လိင်တူချစ်သူတွေ ဖြစ်ကြောင်း ဝန်ခံခဲ့ကြတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ
သမိုင်းဆိုင်ရာ သက်သေတွေအရ အချို့သော ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဟာ လိင်တူချစ်သူတွေ ဖြစ်တယ်လို့ သူတို့ကိုယ်တိုင် ဝန်ခံခဲ့ကြပါတယ်။ အဲဒီအထဲကမှ လူအများစု မသိကြသေးတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်၊ လိင်တူချစ်သူ အချို့အကြောင်းကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါ တယ်။
(၁) Alexander the Great (စစ်ဘုရင်)
Alexander ဟာ လိင်တူချစ်သူဖြစ်ကြောင်း သူကိုယ်တိုင် ဖွင့်ဟဝန်ခံခဲ့တာမျိုးတော့ မဟုတ်ဘဲ သမိုင်းဆိုင်ရာ အချက်အလက်တွေအရတော့ သူ့ရဲ့သက်တော်စောင့် အမျိုးသားတဦးနဲ့ ချစ်ကြိုက်ခဲ့ပြီး ကာလအတန်ကြာ လက်တွဲခဲ့တယ်လို့ သိရပါတယ်။
(၂) Leonardo da Vinci (ပန်းချီဆရာ)
စွယ်စုံရ အနုပညာရှင်တဦးဖြစ်ပြီး ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားကို ရေးဆွဲခဲ့တဲ့ Leonardo da Vinci ဟာ ဆိုရင်လည်း လိင်တူချစ်သူဖြစ်ကြောင်း ဝန်ခံခဲ့တာမျိုး မဟုတ်ပေမယ့် “အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံရတာဟာ ငြီးငွေ့စရာကောင်းတယ်” လို့ ပြောဆိုခဲ့သူဖြစ်ပါတယ်။ သမိုင်းဆိုင်ရာ အချက်အလက်တွေအရလည်း သူဟာ Homo (လိင်တူ ချစ်ကြိုက်သူ) တဦးဖြစ်တယ်လို့ ဆိုပါတယ်။
(၃) Aristotle (ဂရိတွေးခေါ်ပညာရှင်)
ဂရိ အတွေးခေါ်ပညာရှင်ကြီးဖြစ်တဲ့ Aristotle ဟာဆိုရင်လည်း လိင်ပိုင်းဆိုင်ရာအရ လိင်တူချင်း တိမ်းညွှတ်သူ တဦးဖြစ်ပြီး အမျိုးသားပေါင်းများစွာနဲ့ ပျော်ပါးခဲ့တယ်လို့ သမိုင်းဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
(၄) Allen Ginsberg (ကဗျာဆရာ)
အမေရိကန်က နာမည်ကြီး ကဗျာဆရာတဦးဖြစ်တဲ့ Allen Ginsberg ဟာဆိုရင် လိင်တူစိတ်ဝင်စားသူ တဦးဖြစ်ပြီး အမျိုးသားပေါင်းများစွာနဲ့ ပျော်ပါးခဲ့ပေမယ့် Peter Orlovsky ဆိုတဲ့ အမေရိကန်ကဗျာဆရာနဲ့တော့ သက်တမ်း အတော်ကြာ လက်တွဲခဲ့တာပဲ ဖြစ်ပါတယ်။
(၅) Elton John (တေးရေး၊ အဆိုတော်)
သီချင်းရေးဆရာ အနေနဲ့ရော အဆိုတော်အဖြစ်ပါ နာမည်ကြီးခဲ့တဲ့ အင်္ဂလိပ်လူမျိုး Elton John ကတော့ ၁၉၇၆ ခုနှစ်မှာ သူဟာ Bisexual (လိင်တူ၊ လိင်ကွဲ ကြိုက်နှစ်သူ) တဦးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၁၉၈၈ ခုနှစ်မှာတော့ Gay (လိင်တူချင်း ချစ်ကြိုက်သူ) တဦး ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
Ref : www.ranker.com