Trend

ကမ္ဘောဒီးယားကို လာရောက်သူများ အာမခံကြေး ဒေါ်လာ ၃၀၀၀ ပေးရမည်

ကမ္ဘောဒီးယားမှာ နိုင်ငံတကာခရီးသွားတွေကို ပြည်ဝင်ခွင့်ပြုလိုက်ပြီ ဖြစ်ပေမယ့် ခရီးသွား စည်းမျဉ်းအသစ်တွေကို ပြန်လည် သတ်မှတ်လိုက်ပါတယ်။ ကိုဗစ်ကာလမှာ ကမ္ဘောဒီးယားနိုင်ငံကို လာရောက်ကြမယ့် နိုင်ငံတကာခရီးသွားတွေအနေနဲ့ ရောဂါ စမ်းသပ်ခ၊ Quarantine ၁၄ ရက် နေထိုင်ခနဲ့ အခြား အသုံးစရိတ်တွေအတွက် ဒေါ်လာ ၃၀၀၀ ပေးဆောင်ရမယ်လို့ သိရပါတယ်။

ကိုဗစ်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ လူပေါင်း ၁၃၀ ရောဂါ ကူးစက်ခံရပြီး ၁၂၇ ယောက် ကျန်းမာရေး ပြန်ကောင်းခဲ့ပါတယ်။ ကမ္ဘောဒီးယားမှာ COVID-19 ကြောင့် လူသေဆုံးမှု မရှိခဲ့ပါဘူး။

နိုင်ငံအများစုအနေနဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့ နည်းလမ်း ရှာဖွေနေကြပါတယ်။ နိုင်ငံတချို့မှာ ခရီးသွားအရေအတွက် ကန့်သတ်ပြီး ပြည်တွင်းဝင်ရောက်ခွင့် ပြုလိုက်သလို နိုင်ငံအလိုက် ပြည်ဝင်ခွင့် ကန့်သတ်ထားတာမျိုးတွေ ဆောင်ရွက်ပြီး ခရီးသွားလုပ်ငန်းကို ပြန်လည် ပုံဖော်နေကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကတော့ နိုင်ငံအားလုံးကို ပြည်ဝင်ခွင့်ပြုလိုက်ပြီး ခရီးသွားအရေအတွက် ကန့်သတ်တာမျိုး မလုပ်ထားပေမယ့် နိုင်ငံခြားသား ခရီးသည်တိုင်း ဒေါ်လာ ၃၀၀၀ ပေးဆောင်ရမယ်လို့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ COVID-19 ရောဂါ စမ်းသပ်ခအဖြစ် လူတယောက်ကို ၁၆၅ ဒေါ်လာ ကုန်ကျပါတယ်။ ဓာတ်ခွဲအဖြေရဖို့ သတ်မှတ် ဟိုတယ်တွေမှာ စောင့်နေရမှာဖြစ်ပြီး တည်းခိုစရိတ် အပါအဝင် အစားအသောက် ကျွေးမွေးတာကိုလည်း ဒေါ်လာ ၃၀၀၀ ထဲက အကုန်အကျခံသွားမှာ ဖြစ်ပါတယ်။

Quarantine ၁၄ ရက်ကို ဟိုတယ်မှာ ဝင်ရမှာဖြစ်ပြီး တည်းခိုခ၊ အစားအသောက် ၊ အဝတ်လျှော်ခနဲ့ အခြားဆေးဝါးတွေအတွက် လူတယောက်ကို ၁,၂၈၁ ဒေါ်လာ ကုန်ကျပါတယ်။ ရောဂါပိုး တွေ့ရှိသူတွေအနေနဲ့ ကမ္ဘောဒီးယားဆေးရုံမှာ ဆေးကုသမှု ခံယူရင် တရက်ကို ဒေါ်လာ ၃၃၀ ကုန်ကျနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

နောက်ဆုံး COVID-19 ကြောင့် သေဆုံးခဲ့ရင် အသုဘစရိတ်က ဒေါ်လာ ၁၅၀၀ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ရောဂါ Negative ပြတဲ့ ခရီးသွားတွေကိုတော့ ပိုတဲ့ ပိုက်ဆံ ပြန်အမ်းပေးမယ်လို့ ဆိုပါတယ်။

Ref: travelandleisure

You may also like these stories:

ကိုဗစ်ကာလ မပြီးသေးပေမယ့် တရုတ်မှာ ခွေးသားစားပွဲတော် ကျင်းပနေ

စီးပွားရေးလုပ်ငန်းရှင်နဲ့ ဆေးကုသမယ့်သူတွေ ထိုင်းသို့ ဝင်ရောက်ခွင့်ပေး

ကိုဗစ်ကာလ ကျောင်းပြန်တက်မယ့် ကလေးတွေကို စိတ်ခွန်အားပေးသင့်

Loading