• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Food Blogger တယောက်လို့ မခံယူထားဘူးလို့ ရွှေသမီး ပြော

by ယုဖြူဟန်
12 June 2020
in Entertainment
A A
သရုပ်ဆောင် ရွှေသမီး / ဝေဝေနှင်း / ဧရာဝတီ

သရုပ်ဆောင် ရွှေသမီး / ဝေဝေနှင်း / ဧရာဝတီ

33.6k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် ရွှေသမီးက သူ့ရဲ့ Facebook Page မှာ အစားအသောက်များကို အမြဲတမ်း စားပြလေ့ရှိပြီး ဒီလိုစားပြနေပေမယ့် Food Blogger တယောက်အဖြစ် မခံယူထားဘူးလို့ ဆိုပါတယ်။

“သူများတွေကတော့ ရွှေ့ကို Food Blogger လုပ်နေပြီလား ဖြစ်နေပြီလား ပြောကြတယ်။ အဲ့လိုတော့ မခံယူပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အလုပ်တခုက မလွယ်ကူဘူး။ ပညာရပ်တခုက မလွယ်ကူဘူး။ အမြင်မှာတော့ အစားလေးစားပြရုံပဲလို့ ထင်ကြတယ်။ ဒါပေမဲ့ အနောက်မှာ စဉ်းစားရတာတွေ Plan ချရတာတွေ စားနေတဲ့ အတောအတွင်းမှာ ဘာတွေပြောရမလဲ။ ဘယ်လိုလေးတွေ လုပ်ရမလဲပေါ့”

“ကြည့်တဲ့သူကို ဆွဲဆောင်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ။ အဲ့လိုတွေအများကြီးရှိတယ်။ ကိုယ်တွေကျတော့ အဲ့လိုစားတာတွေကို ထိုင်ကြည့်ရတာကို သဘောကျတဲ့သူ ဝါသနာပါတဲ့သူထဲမှာ ပါတယ်။ ကိုယ်တိုင်လည်း အစားအသောက်စားရတာကို ကြိုက်တယ်။ အဲဒါကြောင့် ရိုက်ပြီးတင်ဖြစ်တာပါ” လို့ ရွှေသမီးက ပြောပါတယ်။

Food Blogger အနေနဲ့ လုပ်ကိုင်နေတဲ့ Professional တွေလောက် မကျွမ်းကျင်သေးဘဲ ပုံမှန်စားနေကျအတိုင်းကို ပရိသတ်များအတွက် ဖျော်ဖြေရေးအနေနဲ့ လုပ်ဖြစ်တာလို့ သိရပါတယ်။

“ဘလော့ဂါလို့တော့ မခံယူသေးပါဘူး။ တကယ်အလုပ်လုပ်နေတဲ့ ပရော်ဖက်ရှင်နယ်တွေလောက်တော့ ရွှေက မကျွမ်းပါဘူး။ ကိုယ်လုပ်တတ်သလိုလေး ကိုယ်ပုံမှန်စားနေကျအတိုင်း စားပြီးတော့ ပရိသတ်ကို ဖျော်ဖြေရေးတခုလိုပဲပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ စီးပွားရေးတခုအနေနဲ့ စဉ်းစားလာရတယ်။ ရွှေက စားစားပြနေတော့ လာလာပို့တဲ့သူတွေက များလာတယ်။ အဲ့တော့ စီးပွားရေးတခုအနေနဲ့ လုပ်မယ်လို့ စဉ်းစားထားတယ်” လို့ ရွှေသမီးက ပြောပါတယ်။

နောက်ပိုင်းမှာတော့ အစားအသောက်စားပြတာကို စီးပွားရေးတခုအနေနဲ့ လာရောက်ပို့တဲ့ ကြော်ငြာစေချင်သော အစားအသောက်များကို စီးပွားရေးတခုအနေနဲ့ လုပ်သွားမယ်လို့ သိရပါတယ်။

“စီးပွားရေးလုပ်ရင်လည်း ကိုယ့်အတွက်အလှူလေးတွေ လုပ်ဖို့အတွက် တဖက်တလမ်းက ငွေရှာတယ်လို့ တွေးပြီးတော့မှ စီးပွားရေးလုပ်ပါမယ်လို့ ပြောချင်ပါတယ်။ ပြောရရင်တော့ ငွေကြေးတခု ယူပြီးတော့မှ စားပြဖြစ်မယ်။ ဒါလေးတွေကလည်း ကိုယ့်အတွက်ဆိုတာထက် အလှူလေးတွေ လုပ်ဖို့ကို ပိုပြီးတော့မှ စဉ်းစားဖြစ်တယ်”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
130
သဇင်ပန်း

သဇင်ပန်း

10 January 2026
144
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

“အနုပညာကြေးရရင် အမြဲတမ်းတော့ ၃ ပုံ ၁ ပုံ ၊ ၁၀ ပုံ ၁ ပုံ ဖယ်ဖယ်ပြီးတော့မှ စုထားတတ်တယ်။ အလှူလုပ်ဖို့အတွက်ကို စုထားတတ်တယ်။ အဲ့လိုမျိုးလေးတွေ သေချာလေး ထဲထဲဝင်ဝင် လုပ်ဖြစ်သွားပြီဆိုရင်လည်း အဲ့လိုမျိုးလေးပဲ လုပ်ဖြစ်မှာပါ” လို့ ရွှေသမီးက ပြောပါတယ်။

အခုမှစလုပ်တဲ့ Food Blogger များကိုတော့ သူတို့လည်း စီးပွားရေးအနေနဲ့လုပ်တာဖြစ်တဲ့အတွက် ပြန်ကြည့်ပေးရတဲ့ အပိုင်းတွေရှိတယ်လို့ ဆိုပါတယ်။

“အခုကတော့ အွန်လိုင်းစားတဲ့ဟာတွေက ပိုများတယ်။ သူတို့တွေကို ရွှေကြည့်တယ်။ တချို့ဆိုရင်လည်း နာမည်ရပြီးသားတွေပေါ့။ တချို့ဆိုရင်လည်း အခုမှစလုပ်တဲ့သူတွေလည်း ရှိတယ်။ အခုမှ စလုပ်တဲ့သူတွေကျတော့လည်း ရွှေပြန်ကြည့်ပေးတဲ့ အပိုင်းတွေ ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း စီးပွားရေးတခုအနေနဲ့ လုပ်ကြတာဆိုတော့ သူတို့ကိုလည်း ပြန်ကြည့်ပေးတဲ့ အပိုင်းလေးတွေလည်း ရှိပါတယ်” လို့ ရွှေသမီးက ပြောပါတယ်။

ဆက်လက်ပြီး “ပညာရပ်တခုက မလွယ်ဘူး။ Food Blogger ဆိုတာကတော့ တခြားသူတွေ အမြင်မှာ စားနေတာပဲပေါ့။ တကယ်ကျ အဲ့လိုမဟုတ်ဘူး။ စီစဉ်ရတာတွေ တကယ် ပရော်ဖက်ရှင်နယ် လုပ်နေတဲ့သူတွေက တပတ်တပတ် ဘာစားပြရမလဲ။ ဘယ်လိုလုပ်ရမလဲ။ စားနေတာနဲ့လည်း မပြီးသေးဘူး”

“စားဖို့အတွက်တွေ စီစဉ်ဖို့အတွက်တွေကို ဝင်ငွေရှိမှဖြစ်မှာ အဲ့အတွက်ကြောင့် စားသောက်ကုန်နဲ့ ပတ်သက်တဲ့ အရာတွေကိုလည်း ပရိုမိုးရှင်းတွေ ချိတ်ဆက်ရတာတွေလည်း အများကြီး ရှိနိုင်တယ်။ တွင်တွင်ကျယ်ကျယ် လုပ်နေတဲ့ သူတွေမှာလည်း ပိုပြီးတော့ရှိမှာပဲ။ ရွှေတို့ကျတော့ အဲ့လို သိပ်မရှိဘူး။ အိမ်မှာ ရှိတာလေးတွေကို ထမင်းလေးနဲ့ နယ်ဖတ်စား ပရိသတ်ကိုပိုပြီး အချိန်ပေးဖြစ်တာပေါ့” လို့ ပြောပါတယ်။

ရွှေသမီးကတော့ ကိုဗစ်ကာလ အိမ်မှာနေရတာအချိန်မှာ အစားအသောက်စားတာနဲ့ စာဖတ်တာတွေကိုလုပ်ဖြစ်ပြီး အိမ်မှာ အေးအေးဆေးဆေး နေရတာကြောင့် စိတ်အပန်းပြေတယ်လို့လည်း ဆိုပါတယ်။

You may also like these stories:

ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ဖို့ လေယာဉ် စီစဉ်ပေးခဲ့တဲ့ အမီတာဘဂျမ်း

Tik Tok မှာ သဘောကျသူတွေကို ရုပ်ရှင်ခေါ်ရိုက်မယ့် ကိုပေါက်

အလုပ်အကြိုးစားဆုံး မင်းသားအဖြစ် Nicolas Cage မှတ်တမ်းဝင်

Your Thoughts …
Tags: Food Bloggerရွှေသမီး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် ရွှေသမီး / ယုဖြူဟန် / ဧရာဝတီ

“တာတေကြီး”ဇာတ်ကားက ပထမဆုံးရုပ်ရှင်ကားကြီးပါလို့ဆိုတဲ့ ရွှေသမီး

by ယုဖြူဟန်
8 December 2017
13.2k

ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေထားတယ်။ အနုပညာအလုပ်၊ အနုပညာလောကမှာက သင်လို့မကုန်နိုင်ပါဘူး။ ကိုယ်လိုချင်တဲ့ ပန်းတိုင်တခုကို ရောက်ပြီဆိုရင်လည်း နောက်ထပ်ပန်းတိုင်တခုကို ရောက်အောင်သွားဖို့က ရှိတယ်။

ပင်လယ်စာဟင်းပွဲနဲ့ ရေညှိထမင်းဆုပ်လုံး

ကိုရီးယားစတိုင် ပင်လယ်စာဟင်းပွဲနဲ့ ရေညှိထမင်းဆုပ်လုံး

by Aurora
3 October 2020
96.2k

ပိတ်ရက်မှာ မိသားစုတွေအတွက် အထူးပြင်ဆင် ချက်ပြုတ်ပေးမယ်ဆိုရင် ကိုရီးယားစတိုင် ပင်လယ်စာ အစပ်ဟင်းက တပွဲတည်းနဲ့ ပြည့်စုံပါလိမ့်မယ်။

သရုပ်ဆောင် ရွှေသမီး / Shwe Tha Mee's Facebook

“သခင်ကြီးနဲ့ ငါးပိတို့စရာ” ဇာတ်ကားမှာ စကား မပြောဘဲ သရုပ်ဆောင်ထားတဲ့ ရွှေသမီး

by ချစ်ပိုး
1 November 2019
7k

အခက်အခဲကတော့ ရှိတယ်။ အခန်းတိုင်းလိုလိုက စိန်ခေါ်မှုလည်းဖြစ်တယ်။ အရမ်းကို ကိုယ့်အစ်မကိုပြောပြချင်တယ်။ ကိုယ်ဘာဖြစ်နေတယ်ဆိုတာကို ပြောပြချင်တဲ့အခန်းတွေ ရှိတယ်။

“MasterChef Legends 2021” ပြိုင်ပွဲဝင် စု

“MasterChef Legends” မှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာအမျိုးသမီး “စု”

by ဧရာဝတီ
4 June 2021
24k

ကမ္ဘာကျော် စားဖိုမှူးကြီး Gordon Ramsay က “စု ငါမင်းကို တကယ်အမှန်အတိုင်း ပြောမယ်နော်။ ဒါဒီည ငါမြည်းကြည့်သမျှထဲမှာ အကောင်းဆုံး အရသာပါပဲ”လို့ ချီးကျူးစကား ဆိုခဲ့ပါတယ်။

သရုပ်ဆောင် ရွှေသမီး  / Shwe Tha Mee's Facebook

“တော်တော်ဖြစ်နေလား” အကြောင်း ပြောပြတဲ့ ရွှေသမီး

by ချစ်ပိုး
16 October 2018
7.2k

"ကိုမြင့်မြတ်နဲ့ တွဲရိုက်ရတဲ့ ခံစားချက်က အစ်ကိုက အပြင်မှာလည်း ပျော်ပျော်နေတတ်တယ်။ အငယ်တွေကိုလည်း ဆွဲခေါ်ပေးတယ်။ တယောက်တည်း ကောင်းဖို့ အဲ့လိုတွေ မရှိဘူး။

သရုပ်ဆောင် ရွှေသမီး / နေပိုင် / ဧရာဝတီ

CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ကြဖို့ ရွှေသမီး တောင်းဆို

by ချစ်ပိုး
13 February 2021
8.1k

CDM မှာ ပါဝင်တဲ့သူတွေ အခက်အခဲများ ရှိခဲ့ရင် ကူညီပေးဖို့ အဖွဲ့အစည်းတွေကလည်း အသင့်ပါပဲ။ အခက်အခဲဖြစ်နေတဲ့သူတွေ အကယ်လို့ ရှိခဲ့ရင် ရွှေတို့ကို ဆက်သွယ်ပါ။

Next Post
အဂတိမှုနှင့် အရေးယူထားသော သတ္တုတွင်း လုပ်ငန်းဦးဆောင် ညွှန်ကြားရေးမှူး ဦသံဒိုင်  / မိုးမိုး  / ဧရာဝတီ

အဂတိဖြင့် ထောင်၁ နှစ် ချခံရသည့် သတ္တုတွင်း ညွှန်မှူးအမှု ပြန်သုံးသပ်ရန် တင်ပြမည်

သိမ်းဆည်းမြေများ လျော်ကြေးမပေးဘဲ ပိုင်ဆိုင်မှု အထောက်အထားများ ပြန်တာင်းယူနေမှု တောင်သူများ စိတ်ပျက် (ရုပ်/သံ)

သိမ်းဆည်းမြေများ လျော်ကြေးမပေးဘဲ ပိုင်ဆိုင်မှု အထောက်အထားများ ပြန်တာင်းယူနေမှု တောင်သူများ စိတ်ပျက် (ရုပ်/သံ)

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved