယ်များ

9.4k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ်ရဲ့ စစ်အာဏာသိမ်းမှုအပေါ်မှာ မျိုးဆက်သစ် လူငယ်များရဲ့ ပါဝင်လာမှု အခန်းကဏ္ဍဟာ ကြီးမားတဲ့ အစိတ်အပိုင်းအနေနဲ့ ပါဝင်လာတာကို တွေ့ရမှာပါ။ လူကြီးများကပင် လူငယ်များရဲ့ ဦးဆောင်မှုနောက်မှာ လိုက်ရတဲ့ အနေအထားမျိုး ရှိနေတဲ့အကြောင်းကိုလည်း ဖွင့်ဟ ပြောဆိုကြတာ တွေ့ရပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ အနှံ့အပြားမှာ လူထုဆန္ဒ ထုတ်ဖော်ပွဲများစွာ ပြုလုပ်လာကြတာ ယနေ့ဆိုရင် ၁၀ ရက်တာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ရှိနေပါတယ်။ ကဏ္ဍအသီးသီးမှ အထွေထွေသပိတ်များ ပြုလုပ်နေကြသလို ပြည်သူများနဲ့ အနုပညာရှင်များကလည်း ဆန္ဒထုတ်ဖော်လာကြပါတယ်။

ဒီထဲမှာမှ အနုပညာရှင် မျိုးဆက်သစ်များရဲ့ ဆန္ဒ ထုတ်ဖော်မှုများ၊ သူတို့ရဲ့ မျှော်လင့်ချက်၊ ခံယူချက်များကို ဧရာဝတီက မေးမြန်း ဖော်ပြပေးလိုက်ပါတယ်။

ထက်ဦးထွဋ် (မော်ဒယ်၊ သရုပ်ဆောင်)

နေ့တိုင်းတော့ မထွက်ဖြစ်ဘူး။ များသောအားဖြင့် သတင်းတွေ ဖတ်တယ်။ အိမ်မှာနေရင်းလည်း ကိုယ်ဘယ်လို ကူညီလို့ရမလဲ ဆိုတာကို စဉ်းစားတယ်။

ဒီ Generation Z က အရမ်းလည်း စည်းလုံးကြတယ်။ စည်းကမ်းလည်း ရှိကြတယ်။ ကျနော်တို့ ရှေ့မျိုးဆက်တွေနဲ့ မတူတာတော့ အမှန်ပဲ။ အကုန်လုံး အမှိုက်တွေရော ဘာရောကအစ သိမ်းသွားတာတွေလည်း မြင်ရတဲ့အတွက် ဒီမျိုးဆက်မှာ ကိုယ်လည်း ပါဝင်ရတဲ့အတွက် ဝမ်းလည်း ဝမ်းသာတယ်။

အများနဲ့အတူလည်း ပါဝင်သွားချင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကြီး အေးချမ်းပြီးတော့ အရင်ကလို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ဖြစ်ချင်ပါတယ်။ လူတွေ အကုန်လုံးလည်း ပင်ပန်းနေကြပြီ။ ပြည်သူတွေက အရမ်းလည်း ညီကြတယ်။ စည်းလည်း စည်းလုံးကြတယ်။ ကျနော်တို့နိုင်ငံမှာ အရေးတခုခု ကြုံလာရင် ဒီလို စည်းလုံးကြပါလားဆိုတာ ပညာရတယ်။

မေဦး (Makeup Artist)

CDM (အာဏာဖီဆန်ရေး) ကမ်ပိန်းတွေမှာလည်း ပါဝင်သလို ပြည်သူတွေနဲ့ တသားတည်း ရှိကြောင်းကိုလည်း ပြသထားပါတယ်။ ရပ်တည် ပါဝင်ထားပါတယ်။ အဓိကကတော့ တရားမျှတတဲ့၊ လွတ်လပ်တဲ့ ဒီမိုကရေစီကို လိုချင်တယ်။ ဖော်ဆောင် ချင်တယ်။ ဒီကို အဓိက ထားတယ်။

နောက်တခုက ပြည်သူ တင်မြှောက်ထားတဲ့ အစိုးရ၊ တရားမျှတစွာနဲ့ လူတွေအကုန်လုံး သိထားပြီးသား၊ NLD ကို ထောက်ခံတယ်ဆိုတာ တတိုင်းပြည်လုံး သိထားပြီးသားကို မတရားသော အဓမ္မနည်းနဲ့ ယူထားတာကို လက်မခံဘူး။ လွတ်လပ်တဲ့၊ တရားမျှတဲ့ ဒီမိုကရေစီကို လိုချင်တယ်။ ဒါကိုပဲ ဖော်ဆောင်ပေးပါလို့ ပြောချင်တယ်။

ထွန်းဝီရ (သရုပ်ဆောင်)

ဆန္ဒပြပွဲတွေ သွားတဲ့အခါမှာ လူကြီးတွေက Generation Z ကို အားကိုးတယ်လို့ ပြောကြတယ်။ ကျနော်တို့လည်း ကျနော်တို့အတွက် စိတ်ချပါလို့ ပြောချင်တယ်။ တတ်နိုင်သမျှ အမှန်တရားဘက်က ရပ်တည်သွားမယ်လို့ ပြောချင်ပါတယ်။

ကျနော့် အမြင်ကတော့ ဒီတိုက်ပွဲသည် CDM နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို အဓိက လုပ်ဆောင်သွားမယ်ဆိုရင် လိုချင်တဲ့ပန်းတိုင်ကို ရောက်မယ် ထင်ပါတယ်။ CDM မှာအားလုံးပါဝင်ပေးကြပါ။ အကုန်လုံးသတိထားကြပါ။ ဂရုစိုက်ကြပါ။ စည်းစည်းလုံးလုံးနဲ့ ဆန္ဒပြကြပါလို့ ပြောချင်ပါတယ်။

မေတ္တာမြင့်မြတ်ဟိန်း (လူရွှင်တော်)

ကျနော်က ဒီလှုပ်ရှားမှုတွေမှာ Medical Cover အနေနဲ့ ပေးတယ်။ မတရားမှုကို လက်ပိုက်ပြီးတော့ ကြည့်မနေနိုင်ဘူး။ ကျနော့် အဖေတုန်းကလည်း တိုက်ပွဲဝင်ခဲ့ကြတယ်။ အခုလို အချိန်မှာ ဒီလို ဖြစ်လာတဲ့အတွက် ရှင်းရှင်းပြောရရင် အကုန်လုံးလည်း သိသွားပြီ။ အရင်လို ခေါင်းငုံ့ ခံနေမယ့်ခေတ် မဟုတ်တော့ဘူး။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

လူငယ်တွေမှာ နည်းပညာတွေ တတ်ကျွမ်းတာတွေ ရှိတယ်။ ကြွယ်ဝတဲ့သူတွေ ရှိတယ်။ ငြိမ်ခံမယ့်သူတွေ မဟုတ်ဘူး။ ဒီတခေါက် ငြိမ်ခံမိရင် ကျနော်တို့ မျိုးဆက်တွေ အကုန်ထိကုန်မယ်။ လက်နက်ကြီးကို အသုံးချပြီးတော့ အာဏာရှင်ဆန်တာကို မကြိုက်ဘူး။

You may also like these stories:

“အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တော်လှန်ပါတယ်”လို့ မင်းမော်ကွန်း ဆို

ဆန္ဒပြပွဲတွေမှာ ပါဝင်လာတဲ့ မြန်မာ ပင့်ကူလူသားများ

“အကြောက်တရားနဲ့ ဘဝကို မလိုချင်ရင် CDM လုပ်ပါ”လို့ သက်မွန်မြင့် ဆို

Your Thoughts …
Tags: Generation Zဆန္ဒပြပွဲမျိုးဆက်သစ်လူငယ်အနုပညာရှင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

by ဧရာဝတီ
10 November 2023
18k

တိုက်ပွဲဝင်နေကြသည့် စစ်သားများအား ဖျော်ဖြေပေးရန် စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆိုမှုအပေါ် အနုပညာရှင်အများစုမှာ နှုတ်ဆိတ်လျက်

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

by နန်းဆိုင်နွမ်
24 May 2025
7.8k

“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်လက်နက်ကိုင်ခဲ့တာ မေ ၂၁ ရက်မှာ ၆၇ နှစ် တိုင်ခဲ့ပါပြီ။

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

by ဧရာဝတီ
5 July 2024
7.2k

ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝန်းနှင့် ဆက်နွယ်နေသော VIP စားသောက်ဆိုင်တွင် လေးဖြူက သွားရောက် ဖျော်ဖြေရင်း ၎င်းကို သပိတ်မှောက်မည့် BC ဆိုသော စကားလုံးကို နားမလည်ကြောင်း၊ A to Z...

စစ်မြေပြင်မှာ ကြုံလာရင်တော့ ဘယ်သူ့ဘယ်သူမှ ညှာလို့ မရဘူး

စစ်မြေပြင်မှာ ကြုံလာရင်တော့ ဘယ်သူ့ဘယ်သူမှ ညှာလို့ မရဘူး

by စောလွင်
12 October 2024
6.7k

ပင်လည်ဘူးကနေ ပထမဆုံးခြေလှမ်းတလှမ်းစပြီးတော့ စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့တွေအားလုံးကို တိုက်ခိုက် သိမ်းပိုက်ဖို့အတွက် ကျနော်တို့မှာ အစီအစဉ်ကောင်းတွေ အများကြီးရှိပါတယ်။အဲဒီအတွက်လည်း ကျနော်တို့အမှတ်၁ စစ်ဒေသ PDF တွေ ၊ ပကဖ တွေရော တခြားဌာနဆိုင်ရာအသီးသီးက အားစိုက်ပြီးတော့ လုပ်နေကြပါတယ်

Next Post
မဟတ္တမဂန္ဒီ ဦးဆောင်တဲ့ လူထုလှုပ်ရှားမှု

သမိုင်းထဲက အကြမ်းမဖက် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများ

နေပြည်တော်မှာလည်း ရပ်ကွက်တွေထဲ ညဘက် လူစိမ်းတွေ ဝင် (ရုပ်/သံ)

နေပြည်တော်မှာလည်း ရပ်ကွက်တွေထဲ ညဘက် လူစိမ်းတွေ ဝင် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved