မန္တလေးမြို့အိုးဘိုအကျဉ်းဦးစီးဌာန သိမ်းဆည်းမြေများအတွက် လျော်ကြေးမပေးဘဲ ပိုင်ဆိုင်မှုအထောက်အထားများ ပြန်လည် တောင်းယူနေမှုကြောင့် စိတ်ပျက်မိကြောင်း တောင်သူများမှ ပြောဆိုသည်။
၁၉၉၁ခုနှစ်က အကျဉ်းထောင် တည်ဆောက်ရန် အောင်မြေသာစံမြို့နယ်အတွင်း တောင်သူ ၁၅ဦးပိုင်ဆိုင်သည့် လယ်မြေဧကများသိမ်းယူခံခဲ့ရသဖြင့် ပြန်လည်ရရှိရန်အဆင့်ဆင့်တင်ပြခဲ့ကြကြောင်းသိရသည်။
NLD အစိုးရလက်ထက် ၂၀၁၉ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မြေဧက ၁၁ ဧကခန့် ပိုင်ဆိုင်သည့် တောင်သူ ၂ဦးကို တဧကကျပ် သိန်း ၃၀၀ နှုန်းဖြင့် လျော်ကြေးပေးခဲ့ပြီး ကျန်တောင်သူများကို ဘဏ္ဍာနှစ်အလိုက် လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ရာတောင်သူများက စောင့်ဆိုင်းနေကြသော်လည်း ၂၀၂၀ခုနှစ် ဇွန် ၁၁ ရက်နေ့တွင် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများထံမှ သိမ်းဆည်းမြေများနှင့် ပတ်သက်ပြီး ပိုင်ဆိုင်မှုအထာက်အထားများကို ပြန်လည်တင်ပြရန်သာ ပြောဆိုနေသဖြင့် ယင်းလုပ်ရပ်အပေါ် စိတ်ပျက်နေကြကြောင်းသိရသည်။
ရိုက်ကူး – ဇော်ဇော် (ဧရာဝတီ)