အောက်တိုဘာ ၃၁ ရက်နေ့ဟာ ဟောလိုးဝင်းနေ့ဖြစ်ပြီး အဲဒီနေ့ကို ကျင်းပကြတဲ့ နိုင်ငံတိုင်းရဲ့ နှစ်တနှစ်မှာ အပျော်ရွှင်ရဆုံးနေ့လည်း ဖြစ်ပါတယ်။ မိမိဝတ်ဆင်လိုတဲ့ ဇာတ်ကောင်နဲ့ ပုံစံတူ ဝတ်စုံတွေအတွက် စဉ်းစားရ၊ ပြုလုပ်ရနဲ့ တကယ့်ကို ပျော်ရွှင်စရာလည်း ကောင်းခဲ့ရတဲ့ ပွဲတော်တခုလည်းဖြစ်ပါတယ်။
ဒါပေမဲ့ တချို့သော အဖြစ်အပျက်တွေကတော့ ဟောလိုးဝင်းပွဲတော်မှာ ကျောချမ်းစရာကောင်းလောက်အောင် ဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။
(၁) ၂၀၀၅ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ Delaware ပြည်နယ်၊ Frederica မြို့မှာ ဟောလိုးဝင်းပွဲတော်အတွက် စုန်းမအရုပ်နဲ့ လူအရိုးစုအရုပ်တွေကို သစ်ပင်တွေမှာ ချိတ်ဆွဲ အလှဆင်ကြပါတယ်။ ၄ နာရီကြာလောက်တဲ့အထိ တွေ့မြင်သမျှ လူတိုင်း သဘောကျခဲ့ကြပေမယ့် အလှဆင်ထားတဲ့ အရုပ်တွေကြားထဲမှာ တွဲလောင်းကျနေတဲ့ အမျိုးသမီးအလောင်းကို တွေ့ရှိခဲ့ကြပါတယ်။
ရဲတွေကတော့ အဲဒီအမျိုးသမီးဟာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ပြုလုပ်ခဲ့ပေမယ့် တွေ့ရှိသူအိမ်နီးချင်းနဲ့ အခြားသူတွေအတွက်တော့ ကျောချမ်းစရာကိစ္စတခုအဖြစ်သာ ကျန်ရစ်ခဲ့ပါတယ်။
(၂) နောက်တခုကတော့ ဟောလိုးဝင်းညမှာ မိဘတိုင်း စိတ်ပူတဲ့ အိပ်မက်ဆိုးကြီးတခုလည်းဖြစ်ပါတယ်။ အဲဒါကတော့ သကြားလုံးတွေ လှည့်တောင်းပြီး သားသမီးတွေ အိမ်အမြန်ပြန်ရောက်လာဖို့ပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ၁၉၇၄ ခုနှစ်မှာ ၈ နှစ်အရွယ် Timothy O’Bryan အသတ်ခံရလို့ပဲဖြစ်ပြီး အဆိပ်ရှိတဲ့ သကြားလုံးကို စားခဲ့မိလိုက်လို့ပဲဖြစ်ပါတယ်။
အိမ်နီးချင်းတွေက အခုလိုပြုလုပ်ခဲ့တာ မဟုတ်မှန်း ရှာဖွေတွေ့ရှိပြီးနောက်မှာတော့ အဲဒီကောင်လေးရဲ့ အဖေကိုယ်တိုင် အခုလိုပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိချက်တွေအရ သိရှိခဲ့ရပါတော့တယ်။
(၃) ၁၉၅၅ ခုနှစ်၊ ဟောလိုးဝင်းပွဲတော်နေ့မှာ Marilyn Damman ဟာ သူမရဲ့ အသက်၂နှစ်အရွယ် Steven နဲ့ ၂လအရွယ် Pamela တို့ကို ခေါ်ဆောင်ခဲ့ပါတယ်။ ၂လအရွယ် ကလေးမလေးကို စောင့်ရှောက်ဖို့ Steven ကို ကားထဲမှာ ထားခဲ့ပြီး သူမလည်း ဈေးဝယ်စင်တာထဲဝင်ခဲ့ပါတယ်။ ၁၀ မိနစ်လောက် အကြာမှာ သူမ ပြန်လာခဲ့ပေမယ့် ကလေးနှစ်ယောက်လုံးကို ကားထဲမှာ မတွေ့ရတော့ပါဘူး။ ဒေသခံရဲတွေဟာ ၂လအရွယ် Pamela ကို မလှမ်းမကမ်းမှာ ရှာဖွေတွေ့ရှိခဲ့ပေမယ့် Steven ကိုတော့ ရှာမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။
Ref: www.rd.com