• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ဘယ်အခြေအနေရောက်ရောက် တခုခု အမြဲလေ့လာပါ”လို့ ဆိုဖီယာ အကြံပြု

by ဧရာဝတီ
26 April 2021
in Entertainment
A A
အဆိုတော် ဆိုဖီယာ / Sophia Everest's Facebook

အဆိုတော် ဆိုဖီယာ / Sophia Everest's Facebook

8.7k
VIEWS
Share on FacebookShare on Twitter

မထင်ထားတဲ့ အခြေအနေတွေနဲ့ ကြုံရပြီဆိုရင် နေ့စဉ် သွားလာမှု၊ အတွေးအခေါ်ပိုင်းတွေ ခဏ ရပ်တန့်သွားတာကြောင့် ဘယ်အခြေအနေပဲ ရောက်ရောက် တခုခုကို အမြဲလေ့လာနေပါလို့ အဆိုတော် ဆိုဖီယာက အကြံပေးထားပါတယ်။

“မငြီးငြူပါနဲ့ ဆိုပေမယ့်လည်း တခါတလေ လူဆိုတာ မထင်ထားတဲ့ အခြေအနေတွေနဲ့ ကြုံရပြီဆို ကိုယ့်ရဲ့ နေ့စဉ် သွားလာမှုတွေ အတွေးအခေါ်ပိုင်းတွေက ခဏ Pause ဖြစ်သွားတတ်တယ်။ ကိုယ်တိုင်လည်း အဲဒီ Pause ဖြစ်သွားတဲ့ အချိန်ကာလက ကြာနေလို့ မနည်း ပြန်ထနေရပါတယ်။ ကိုယ့်နည်းတူ ပုံစံဖြစ်နေတဲ့ လူအများစု အချို့အတွက် ဒီစာလေး ရေးတင်ဖြစ်တာပါ။ ဘယ်အခြေအနေ ဘယ်နေရာရောက်ရောက် တခုခုကို အမြဲ လေ့လာနေပါ။ ဘာကိုပဲ လေ့လာလေ့လာ တခုခုကို အမြဲလေ့လာနေပါ”လို့ ဆိုဖီယာက ပြောပါတယ်။

ကိုယ်စိတ်ဝင်စားတာ ဘာလဲဆိုတာ ကိုယ်လက်ရှိ ရောက်ရှိရာနေရာ ပတ်ဝန်းကျင်ကို ရှာဖွေ လေ့လာပါလို့ ဆိုဖီယာက ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“ကိုယ်စိတ်ဝင်စားတာ ဘာလဲဆိုတာကို ကိုယ်လက်ရှိ ရောက်ရှိရာနေရာ ပတ်ဝန်းကျင်၊ အဆင့်မြင့် နေရာ ရောက်သည်ဖြစ်စေ၊ ခက်ခဲ ကြမ်းတမ်းတဲ့ နေရာ ရောက်သည် ဖြစ်စေ ရှာဖွေ လေ့လာပါ။ ဟင်းချက်တာလား။ ဘာသာစကားအသစ်လား၊ ရုပ်ရှင်လား။ ဘဝအတွက် အကျိုးရှိမယ့် message ကောင်းကောင်း ပေးနိုင်မယ့် အရာတွေလား၊ ဒါမှမဟုတ် လူသစ်တွေနဲ့ စကားပြောကြည့်မလား။ ကိုယ်နဲ့ လုံးဝ မသိတဲ့ ပတ်ဝန်းကျင်ကသူတွေနဲ့ Conversation ရအောင် ပြောကြည့်ပြီး အတွေ့အကြုံသစ်တွေ ဖလှယ် ကြမလား”

“အင်တာနက် ရနေသေးရင် ပိုလေ့လာစရာတွေ များတယ်။ အင်တာနက် မရတော့ရော ကိုယ်တွေ ငုတ်တုတ်ထိုင်ပြီး ငြီးငြူနေမလား။ အင်တာနက် မရှိလည်း ဘာလေ့လာနိုင်လဲ။ အိမ်မှာ စာအုပ်ဖတ်မလား။ အိမ်က အဘိုးအဘွား အရွယ်တွေနဲ့ သူတို့ ဘဝအကြောင်းတွေကို မေးကြည့်မလား။ ဘာမဆို လုပ်နိုင်တယ်။ အင်တာနက် မရှိဘဲ ကျမတို့ အချို့အရာတွေ လေ့လာနိုင်တယ်။ အဲ့တော့ ဆင်ခြေတွေ၊ အကြောင်းပြချက်တွေ ကိုယ့်ကိုယ်ကိုယ် ပေးမနေဘဲ တခုခု ရှိတာ ထလုပ်ပါ လေ့လာပါ”လို့ ဆိုဖီယာက ဆိုပါတယ်။

အဆိုတော် ဆိုဖီယာ (ဓာတ်ပုံ – Sophia Everest’s Facebook)

ဒီကာလအတွင်းမှာတော့ ဆိုဖီယာက အိမ်မွေးတိရစ္ဆာန် မွေးဖြစ်ပြီး၊ Pet မွေးခြင်းရဲ့ အကျိုးရလဒ်တွေ ရှိလာမယ်ဆိုတာ ယုံကြည်တယ်လို့ ဆိုပါတယ်။

“ညီမအတွက်တော့ သေးသေးကြီးကြီး အရင်က မသိခဲ့တာ အခု ပိုသိလာတာလည်း တိုးတက်မှု တခု လို့ မြင်ပါတယ်။ ဘဝမှာ ဘယ်အရာမှ အလကားမရပါဘူး။ ညီမ အခုဆို Lola ဆိုတဲ့ Poodle Puppy လေး တကောင် စမွေးပါတယ်။ အများကြီး လေ့လာရတယ်၊ စိတ်ရှည်ရတယ်။ ဘာကို ငါလုပ်နိုင်လဲ၊ မလုပ်နိုင်လဲ သိလာရတယ်။ တကယ် မလွယ်ပါဘူး Pet မွေးရတာ အင်မတန် စိတ်ရှည်ရပါတယ်။ Lola လေးကို မွေးခြင်းရဲ့ အကျိုး ရလဒ်တွေက ရှေ့မှာ တခုခု အကျိုးရှိလာမယ် ဆိုတာ ယုံကြည်ပါတယ်”လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဆိုဖီယာက အားတဲ့အချိန် Netflix ကနေ သရဲကားတွေ ကာတွန်းနဲ့ ဒရာမာကားတွေ အခုတလော လုံးဝ မကြည့်ဖြစ်ဘူးလို့ ဆိုပါတယ်။

“နောက်တခု ညီမ ဟင်းတွေ ချက်တယ်။ အရင်က စိတ်ကူးထဲမှာ ချက်နေတာတွေ အခု တခု မကျန် အကုန် လိုက်ချက်တယ်။ အားတဲ့ချိန် Netflix မှာ ညီမ သရဲကားတွေ ကာတွန်းနဲ့ ဒရာမာကားတွေ ညီမ အခုတလော လုံးဝ မကြည့်ပါဘူး။ ကြည့်တာ အပြစ် မဟုတ်ပါဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း ကြည့်ချင်တာ ကြည့်ဖြစ်တာလေးတွေက ခေတ်လူငယ် မိန်းကလေးတွေ New York City မှာ ဘယ်လိုနေထိုင် သွားလာနေလဲ”

“သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ဘယ်လို chill လုပ်လဲ။ သူ့ရဲ့ Lifestyle တခုကို ဘယ်လို Balance ဖြစ်အောင်နေလဲ။ သူရဲ့ ကြိုးစားမှုတွေ ပြတ်သားမှုတွေ လေ့လာစရာ ရနိုင်မယ့် ကားမျိုးတွေ၊ ဒါပေမဲ့ နည်းနည်း ဒရာမာလေးတွေတော့ ပါတာပေါ့နော်။ ကြည့်ဖြစ်ပါတယ်။ Youtube ကြည့်တယ် တခါတလေ သွားရှာမိသေးတယ်။ ဘာတဲ့ Online job vacancies ဆိုပြီး၊ ဘာလို့လဲ ဆိုတော့ ရပ်နေတဲ့ ဘဝကြီးမှာ မနေချင်ဘူး လှုပ်ရှားချင်တယ်”လို့ ဆိုဖီယာက ပြောပါတယ်။

နိုင်ငံသားတယောက် အနေနဲ့ လုပ်စရာ ရှိတာလည်း လုပ်ရင်း ခေတ်လူငယ်တွေရဲ့ ဘဝဟာ ဘယ်သူ လုပ်လို့မှ မရပ်တန့်စေချင်ပါဘူးလို့ ဆိုဖီယာက ဆိုပါတယ်။

အဆိုတော် ဆိုဖီယာ (ဓာတ်ပုံ – Sophia Everest’s Facebook)

“ဝုန်းဆိုပြီး တက်နေရမယ့် ခေတ်လူငယ်တွေရဲ့ ဘဝဟာ ဘယ်သူလုပ်လို့မှ မရပ်တန့်စေချင်ပါဘူး။ အဲ့တော့ နိုင်ငံသားတယောက်အနေနဲ့ လုပ်စရာ ရှိတာလေးလည်း လုပ်ရင်း ငြီးငြူနေတာတွေ ခဏရပ်ပြီး အားလုံး ပြီးသွားပြီဆိုတဲ့ တနေ့မှာ ငါ ရှေ့ဘယ်နှလှမ်းလေးတော့ ရောက်လာသားပဲ ဆိုတာလေး တွေးမိစေချင်လို့ပါ”

“ဒါကလည်း ကိုယ်တိုင်က လုပ်နိုင်နေလို့ ပြောပြရခြင်းမဟုတ်ပါ။ ကြိုးစားနေတုန်းပါပဲ။ စိတ်ကော လူကော ပြန်ပြီး အားလုံးကို ကြိုးစားနေပါတယ်။ ဒါကို မမေ့ပါနဲ့။ ဘယ်သူမှ ကိုယ့်ကို တုံးသွားအောင် လုပ်လို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ပိုင်ပါတယ်”လို့ ဆိုဖီယာက ပြောထားပါတယ်။

You may also like these stories:

အော်စကာဆုရ ပထမဆုံး ကိုရီးယားသရုပ်ဆောင် ဖြစ်လာတဲ့ Youn Yuh-jung

“မလိုအပ်တဲ့ သတင်းတွေကို မဖွကြပါနဲ့”လို့ သာဒီးလူ ဆို

စစ်ကောင်စီမှ ဖမ်းဝရမ်း ထုတ်ထားတဲ့ အနုပညာရှင်ပေါင်း ၁၀၀ ကျော်ထိ ရှိလာ

Your Thoughts …
Tags: ConservationNetflixနေ့စဉ် သွားလာမှုအဆိုတော် ဆိုဖီယာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

"The Naked Director" စီးရီး

ဂျပန် အပြာရုပ်ရှင် လုပ်ငန်းအကြောင်း မြင်တွေ့ရမယ့် “The Naked Director” စီးရီး

by မစ်ကီ
29 July 2019
17.7k

အဲ့ဒီစီးရီးမှာဆိုရင် ဂျပန်နိုင်ငံရဲ့ အပြာရုပ်ရှင်လုပ်ငန်း ဘယ်လို စတင်ပေါ်ပေါက်ပြီး နေရာတခုမှာ အောင်မြင်နေခဲ့တယ်ဆိုတာကို အနီးအဝေး အမြင်တွေနဲ့အတူ မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers က ဖြစ်ရပ်မှန်လား

Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers က ဖြစ်ရပ်မှန်လား

by Nathan Patra
31 May 2024
1.7k

ကျနော်တို့ရဲ့ ရည်မှန်းချက်က လူတွေအနေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားတွေကို မေးခွန်းထုတ်စေဖို့ပဲ။

UK ဂီတ အနုပညာရှင် ၁၀၀၀ ကျော် အသံတိတ် အယ်လ်ဘမ် ထုတ်ပြီး AI မူပိုင်ခွင့် ဥပဒေကို ဆန့်ကျင်

UK ဂီတ အနုပညာရှင် ၁၀၀၀ ကျော် အသံတိတ် အယ်လ်ဘမ် ထုတ်ပြီး AI မူပိုင်ခွင့် ဥပဒေကို ဆန့်ကျင်

by ဧရာဝတီ
2 March 2025
482

တင်သွင်းထားတဲ့ ဥပဒေပြောင်းလဲမှုတွေဟာ AI ဖန်တီးသူတွေ အနေနဲ့ ဥပဒေ ခွင့်ပြုချက်ရရင် ဘယ်လို အကြောင်း အရာကို မဆို AI လေ့ကျင့်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ပြီး မူရင်း ဖန်တီးရှင်တွေဟာ တားဆီးပိုင်ခွင့် မရှိတော့ဘူးလို့ ဆိုပါတယ်။

"Delhi Crime" စီးရီး

အိန္ဒိယရဲ့ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုအကြောင်း ဇာတ်အိမ်တည်ထားတဲ့ “Delhi Crime” စီးရီး Netflix တွင် ပြပြီ

by မစ်ကီ
25 March 2019
14.9k

အပိုင်း ၇ ပိုင်းပါဝင်တဲ့ အဲဒီ စီးရီးကိုတော့ ဒေလီမြို့ရဲ့ ပုံမှန် ဆောင်းရာသီ မနက်ခင်းရဲ့ ပြကွက်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပုံမှန်ကင်းလှည့်မှုတွေနဲ့ စတင်ထားပါတယ်။

"Bird Box" ရုပ်ရှင်မှ ဇာတ်ဝင်ခန်းတခု

“Bird Box” စိန်ခေါ်မှု မလုပ်ကြဖို့ Netflix သတိပေး

by မစ်ကီ
3 January 2019
44k

Netflix ရဲ့အဆိုအရ "Bird Box" ရုပ်ရှင်ဟာ ဖြန့်ချိပြီး ပထမဆုံး ၇ ရက်အတွင်း လူကြည့်အများဆုံး ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

"The First Temptation of Christ" ရုပ်ရှင်

ယေရှုခရစ်တော်ကို ဂေးအဖြစ် ပုံဖော်ထားတဲ့ Netflix ရုပ်ရှင် ဘရာဇီးမှာ ကန့်ကွက်ခံရ

by မစ်ကီ
18 December 2019
4.5k

၄၆ မိနစ်တာ ကြာမြင့်တဲ့ အဲဒီ ရုပ်ရှင်ကို Netflix ကနေ ဖယ်ရှားပေးဖို့ တောင်းဆိုထားပြီး ဒါဟာ ခရစ်ယာန်ဘာသာဝင်တွေကို စော်ကားတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Next Post
တေးရေး အောင်နိုင်စန်း  / Aung Naing San's Facebook

“အနုပညာသမားတွေ အဖမ်းခံရဖို့ ရာခိုင်နှုန်းက သူများထက် ပိုတယ်”

ပြန်လည် လွတ်မြောက်လာသည့် တောင်ကုတ်မြို့ခံများ / Soe Thiha Swe

အကြမ်းဖက်မှုဖြင့် တရားစွဲခံရသည့် တောင်ကုတ်မြို့ခံ ၄ ဦး တရားသေ လွတ်မြောက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved