• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Food

“MasterChef Legends” မှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာအမျိုးသမီး “စု”

by ဧရာဝတီ
4 June 2021
in Food
A A
“MasterChef Legends 2021” ပြိုင်ပွဲဝင် စု

“MasterChef Legends 2021” ပြိုင်ပွဲဝင် စု

24k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ “MasterChef Legends 2021” မှာ မြန်မာပြည်ဖွား အမျိုးသမီး တဦး ဝင်ရောက် ယှဉ်ပြိုင်နေတာကို တွေ့ရပါတယ်။ အဲဒီ အမျိုးသမီးရဲ့ နာမည်က “စု” (Suu) ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှ အသက် ၃၀ နှစ်အရွယ် Food Blogger တဦးလို့ သိရပါတယ်။

“MasterChef Legends 2021” ပြိုင်ပွဲဝင် စု (ဓာတ်ပုံ – Burmalicious by Suu)

“ကျမက မြန်မာမှာ မွေးပြီး ကြီးပြင်းခဲ့တာပါ။ ကျမ ဟင်းစချက်တယ်ဆိုတာ ကျမ အမေနဲ့ အဘွားကို ကူညီရင်းနဲ့ပါပဲ။ ကြက်သွန်တွေ ခွာပေးတယ်။ အာလူးသီး နွှာတယ်။ ကြက်သွန်ဖြူ ခွာတယ်။ ဒီတော့ ဒါက ကျမအတွက်တော့ ရွေးချယ်မှုထက် အိမ်အလုပ်လို ဖြစ်ခဲ့တာပါ”

RelatedPosts

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
1.6k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
783
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
558

“ဒါပေမဲ့ အသက် ၂၂ နှစ်ရောက်တော့ ကျမ အမေရိကန်က တက္ကသိုလ်တခုမှာ တက်ခွင့်ရခဲ့တယ်။ ဒီတော့မှ ကျမလည်း အများကြီး ချက်ပြုတ်ဖြစ်တော့တယ်။ အိမ်လွမ်းတာကို ဖြေဖျောက်ဖို့ပါပဲ။ အဲဒီမှာပဲ ကျမကိုယ်အတွင်းထဲထိ စားစရာတွေ ချက်ပြုတ်ချင်စိတ်က ဝင်နေတာကို သိလိုက်တာပါပဲ”လို့ စုက ပြောပါတယ်။

စုက “MasterChef Legends 2021” ရဲ့ Audition အဆင့်ပြိုင်ပွဲမှာ မြန်မာ အုန်းနို့ခေါက်ဆွဲကို ပုစွန်နဲ့ ချက်ပြုတ် ပြင်ဆင်ပြခဲ့တာ ဖြစ်ပါတယ်။

“ကျမ မိသားစု၊ ကျမ မိဘတွေနဲ့ ကျမ အဘွားကို တကယ်ဂုဏ်ယူရအောင် လုပ်ပေးချင်ပါတယ်။ ကျမက မြန်မာစားစရာတွေဟာလည်း MasterChef နေရာကို အနိုင်ရဖို့ ထိုက်တန်တယ်လို့ ယုံကြည်တယ်။ ကျမ ဒီလိုရဖို့အတွက် အခု လာတာပါပဲ”လို့ စုက ပြောပါတယ်။

အကဲဖြတ်ဒိုင်တဦးဖြစ်တဲ့ Joe က စုရဲ့ ချက်ပြုတ် ပြင်ဆင်နေပုံကို စိတ်ဝင်တစားနဲ့ ကြည့်ပြီး “အမေရိကန်တွေကို မြန်မာ အစားအစာအကြောင်း ဘာပြောပြချင်လဲ”လို့ မေးခဲ့ပါတယ်။

စုက “ကျမတို့ရဲ့ ဟင်းလျာတွေက အိန္ဒိယ၊ တရုတ်၊ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ လွှမ်းမိုးမှု များပါတယ်။ အခု ကျမက ဒီည ရှင်တို့ကို ပြသမယ့် အရသာ အကုန်လုံးကို အခု ထည့်နေတာပါ”လို့ ဖြေကြားခဲ့ပြီး၊ ဒိုင် ၂ ဦးက စုကို “ကံကောင်းပါစေ”လို့ ပြန်ပြောခဲ့ပါတယ်။

“MasterChef Legends 2021” ပြိုင်ပွဲဝင် စု

Gordon Ramsay က “ဒီစားစရာက ဘယ်ကလာတာလဲ” လို့ မေးတဲ့အခါ စု “ကျမက ဖွံ့ဖြိုးဆဲ နိုင်ငံလေးတခုက လာတာပါ။ ကျမတို့က အသက်ရှင်ဖို့ စားသောက်ဖို့ လိုပါတယ်။ ဒီတော့ ကျမတို့ နိုင်ငံမှာဆိုရင် နေ့တိုင်း ထမင်းတပန်းကန် စားရတာအတွက် ကျေးဇူးတင် ဝမ်းသာကြပါတယ်”လို့ ပြန်လည် ဖြေခဲ့ပါတယ်။

အရသာ မမြည်းစမ်းခင်မှာ စု ပြင်ဆင် ချက်ပြုတ်ထားတဲ့ ဟင်းလျာကို ကြည့်ပြီး “မင်း ဟင်းပွဲပြင်ထားတဲ့ပုံကို ကြည့်တာနဲ့ မင်းက ပါဝင်ပစ္စည်း အားလုံးကို သေချာ ဂရုစိုက်ထားတာကို သိသာပါတယ်။ ဒါက မင်းရဲ့ တိကျတဲ့ အရည်အသွေးနဲ့ နည်းပညာကို ပြသနေတာပါပဲ”လို့ Aarón က ပြောခဲ့ပါတယ်။

“MasterChef Legends 2021” ပြိုင်ပွဲဝင် စု

စုရဲ့ အုန်းနို့ခေါက်ဆွဲ အရသာကို မြည်းစမ်းပြီးနောက်မှာတော့ အမေရိကန် စားဖိုမှူးကြီး Emeril Lagasse က “ငါ ပြောချင်တာ တခုတော့ ရှိတယ် စု။ ငါဒီကိုလာတဲ့ လူအများကြီးရဲ့ ဟင်းကို ချစ်သွားစေတဲ့ဟင်းလို့ ပြောလေ့မရှိဘူး။ ဒီဟင်းကတော့ တကယ်ကို ချစ်သွားစေတဲ့ဟင်းလို့ ပြောရမှာပါပဲ။ တော်ပါပေတယ်”လို့ ချီးကျူးခဲ့ပါတယ်။

“ဒါတကယ်ကို ထူးခြားတဲ့အရာပါပဲ”လို့ Aarón က ဆိုပြီး၊ အကဲဖြတ်ဒိုင် Joe က “ဒါက တကယ့်ကို မြန်မာ့ဟင်းလျာတွေကို ကြိုက်နှစ်သက်သွားစေတာပါပဲ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ကမ္ဘာကျော် စားဖိုမှူးကြီး Gordon Ramsay က “စု ငါမင်းကို တကယ်အမှန်အတိုင်း ပြောမယ်နော်။ ဒါဒီည ငါမြည်းကြည့်သမျှထဲမှာ အကောင်းဆုံး အရသာပါပဲ”လို့ ချီးကျူးစကား ဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပြိုင်ပွဲဝင် စုကို White Apron ချီးမြှင့်ခဲ့ပြီး၊ “MasterChef Legends 2021” ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရရှိသွားတာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ထူးခြားစွာနဲ့ နောက်ဆုံး ဆန်ခါဝင် ပြိုင်ပွဲဝင် အယောက် ၂၀ ရွေးချယ်တာ မဟုတ်ဘဲ ၁၅ ယောက်သာ ရွေးချယ် ယှဉ်ပြိုင်စေတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ “MasterChef Legends 2021” ပြိုင်ပွဲကို FOX TV မှာ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့၊ (ဗုဒ္ဓဟူးနေ့) က စတင် ပြသနေပြီ ဖြစ်ပါတယ်။

Your Thoughts …
Tags: Food BloggerMasterChef Legends 2021
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ပင်လယ်စာဟင်းပွဲနဲ့ ရေညှိထမင်းဆုပ်လုံး

ကိုရီးယားစတိုင် ပင်လယ်စာဟင်းပွဲနဲ့ ရေညှိထမင်းဆုပ်လုံး

by Aurora
3 October 2020
96.2k

ပိတ်ရက်မှာ မိသားစုတွေအတွက် အထူးပြင်ဆင် ချက်ပြုတ်ပေးမယ်ဆိုရင် ကိုရီးယားစတိုင် ပင်လယ်စာ အစပ်ဟင်းက တပွဲတည်းနဲ့ ပြည့်စုံပါလိမ့်မယ်။

“MasterChef Legends 2021” ပြိုင်ပွဲဝင် စု  / Burmalicious by Suu

“မြန်မာအစားအစာကို ချက်ပြုတ် ပြင်ဆင်ခွင့်ရတဲ့အတွက် ဂုဏ်ယူတယ်”

by ဧရာဝတီ
16 June 2021
54.6k

“စုက Professional Chef တယောက် မဟုတ်ပါဘူးရှင်။ ဟင်းချက်ရတာ ဝါသနာပါတယ်။ ဟင်းပွဲ လှလှပပ ပြင်ဆင်ရတာ၊ ဓာတ်ပုံ ရိုက်ရတာကို သဘောကျတယ်။

သရုပ်ဆောင် ရွှေသမီး / ဝေဝေနှင်း / ဧရာဝတီ

Food Blogger တယောက်လို့ မခံယူထားဘူးလို့ ရွှေသမီး ပြော

by ယုဖြူဟန်
12 June 2020
33.6k

“သူများတွေကတော့ ရွှေ့ကို Food Blogger လုပ်နေပြီလား ဖြစ်နေပြီလား ပြောကြတယ်။ အဲ့လိုတော့ မခံယူပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အလုပ်တခုက မလွယ်ကူဘူး။

Next Post
ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုက်တဲ့ အဆိုတော် ကိုင်ဇာ

အဆိုတော် ကိုင်ဇာ ကျန်းမာရေးကြောင့် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည် မဟုတ်

လူကြမ်းသရုပ်ဆောင် ဦးဘဂျမ်း  / May Nwe Htun's Facebook

မျက်လုံးခွဲစိတ်ဖို့ ငွေကြေး အခက်အခဲ ဖြစ်နေတဲ့ လူကြမ်း ဦးဘဂျမ်း

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

11 hours ago
5.9k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate