Travel

က​မ္ဘောဒီယားနိုင်​ငံကို ကုန်​ကျစရိတ်​ သက်​သာစွာ လည်​ပတ်​ကြမယ်​

Want create site? Find Free WordPress Themes and plugins.

အရှေ့တောင်အာရှမှာ လည်ပတ်တဲ့အခါ ကုန်ကျစရိတ် အသက်သာဆုံးနိုင်ငံလို့ သတ်မှတ်ထားတဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ဧည့်သည်ဝင်ရောက်မှုများပြားတဲ့ နိုင်ငံဖြစ်လာပါပြီ။ ခမ်းနားတဲ့ သမိုင်းကြောင်းတွေ၊အရသာရှိတဲ့ စားသောက်ကုန်တွေ၊ လှပတဲ့ ပင်လယ်ကမ်းရိုးတန်းတွေရှိတဲ့ ဒီနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားပါတယ်။

(၁) လည်ပတ်စရာနေရာများ

ကမ္ဘောဒီးယားနိုင်ငံကို လည်ပတ်မယ်ဆိုရင် မသွားမဖြစ်သွားရမှာက Angkor Wat ဘုရားကျောင်းဖြစ်ပါတယ်။ ဒီဘုရားကျောင်းဟာ ကမ္ဘာ့အကြီးဆုံး ဘာသာရေးအဆောက်အဦတခုဖြစ်တဲ့ ဒီဘုရားကျောင်းဟာ ဟိန္ဒူနတ်ဘုရား တပါးဖြစ်တဲ့ Vishnu ကိုပူဇော်ပသဖို့ ခမာအင်ပါယာအတွက် တည်ဆောက်ခဲ့တာ ဖြစ်ပေမယ့် ၁၂ ရာစုကစပြီး ဗုဒ္ဓဘာသာဘုရားကျောင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲကိုးကွယ်လာခဲ့တာဖြစ်ပါတယ်။

နောက်တနေရာကတော့ Sihanoukville ပါ။ သဲဖြူကျွန်းဖြစ်တဲ့ ဒီကျွန်းမှာ ရေငုပ်တာ၊ ပင်လယ်စာစားတာ၊ ညဖက်အပန်းဖြေစရာပေါများတာတွေလုပ်ဖို့ သွားရောက်လည်ပတ်လို့ကောင်းပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Phnom Penh ကို သွားရောက်လည်ပတ်ရင်တော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ လူနေမှုအဆင့်အတန်း၊ကမ္ဘာအဆင့်မှီအောင် ကြိုးစားနေကြတာတွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

နောက်တမြို့ကတော့ ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ဖက်မှာရှိတဲ့ Sangkae မြစ်ကမ်းဘေးမှာ တည်ရှိတဲ့ Battambang မြို့ဖြစ်ပါတယ်။ ဒီမြို့မှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ သမိုင်းဝင်အဆောက်အဦတွေ ခမာဘုရားကျောင်းတွေနဲ့ ပြတိုက်တွေ ရှိပါတယ်။ ဒါ့အပြင့်ဆပ်ကပ်အဖွဲ့တွေရှိပြီး အခြေခံလူတန်းစားကလေးတွေအတွက် တည်ဆောက်ထားတဲ့ အနုပညာကျောင်းကိုလည်း သွားရောက်လည်ပတ်လို့ရပါသေးတယ်။

 

 

(၂) ကုန်ကျစရိတ်

ကမ္ဘောဒီးယားနိုင်ငံဟာ အမေရိကန်ဒေါ်လာကို အဓိကသုံးတဲ့ နိုင်ငံဖြစ်ပါတယ်။ လမ်းဘေးမှာ ရောင်းချတာတွေကိုတော့ လွယ်လင့်တကူ ကမ္ဘောဒီးယားပိုက်ဆံနဲ့ ဝယ်ကြပေမယ့် နေရာတော်တော်များများမှာ အမေရိကန်ဒေါ်လာကိုသာ သုံးပါတယ်။

ဧည်သည်တွေပေါင်းပြီးနေထိုင်နိုင်တဲ့ အဆောင်တွေကတော့ တညကို အမေရိကန်ဒေါ်လာ ၃ဒေါ်လာခွဲလောက်သာ ရှိပြီး ဟိုတယ်တွေမှာ သီးသန့်နေချင်တယ်ဆိုရင်တော့ တညကို ၅ဒေါ်လာကနေ ၁၀ ဒေါ်လာအတွင်းကျသင့်မှာ ဖြစ်ပါတယ်။

စားသောက်စရာတွေဟာလည်း အရသာရှိပြီး ဈေးသက်သာပါတယ်။ လမ်းဘေးမှာရောင်းတဲ့စားစရာတွေဟာ တနပ်ကို အမေရိကန်ဒေါ်လာ ၁ဒေါ်လာ ၂ ဒေါ်လာ လောက်သာ ကျသင့်ပြီး စားသောက်ဆိုင်တွေမှာ ဝင်စားရင်တော့ ၃ဒေါ်လာနေ ၅ဒေါ်လာထိ ကုန်ကျနိုင်ပါတယ်။ အနောက်တိုင်းစားစရာတွေကိုစားမယ်ဆိုရင်တော့ ၅ဒေါ်လာကနေ ၁၅ ဒေါ်လာအတွင်း ကျသင့်မှာ ဖြစ်ပါတယ်။

(၃) သယ်ယူပို့ဆောင်ရေး

မြို့တွင်းသယ်ယူပို့ဆောင်ရေးတွေဟာ ဈေးသက်သာပါတယ် ။ တုတ်တုတ်လို့ ခေါ်တဲ့ သုံးဘီးဆိုင်ကယ်တွေကို မြို့တိုင်းနီးပါးမှာ တွေ့ရမှာဖြစ်ပြီး ဈေးဆစ်လို့လည်း ရပါတယ်။ ဒါ့အပြင် မြို့တမြို့ကနေ တခြားတမြို့ကို သွားတဲ့ ဘတ်စ်ကားခတွေဟာလည်း ၁၀ဒေါ်လာကနေ ၁၅ဒေါ်လာ အတွင်းသာရှိပါတယ်။

 

 

(၄) သတိပြုစရာများ

ပိုက်ဆံချွေတာချင်တယ်ဆိုရင်တော့ ခရီးစဉ်တလျှောက် ဘီယာ၊အရက် စတာတွေ သောက်တာကို လျော့ချရမှာပါ။ စားစရာတွေက ဈေးသက်သာပေမယ့် အရက်စတဲ့ သောက်စရာတွေကတော့ အရမ်းကို ဈေးကြီးပါတယ်။ သင်နေမယ့် အချိန်ကို တွက်ကြည့်ပြီး ဟိုတယ်စတဲ့ နေရာတွေမှာ မတည်းခိုပဲ ဈေးသက်သာတဲ့ အဆောင်တွေမှာသာ တည်းခိုသင့်ပါတယ်။

နောက်ဆုံးတခုကတော့ လူစုပြီးသွားတာပါ။ လူစုပြီးသွားတာဟာ သင့်ကို ပိုက်ဆံအကုန်အကျနည်းစေပါတယ်။ လက်ဆောင်ပစ္စည်းဝယ်တာ၊ကားစီးတာ စတာတွေမှာ လူများရင် ဈေးဆစ်လို့ ပိုလွယ်ပါတယ်။ တကယ်လို့ သင်ဟာ တယောက်တည်းသွားခဲ့တယ်ဆိုရင်လည်း သင်တည်းခိုတဲ့ အဆောင်မှာ ခင်မင်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပြီး တူတူလည်ပတ်တာက သင့်ကို အကုန်အကျပိုသက်သာစေမှာပါ။

Ref;nomadicmatt.com

Did you find apk for android? You can find new Free Android Games and apps.
Loading