• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဝိညာဉ်များနဲ့ ပျော်ပါးကြတဲ့ Halloween ပွဲတော်

by ဧရာဝတီ
26 October 2025
in ဆောင်းပါး
A A
ဝိညာဉ်များနဲ့ ပျော်ပါးကြတဲ့ Halloween ပွဲတော်

Trick or Treat စာသား ပုံဖော်ထားတဲ့ Halloween ဖရုံသီး မီးပုံးများ / propertystandrews.co.uk

532
VIEWS
Share on FacebookShare on Twitter

ကမ္ဘာတဝန်းက လူတွေကြား ကျော်ကြားလှတဲ့ ဟောလိုးဝင်း ပွဲတော် (Halloween) နေ့ဟာ လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့ ဖြစ်ပါတယ်။

ကြောက်စရာ မျက်နှာပုံစံ လှီးဖြတ်ထားတဲ့ ဖရုံသီးတွေ၊ ခြောက်ခြားဖွယ်ရာ ပုံရိပ်တွေနဲ့ ပြင်ဆင်ထားတဲ့ နေအိမ်တွေနဲ့အတူ Trick or Treat ဆိုပြီး အိမ်တကာ လှည့်လှည်ကာ ချိုချဉ်တွေ၊ သကြားလုံး မုန့်တွေ လိုက်တောင်းတဲ့ ကလေးတွေကိုလည်း ဟောလိုးဝင်း ကာလမှာ မြင်တွေ့ရတော့မှာပါ။

Halloween ဘယ်ကစသလဲ

Halloween ဆိုတဲ့ စကားလုံးဟာ ခရစ်ယာန် ဘာသာဝင်တို့ရဲ့ သူတော်စင်များနေ့ အကြို လို့ အဓိပ္ပာယ်ရတဲ့ The eve of All Hallows’ or All Saints ကနေ ပြောင်းလဲလာတာ ဖြစ်ပါတယ်။

နိုင်ဝင်ဘာလ ၁ ရက်နေ့ဟာ ခရစ်ယာန် ဘာသာရဲ့ သူတော်စင်များနေ့ ဖြစ်ပြီး အဆိုပါနေ့ မတိုင်ခင် အောက်တိုဘာလ ၃၁ ရက်နေ့ကိုတော့ Eve အကြိုနေ့အဖြစ် သတ်မှတ်ကြတာ ဖြစ်ပါတယ်။

All Hallows Eve ကနေ Halloween လို့ ဖြစ်လာတယ် ဆိုပေမယ့်လည်း ဟောလိုးဝင်းရဲ့ မူလအစဟာ ခရစ်ယာန် ဘာသာ ကနေပဲ စတာတော့ မဟုတ်ခဲ့ပါဘူး။

ဥရောပ အနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ ခရစ်တော် မပေါ်ခင်ကတည်းက နေထိုင်ခဲ့ကြတဲ့ ရှေးဟောင်း Celts (Celtic) လူမျိုးတွေဟာ ကောက်ရိတ်သိမ်းပြီးခြင်း အထိမ်းအမှတ် ပွဲတော်ဖြစ်တဲ့ ဆာဟင်း (Samhain) ပွဲတော်ကို အောက်တိုဘာ ၃၁ ရက် ညနေပိုင်းကနေ နိုဝင်ဘာ ၁ ရက်နေ့ ညအထိ ကျင်းပကြပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန်မှာ နှစ်စဉ် ပရိသတ် သန်းချီ ပါဝင် ကျင်းပတဲ့ ကမ္ဘာ့ အကြီးဆုံး Halloween စီတန်း လှည့်လည်ပွဲ တခု / Wikipedia

အဆိုပါညမှာ ဝိညာဉ်လောကနဲ့ လူ့လောကကြားက စည်းတွေ အားလျော့သွားပြီး ဝိညာဉ်တွေဟာ လူသားတွေကြား တညတာ လျှောက်သွားနိုင်ကြတယ်လို့ Celts လူမျိုးတွေက ယုံကြည်ကြပါတယ်။

Celts တွေရဲ့ ဒေသတွေကို ရိုမန်တွေ သိမ်းပိုက်ပြီတဲ့ အခါမှာလည်း ရိုမန်တွေက သေခြင်းတရားကို ဂုဏ်ပြုတဲ့ ပွဲတော် ဖြစ်တဲ့ Feralia ပွဲတော်ကို အောက်တိုဘာ လကုန်ပိုင်းမှာ ကျင်းပလေ့ ရှိခဲ့ပါတယ်။

နောက်ပိုင်း ခရစ်ယာန် ဘာသာ ပြန့်ပွားလာတဲ့ အခါ All Hallows day ဟာ Celts တွေရဲ့ ဓလေ့ ရိုးရာနဲ့ ရောယှက်သွားခဲ့ ပြီးတဲ့နောက် ဘာသာတခု၊ လူမျိုးတစုရဲ့ ပွဲတော် မဟုတ်တော့ဘဲ ကမ္ဘာ့ဒေသ အသီးသီးမှာ အဓိပ္ပာယ် အမျိုးမျိုးနဲ့ ကျင်းပ ဆင်နွှဲ ကြပါတယ်။

Halloween အပြင်အဆင်၊ ဝတ်စား ဆင်ယင်မှုနဲ့ ဓလေ့ ထုံးတမ်းတွေ

ဟောလိုးဝင်းလို့ ဆိုတာနဲ့ ကြောက်စရာ မျက်နှာပုံစံ ထွင်းထုထားတဲ့ ဖရုံသီး မီးအိမ်တွေက မပါမဖြစ်ပါပဲ။ ဒါပေမယ့် ပွဲတော် ဆင်နွှဲရုံ သက်သက် မဟုတ်ဘဲ မကောင်းတဲ့ ဝိညာဉ်တွေကို ကြောက်လန့်စေတယ် ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင် နေတာပါ။

အိုင်ယာလန် နိုင်ငံမှာ အဆိုပါဓလေ့ စတင်ခဲ့ပြီး အာလူးနဲ့ အလုံးပုံစံ ရှိတဲ့ မုန်လာဥဖြူတွေကို ပုံဖော်ခဲ့ကြတာပါ။

အိုင်ယာလန် နိုင်ငံမှာ Halloween ပွဲကျင်းပနေကြတာကို အိုင်းရစ္စ ပန်းချီဆရာ Daniel Maclise က ၁၈၃၃ ခုနှစ်မှာ ရေးဆွဲထားတဲ့ ပန်းချီကားကို တွေ့ရစဉ် / Wikipedia

အမေရိကကို ဓလေ့ပျံ့နှံ့ လာတဲ့အခါ ဖရုံသီးတွေက ပိုမိုကြီးမားပြီး ထွင်းထုရ လွယ်ကူတာကြောင့် နောက်ပိုင်းမှာ ဖရုံသီး မီးအိမ်တွေ ဖြစ်လာခဲ့ပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
183
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
107
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
392

ပွဲတော်ကို လည်ပတ်တဲ့ အခါ မျက်နှာဖုံးတွေ တပ်ဆင်ကြမှုလည်း ခေတ်စားကာ၊ လူတွေကြား လှည့်လည်နေတဲ့ ဝိညာဉ်တွေကို လှည့်စားနိုင်တယ် ဆိုတဲ့ အယူအဆကနေ ပေါက်ဖွားလာတဲ့ ဓလေ့တခု ဖြစ်ပါတယ်။

Trick or Treat ဆိုတဲ့ ချိုချဉ် သကြားလုံးတွေ အလှူခံတဲ့ ဓလေ့ကလည်း အမေရိကန်မှာ မြင်တွေ့ရများပေမယ့် မူလ အစကတော့ အင်္ဂလန် ပြည်ကနေ စတင်ခဲ့တာပါ။

ဟောလိုးဝင်းလို့ အမည် တွင်လာမယ့် ပွဲတော် ကျင်းပတဲ့ ရက်တွေမှာ မရှိဆင်းရဲသားတွေက အဲဒီကာလ Soul cake လို့ ခေါ်တဲ့ မုန့်ကို လှည့်လည် တောင်းခံကြပြီး အပြန်အလှန် အနေနဲ့ လှူဒါန်းသူ မိသားစုရဲ့ ဆွေမျိုးတွေထဲက သေဆုံး သွားသူတွေ အတွက် ဆုတောင်း ပေးခဲ့ကြပါတယ်။

Halloween ကာလ ဝမ်းနည်းဖွယ်ရာ အမှတ်တရများ

အဲဒီ ကမ္ဘာတဝန်း Halloween ကာလမှာ ဝမ်းနည်းဖွယ်ရာ အမှတ်တရ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်သူ အင်ဒီရာ ဂန္ဒီ ဟာ ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့၊ ဟောလိုးဝင်း နေ့မှာ လုပ်ကြံခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

အကြီးမားဆုံး ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ် တခုကတော့ ၂၀၂၂ ခုနှစ် တောင်ကိုရီးယား နိုင်ငံ အီထယ်ဝန်း (Itaewon) မှာ ဟောလိုးဝင်း ပွဲတော်အတွင်း ဖြစ်ပွားခဲ့တဲ့ လူအုပ်ပိမှုပါပဲ။

လူပေါင်း ၁၅၉ ဦး သေဆုံးခဲ့ပြီး ၁၉၇ ဦး ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

Halloween ပွဲတော်ကို အမေရိကန်၊ ကနေဒါ နဲ့ ဥရောပ နိုင်ငံတွေ အပါအဝင် နိုင်ငံများစွာမှာ ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲကြပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပေမယ့် အဆိုပါနေ့ဟာ ဝိညာဉ်လောကနဲ့ ချိတ်ဆက်နေတယ် လို့လည်း ယုံကြည်သူ တချို့ ရှိနေဆဲ ဖြစ်ပါတယ်။ ။

Ref :
၁။ Magis Center.com
၂။ Cracked.com
၃။ Wikipedia
၄။ Oxford English Dictionary
၅။ အင်တာနက် အွန်လိုင်း စာစုများ

Your Thoughts …
Tags: CeltsHalloweenခရစ်ယာန်ပြင်သစ်ဗြိတိသျှဝိညာဉ်ဟောလိုးဝင်းအင်္ဂလန်ဥရောပ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဥရောပ စစ်ပြင်နေသည်

ဥရောပ စစ်ပြင်နေသည်

by ဧရာဝတီ
25 November 2024
11.2k

ရုရှား၏ နျူကလီးယားခြိမ်းခြောက်မှုမှာ မကြုံစဖူးအဆင့်သို့ တိုးမြင့်လာသောအချိန်တွင် ယင်းသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အမ်းမြို့

အမ်းမြို့

by ဧရာဝတီ
3 November 2024
9.3k

အမ်းမြို့သည် လေးဘက်၊ လေးမျက်နှာ၌ တောင်စွယ် တောင်ကုန်းများဖြင့် ဝန်းရံလျက်ရှိ၍ ထိုတောင်စွယ် တောင်ကုန်း တို့သည် သစ်ပင်တောအုပ်များဖြင့် ဖုံးလွှမ်းကာ မှိုင်းမှိုင်းညို့ညို့ ရှိနေသဖြင့် ရှုမျှော်ခင်း သာယာသည်။

ပုသိမ်မြို့

ပုသိမ်မြို့

by ဧရာဝတီ
16 February 2025
5k

ဧရာဝတီတိုင်း ဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စပါးကျီကြီး ဖြစ်တဲ့ အလျောက် ပုသိမ်မြို့ဟာ ဆန်စပါး ကြိတ်ခွဲ၊ တင်ပို့ရာ ဗဟိုချက်မ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၆)

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ် (၆)

by ဉာဏ်သစ်
22 December 2024
4.6k

သတင်း စုဆောင်းရေး နည်းနာများကို လေ့ကျင့်ထားသည့် လက်ရွေးစဉ် ကြံ့ခိုင်ရေး အသင်းသားများက တရားဝင် ထောက်လှမ်းရေး အဖွဲ့များနှင့် လက်တွဲကာ လှုပ်ရှားနေသည်။

ထရမ့်နှင့် အီလွန်မတ်စ် ဆက်ဆံရေး ဘယ်လောက်ကြာကြာခံမလဲ

ထရမ့်နှင့် အီလွန်မတ်စ် ဆက်ဆံရေး ဘယ်လောက်ကြာကြာခံမလဲ

by David Smith
27 February 2025
4.1k

ကမ္ဘာ့အာဏာအရှိဆုံးလူနှင့် ကမ္ဘာ့အချမ်းသာဆုံးလူ ပေါင်းစည်းမိခြင်းသည် ဝေဖန်သူများအမြင်တွင် ဒီမိုကရေစီအတွက် ဒုက္ခ နှစ်ဆတိုးစေသည်။

ဗန်းမော်မြို့

ဗန်းမော်မြို့

by ဧရာဝတီ
31 August 2024
4k

ဗန်းမော်မြို့သည် တရုတ် နယ်စပ်နှင့် ၅၁ မိုင်မျှသာ ဝေးသဖြင့် ရှေးအခါက တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု အတွက် အရေးပါလှသော မြို့တမြို့ ဖြစ်ခဲ့သည်။

Next Post
မဲထွက်မပေးလို့ ဘယ်ဥပဒေနဲ့မှ အရေးယူလို့မရဘူး (ရုပ်/သံ)

မဲထွက်မပေးလို့ ဘယ်ဥပဒေနဲ့မှ အရေးယူလို့မရဘူး (ရုပ်/သံ)

တရုတ်မဟုတ်သူများသာ ငွေလိမ်ကြပြီ

တရုတ်မဟုတ်သူများသာ ငွေလိမ်ကြပြီ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved