• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဗဟိုဘဏ် ဝန်ထမ်းများ CDM မှာ ပါဝင်ကြဖို့ အနုပညာရှင်များ မေတ္တာရပ်ခံ

by ယုဖြူဟန်
15 February 2021
in Entertainment
A A
ဗဟိုဘဏ်ရှေ့မှာ ဆန္ဒပြကြတဲ့ အနုပညာရှင်များ  / Ayarwady Lu Min's Facebook

ဗဟိုဘဏ်ရှေ့မှာ ဆန္ဒပြကြတဲ့ အနုပညာရှင်များ / Ayarwady Lu Min's Facebook

8.4k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဝန်ထမ်းများ ပါဝင်လာရေးအတွက် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဗဟိုဘဏ်ရှေ့မှာ အနုပညာရှင်များက သွားရောက် မေတ္တာရပ်ခံခဲ့ပါတယ်။

“လေးစားရပါသော ဝန်ထမ်းများခင်ဗျာ။ ကျနော်တို့ ဒီကနေ့ ဝန်ထမ်းများ ရှေ့မှောက်ကို ရောက်ပြီးတော့ ဆန္ဒဖော်ထုတ်နေခြင်းဟာ ကျနော်တို့ သီဆိုခဲ့တဲ့ အမိမြေကြီးရဲ့ နိုင်ငံတော်သီချင်းထဲက စာသားတွေလို တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်း၊ ငြိမ်းချမ်းခြင်း၊ ဖြူစင်တဲ့ အကျင့်ဝါဒကျင့်သုံးခြင်းစတဲ့ မွန်မြတ်ကောင်းမွန်တဲ့ နိုင်ငံတော်ကြီး ပြန်ဖြစ်အောင်လို့ ကျနော်တို့ လာရောက် ဆန္ဒဖော်ထုတ်နေခြင်း ဖြစ်ပါတယ်” လို့ သရုပ်ဆောင် ဇင်ဝိုင်းက ပြောပါတယ်။

ဒီလို ဆန္ဒဖော်ထုတ်ခြင်းအားဖြင့် အနုပညာရှင်များအနေနဲ့ လက်ရှိ တည်ဆဲဥပဒေအရ ဒုက္ခဖြစ်စရာ များပြားလှပေမယ့် ထိရောက်သော တခုတည်းသော နည်းလမ်းဖြစ်တဲ့ ဝန်ထမ်းပေါင်းစုံ သပိတ်မှောက်ခြင်းအတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်ရှေ့မှာ ဆန္ဒပြကြတဲ့ အနုပညာရှင်များ (ဓာတ်ပုံ – Ayarwady Lu Min’s Facebook)

“ကျနော်တို့ အခုလို ဆန္ဒဖော်ထုတ်နေခြင်းအားဖြင့် လက်ရှိ တည်ဆဲဥပဒေအရ လမ်းပေါ်မှာလည်း အပစ်ခံရနိုင်ပါတယ်။ သွေးမြေလည်း ကျနိုင်ပါတယ်။ လူငယ်တွေလည်း သေဆုံးနိုင်ပါတယ်။ ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခြင်း၊ မိသားစုတွေရဲ့ဘဝ ပျက်သုဉ်းခြင်းထိလည်း ကြုံတွေ့နိုင်ပါတယ်။ ဒါတွေကို ကာကွယ်နိုင်မယ့် တခုတည်းသော အစွမ်းထက်တဲ့၊ နူးညံ့သိမ်မွေ့တဲ့၊ အင်အားအလွန်ကြီးတဲ့ လက်နက်ကတော့ CDM လို့ခေါ်တဲ့ ဝန်ထမ်းများပေါင်းစုံ သပိတ်မှောက်ခြင်းပဲ ဖြစ်ပါတယ်” လို့ ဇင်ဝိုင်းက ပြောပါတယ်။

အနုပညာရှင်များစွာဟာ မနက် ၉ နာရီမှ စတင်ကာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရှေ့မှ ဗဟိုဘဏ်သို့ ချီတက်လာခဲ့ပြီး အဆိုပါ ဘဏ်ရှေ့မှာ စုစည်းကာ နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုခဲ့ကြပါတယ်။

ဦးဆောင် ပါဝင်သူတဦးဖြစ်တဲ့ သရုပ်ဆောင် လူမင်းကလည်း “ကမ္ဘာအရပ်ရပ် နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ သူတို့ ရောက်ရှိနေတဲ့ သက်ဆိုင်ရာ နိုင်ငံတွေမှာ ကျနော်တို့ရဲ့အမိမြန်မာနိုင်ငံတော်ကြီးအတွက် ဆန္ဒပြ တောင်းဆိုနေတာတွေကို ကျနော်တို့ သတင်း မီဒီယာတွေကနေတဆင့် တွေ့ရပါတယ်။ ကြည့်ရပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်”

“ကျနော်တို့က ပြည်ပပဲရောက်ရောက်၊ ပြည်တွင်းမှာပဲနေနေ တသားတည်း ဖြစ်ပါတယ်။ ဆန္ဒကလည်း တခုတည်း ရှိပါတယ်။ အဲဒါကဘာလဲ ဆိုတော့ ကျနော်တို့ စစ်အာဏာသိမ်းမှုကို အလိုမရှိဘူး။ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးရမယ်။ ပြည်သူတွေရဲ့ Vote တွေကိုလေးစားပေးပါ။ ပြည်ပမှာပဲ တောင်းဆိုတောင်းဆို၊ ပြည်တွင်းမှာပဲ တောင်းဆိုတောင်းဆို အတူတူပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဗဟိုဘဏ်ရှေ့မှာ ဆန္ဒပြကြတဲ့ အနုပညာရှင်များ (ဓာတ်ပုံ – Ayarwady Lu Min’s Facebook)

အဆိုပါ တောင်းဆိုမှုကိုတော့ နယ်ပယ်အသီးသီးမှ အနုပညာရှင်များက ပါဝင်ခဲ့ကြတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း ပြည်သူ့ဝန်ထမ်းများရဲ့ ရုံးဌာန၊ ဝန်ထမ်းအိမ်ရာများကို သွားရောက်ကာ CDM မှာ ပါဝင်ဖို့ မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
118
သဇင်ပန်း

သဇင်ပန်း

10 January 2026
130
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
310

CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ကြတဲ့ ပြည်သူ့ဝန်ထမ်းများအတွက် အလုပ်အကိုင်၊ စားဝတ်နေရေးများကိုလည်း လိုအပ်ရင် လိုအပ်သလို ကူညီထောက်ပံ့ပေးမယ့် တရားဝင် အဖွဲ့အစည်းများ အများကြီး ရှိတာကြောင့် စိုးရိမ်ပူပန်ဖို့ မလိုကြောင်းလည်း ပြောခဲ့ပါတယ်။

You may also like these stories:

“အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တော်လှန်ပါတယ်”လို့ မင်းမော်ကွန်း ဆို

အနုပညာရှင် မျိုးဆက်သစ်တွေရဲ့ လက်ရှိ နိုင်ငံရေးအပေါ် သဘောထား

Your Thoughts …
Tags: CDMအနုပညာရှင်အာဏာရှင် ဆန့်ကျင်ရေး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

by ဧရာဝတီ
19 January 2024
21.6k

စစ်ကောင်စီသည် စစ်တက္ကသိုလ်လျှောက်လွှာ လက်ခံချိန်ကို တိုးပေးနေရပြီး ဗိုလ်လောင်းများအတွက် သာမက စစ်သားများအတွက်ပါ ဝင်ခွင့်သတ်မှတ်ချက်များ လျှော့ပေးနေရသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

by ဧရာဝတီ
10 November 2023
18k

တိုက်ပွဲဝင်နေကြသည့် စစ်သားများအား ဖျော်ဖြေပေးရန် စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆိုမှုအပေါ် အနုပညာရှင်အများစုမှာ နှုတ်ဆိတ်လျက်

Next Post
အာဏာသိမ်း အစိုးရလို့ မခေါ်စေချင်ရင်တော့ အာဏာမသိမ်းနဲ့ပေါ့(ရုပ်/သံ)

အာဏာသိမ်း အစိုးရလို့ မခေါ်စေချင်ရင်တော့ အာဏာမသိမ်းနဲ့ပေါ့(ရုပ်/သံ)

အနုပညာရှင်များ / နေပိုင် / ဧရာဝတီ

လက်နက်မဲ့ ပြည်သူတွေကို မပစ်ခတ်ဖို့ အနုပညာရှင်များ တောင်းဆို

No Result
View All Result

Recommended

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

13 hours ago
1.1k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved