• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ကျောင်းသူတွေ စကတ်အတို ဝတ်ခြင်းကို ပိတ်ပင်လိုက်တဲ့ ထိုင်းပညာရေးဝန်ကြီးဌာန

by ဟယ်လ်သင်
5 September 2019
in Trend
A A
ကျောင်းသူတွေ စကတ်အတို ဝတ်ခြင်းကို ထိုင်းပညာရေးဝန်ကြီးဌာနက ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်

ကျောင်းသူတွေ စကတ်အတို ဝတ်ခြင်းကို ထိုင်းပညာရေးဝန်ကြီးဌာနက ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်

22.2k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံမှာ ကျောင်းသူ အမျိုးသမီးငယ်တွေ Sexy ကျကျ ဝတ်ဆင်ခြင်းဟာ အခုအချိန်မှာတော့ ရာဇဝတ်မှု ကျူးလွန်ခြင်းအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးအသစ်ဟာ ဝတ်စားဆင်ယင်တဲ့ ပုံစံတွေကြောင့် လိင်အကြမ်းဖက်မှုတွေ ဖြစ်ပွားခြင်းကို ကာကွယ်ပေးဖို့အတွက် ဥပဒေသစ်တရပ်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီဥပဒေကတော့ ထိုင်းနိုင်ငံရဲ့ စာသင်ကျောင်းတွေမှာ ကျောင်းသူတွေအနေနဲ့ တိုလွန်း ကျပ်လွန်းတဲ့ စကတ်တွေနဲ့ အင်္ကျီတွေကို ဝတ်ဆင်ခွင့် မရှိဘူးလို့ ထုတ်ပြန်လိုက်တာဖြစ်ပြီး ဝတ်ဆင်ခဲ့မယ်ဆိုရင် ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ ၃သောင်း (အမေရိကန် ဒေါ်လာ ၉၈၀ ခန့်) ဒါမှမဟုတ် ထောင်ဒဏ် ၃ လအထိ ကျခံရမှာ ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနဟာဆိုရင်တော့ ၂၀၀၃ ခုနှစ် ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေး အက်ဥပဒေကို ၂၀၀၅ ခုနှစ်ကနေစလို့ ပိုမိုတင်းကျပ်ခဲ့တာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းအသစ်တွေကိုလည်း ထပ်မံဖြည့်စွက် ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ဒီဥပဒေသစ်ဟာဆိုရင်တော့ ၂၀၀၅ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုနှစ်မှာမှပြန်လည် အသက်သွင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ကျောင်းသူတွေကို အဓိက ပစ်မှတ်ထားပြီး လိင်အကြမ်းဖက်မှု ပြုလုပ်တာ၊ ပြန်ပေးဆွဲ သတ်ဖြတ်တာမျိုးတွေ ရှိတာကြောင့် ကျောင်းသူတွေရဲ့ ဝတ်စားဆင်ယင်ပုံကို ထိန်းချုပ် ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးအသစ်ဖြစ်သူ Nataphol Teepsuwan ဟာ ကျောင်းသူတွေရဲ့ ဝတ်စားဆင်ယင်မှုကို ကန့်သတ်တဲ့ ဥပဒေကို ပြီးခဲ့တဲ့ သောကြာနေ့ကနေစပြီး နိုင်ငံပိုင် သတင်းစာတွေကနေတဆင့် တရားဝင် ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုလို တရားဝင်ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်ဟာ ကျောင်းသူတွေအပေါ် လိင်အကြမ်းဖက်ခံရခြင်းအပြင် ကျောင်းသားတွေပါ ကျောင်းပြင်ပ ဆူပူရမ်းကားမှု အပါအဝင် ဒုစရိုက်ဂိုဏ်းတွေနဲ့ ပူးပေါင်းမှုကို ပိုမိုတင်းကျပ်လိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်တယ်လို့လည်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာနက အသစ်ထုတ်ပြန်လိုက်တဲ့ ဒီဥပဒေကို ကျောင်းသား ကျောင်းသူတွေအပြင် မိဘအုပ်ထိန်းသူတွေကပါ လေးစားလိုက်နာပေးဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပြီး လက်ရှိမှာ ဒီဥပဒေနဲ့ ပတ်သက်လို့ အမြင်ကွဲလွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။

လိင်အကြမ်းဖက်မှုတွေ လျော့ကျစေဖို့ ဝတ်စားဆင်ယင်မှုပုံစံကို ကျောင်းတွင်းမှာသာမက ပြင်ပ လူနေမှုဘဝမှာပါ ကန့်သတ် တားဆီးသင့်တယ်လို့ ထောက်ခံ တောင်းဆိုသူတွေကလည်း ရှိနေပြီး ဒီဥပဒေသစ်ဟာ နိုင်ငံတကာစံနှုန်းအရ ကြည့်မယ်ဆိုရင် ကျောင်းသား၊ ကျောင်းသူတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်လို့ ပြစ်တင် ဝေဖန်နေသူတွေလည်း ရှိနေပါတယ်။

Ref. coconuts.co/bangkok

Your Thoughts …
Tags: ကျောင်းသူစကတ်အတို ဝတ်ခြင်းထိုင်းပညာရေးဝန်ကြီးဌာနပိတ်ပင်
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

အရူးမီးဝိုင်း စစ်ကောင်စီက သတင်းစီးဆင်းမှု ရပ်ရန် VPN များကို လိုက်ပိတ်

အရူးမီးဝိုင်း စစ်ကောင်စီက သတင်းစီးဆင်းမှု ရပ်ရန် VPN များကို လိုက်ပိတ်

by ဧရာဝတီ
15 June 2024
5.3k

စစ်ကောင်စီသည် အင်တာနက်တွင် သတင်းစီးဆင်းမှု ပိတ်ပင်ရန် အဓိက အားထုတ်မှုအနေဖြင့် VPN များကို လိုက်လံပိတ်ဆို့နေသည်။

မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

by ဧရာဝတီ
20 June 2025
5.2k

အနိုင်ကျင့်ခံခဲ့ရသည့် ကျောင်းသူမှာ ယခုနှစ် ကျောင်းဖွင့်ချိန်၌ ကျောင်းဆက်မတက်ရဲတော့ဘဲ ကျူးလွန်ခဲ့သော ကျောင်းသူများမှာမူ ကျောင်းဆက်လက်တက်နေဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း၌ ဖွင့်လှစ်ထားသည့် ဘားတခုကို ၂၀၁၉ တွေ့ရစဉ်  / ထက်ဝေ / ဧရာဝတီ

ရခိုင်တွင် ပြည်မထုတ် အရက်ဘီယာများ သောက်သုံး ရောင်းချခြင်း မပြုရန် AA အမိန့်ထုတ်

by ဧရာဝတီ
20 December 2024
3.2k

ထိုသို့ နိုင်ငံခြားနှင့် ပြည်မထုတ် ယစ်များမျိုးအား တင်းသွင်း ရောင်းချခြင်း မပြုလုပ်ရန် အမိန့်ထုတ်ပြန်တားမြစ် ထားသော်လည်း နောက်ပိုင်းတွင် ဒေသတွင်း အရည်အသွေးပြည့် စံချိန်မီ အရက်များ မထုတ်လုပ်နိုင်ပါက နိုင်ငံခြားနှင့် ပြည်မထုတ် အရက် ဘီယာများသည် ရခိုင်ပြည်တွင်...

Signal ပိတ်လိုက်ခြင်းကြောင့် ပြည်သူ့တို့ ဆက်သွယ်ရေးလမ်းကြောင်း ပိုခက်ခဲလာ

Signal ပိတ်လိုက်ခြင်းကြောင့် ပြည်သူ့တို့ ဆက်သွယ်ရေးလမ်းကြောင်း ပိုခက်ခဲလာ

by မိအိသဉ္ဇာမြင့်
20 July 2024
1.7k

Signal အက်ပလီကေးရှင်းသည် သုံးစွဲသူများအတွက် လုံခြုံမှုရှိပြီး အစိုးရများက ကြားဖြတ် ထောက်လှမ်းမှုများ မပြုလုပ်နိုင်သောကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ တော်လှန်ရေးအင်အားစုများ၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများနှင့် သတင်းမီဒီယာလုပ်ငန်းများတွင် လုပ်ကိုင်နေသူ အများစု အသုံးပြုကြောင်း

သံတွဲဒေသခံတို့ စစ်ရှောင်မည့်လမ်းများ စစ်ကောင်စီ ပိတ်ထား

သံတွဲဒေသခံတို့ စစ်ရှောင်မည့်လမ်းများ စစ်ကောင်စီ ပိတ်ထား

by ရိုးကျော်
25 May 2024
1.6k

ရခိုင်ပြည်နယ်၊ သံတွဲဒေသရှိ တိုက်ပွဲဖြစ်ပွားနေသော ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်ရန် အဓိက အသုံးပြုနေရသည့် ရေလမ်းကို စစ်ကောင်စီက မေ ၂၀ ရက်မှစတင်ကာ ပစ်မိန့်ထုတ်ပြီး ပိတ်ပင်လိုက်ကြောင်း သိရသည်။

ကျော်သူပါဝင်တဲ့ ရုပ်ရှင် ရုံတင်ခွင့်ပိတ်ခံရ (ရုပ်/သံ)

ကျော်သူပါဝင်တဲ့ ရုပ်ရှင် ရုံတင်ခွင့်ပိတ်ခံရ (ရုပ်/သံ)

by ဧရာဝတီ
23 January 2025
587

စစ်ကောင်စီ ဖမ်းဝရမ်းထုတ်ထားတဲ့ အကယ်ဒမီ ကျော်သူ ပါဝင်သရုပ်ဆောင် ထားတဲ့ ခြေဆယ့်တစ်လှမ်း ရုပ်ရှင်ဇာတ်ကားဟာ ရုံတင်ပြသခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။

Next Post
မြန်မာ့ ကြက်တောင်မယ် သက်ထားသူဇာ

မြန်မာ့မြေမှာ ရွှေတံဆိပ် မှန်းတဲ့ ကြက်တောင်မယ် သက်ထားသူဇာ

ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည့် တပ်မတော်လေယာဉ်  / Sithu Thant / FB

ရန်ကုန်လေဆိပ်တွင် တပ်မတော်လေယာဉ်ပြေးလမ်းချော်၍ ပြည်ပ ခရီးစဉ်တချို့ရပ်ဆိုင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved