• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေအများဆုံး ရရှိတဲ့ YouTuber စာရင်း Forbes မဂ္ဂဇင်း ထုတ်ပြန်

by Aurora
22 December 2019
in Trend
A A
ဝင်ငွေ အများဆုံး ရရှိခဲ့ကြတဲ့ YouTuber များ

ဝင်ငွေ အများဆုံး ရရှိခဲ့ကြတဲ့ YouTuber များ

6.5k
VIEWS
Share on FacebookShare on Twitter

၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေအများဆုံး ရခဲ့တဲ့ YouTuber တွေစာရင်းကို Forbes မဂ္ဂဇင်းကနေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ စာရင်းမှာ ကလေးကစားစရာ အရုပ်တွေအကြောင်း ပြောပြပေးနေတဲ့ အသက် ၈ နှစ်အရွယ် YouTuber ကောင်လေး Ryan Kaji က ပထမနေရာ ရသွားခဲ့ပါတယ်။

Ryan Kaji က Ryan World ဆိုပြီး YouTube မှာ Subscriber ပေါင်း ၂၂ ဒဿမ ၉ သန်းကျော်ရှိတဲ့ Channel တခုကို ဖွင့်ထားပါတယ်။ သူ့အကောင့်ကနေ ၂၀၁၉ ခုနှစ်တနှစ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၆ သန်း ရှိခဲ့ပြီး သူ ၂၀၁၈ ခုနှစ်က ရရှိခဲ့တဲ့ ဝင်ငွေထက် ၄ သန်းကျော် ပိုများလာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်ကနေ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်ထိ တနှစ်တာပတ်လုံး Forbes မှ လေ့လာစစ်တမ်း ကောက်ယူချက်အရ Google ပိုင်၊ YouTube ကနေ ဝင်ငွေအမြင့်ဆုံးရရှိခဲ့တဲ့ ၁၀ ဦးရဲ့ စုစုပေါင်း ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၆၂ သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

နောက်ထပ် ဝင်ငွေအများဆုံး ထိပ်ဆုံး ၁၀ ယောက်ထဲမှာ ပါလာတဲ့ ကလေးငယ်တဦးကတော့ အသက် ၅ နှစ် အရွယ် Anastasia Radzinskaya ဖြစ်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈ သန်းနဲ့ တတိယနေရာရရှိခဲ့ပါတယ်။ သူမဟာ ရုရှားတောင်ပိုင်းမှာ မွေးဖွားခဲ့ပြီး ဦးနှောက်အစိတ်အပိုင်းအချို့ကို ထိခိုက်မိတာကြောင့် ကြွက်သား အားနည်းပြီး ကြွက်သားများ အသုံးပြုရာမှာ ခက်ခဲတဲ့ရောဂါ Cerebral Palsy ခံစားနေရသူတဦးလည်း ဖြစ်ပါတယ်။

Forbes ရဲ့ ထုတ်ပြန်ချက်စစ်တမ်းအရ YouTube ပေါ်က သူမ ချန်နယ်ကို Subscribe လုပ်ထားသူပေါင်း ၁၀၇ သန်းကျော် ရှိပြီး တင်ထားတဲ့ ဗီဒီယိုတွေကို ဝင်ကြည့်သူပေါင်း ၄၂ ဘီလီယံကျော် ရှိတယ်လို့ သိရပါတယ်။ ဒီထဲမှ လူကြည့်အများဆုံးကတော့ တိရစ္ဆာန်ရုံမှာ ဖခင်နဲ့အတူတူ Baby Shark သီချင်းနဲ့ ကထားတဲ့ ဗီဒီယိုလေးပါ။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

အားကစားနဲ့ စတန့်ပြကွက်တွေ တင်လေ့ရှိတဲ့ Dude Perfect က အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

တချိန်က ဝင်ငွေအများဆုံး YouTuber ဖြစ်ခဲ့ဖူးတဲ့ PewDiePie ကတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်နဲ့ အဆင့် ၇ နေရာ ရှိနေခဲ့ပါတယ်။ ဒီလအစောပိုင်းက PewDiePie ဟာ အရမ်းပင်ပန်းနေတာ ကြောင့် YouTuber ဘဝကနေ ခေတ္တ အနားယူမယ်လို့ ပြောခဲ့ပါတယ်။

YouTube ဟာ ကလေးငယ်တွေကို အဓိကထား ရည်ရွယ်တဲ့ ကြော်ငြာတွေ ရောင်းခဲ့တာကြောင့် ဥပဒေချိုးဖောက်မှုနဲ့ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော် ပေးဆောင်ခဲ့ရပြီးနောက်မှာ နောက်နှစ် ၂၀၂၀ ပြည့်ကစလို့ ကလေးငယ်တွေနဲ့ ပတ်သက်တဲ့ ကြော်ငြာတွေကို ပိတ်သိမ်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဝင်ငွေအများဆုံး YouTuber တွေကတော့ —

၁။ Ryan Kaji – အမေရိကန်ဒေါ်လာ ၂၆ သန်း
၂။ Dude Perfect – အမေရိကန်ဒေါ်လာ ၂၀ သန်း
၃။ Anastasia Radzinskaya – အမေရိကန်ဒေါ်လာ ၁၈ သန်း
၄။ Rhett and Link – အမေရိကန်ဒေါ်လာ ၁၇ ဒဿမ ၅ သန်း
၅။ Jeffree Star – အမေရိကန်ဒေါ်လာ ၁၇ သန်း
၆။ Preston (Preston Arsement) – အမေရိကန်ဒေါ်လာ ၁၄ သန်း
၇။ PewDiePie (Felix Kjellberg) – အမေရိကန်ဒေါ်လာ ၁၃ သန်း
၇။ Markiplier (Mark Fischbach) – အမေရိကန်ဒေါ်လာ ၁၃ သန်း
၉။ DanTDM (Daniel Middleton) – အမေရိကန်ဒေါ်လာ ၁၂ သန်း
၁၀။ VanossGaming (Evan Fong) – အမေရိကန်ဒေါ်လာ ၁၁ ဒဿမ ၅ သန်း

Ref: editon.cnn

Your Thoughts …
Tags: ForbesYoutuberဝင်ငွေအများဆုံး
Aurora

Aurora

Contributor

Similar Picks:

အစ်မဖြစ်သူကို နမ်းပြခဲ့တဲ့ Youtuber Chris Monroe

ဗီဒီယိုတခုမှာ အစ်မဖြစ်သူကို နမ်းပြခဲ့လို့ ဝေဖန်ခံနေရတဲ့ Youtuber

by ရေဗန်
12 April 2019
21.9k

Chris Monroe ဟာ သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံး အနမ်းသမားလို့ ပြောဆိုခဲ့ပြီးနောက်မှာ သူ့အစ်မကို နမ်းပြခဲ့တာလည်း ဖြစ်ပါတယ်။

နာမည်ကြီး Youtuber များ

၂၀၁၉ ခုနှစ်ရဲ့ နာမည်အကြီးဆုံး Youtuber များ

by ရေဗန်
28 November 2019
12k

အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ ဆွီဒင်ဂိမ်းသမား PewDiePie ကတော့ ဗီဒီယိုဂိမ်းတွေ ဆော့တာကြောင့် အဓိက နာမည်ကြီးလာသူလည်း ဖြစ်ပါတယ်။

ကမ္ဘာကျော် အဆိုတော် Taylor Swift

ဆယ်စုနှစ်အတွင်း ဒုတိယ ဝင်ငွေအများဆုံး ဂီတပညာရှင်အဖြစ်သာ ကျေနပ်ခဲ့ရတဲ့ Taylor Swift

by မစ်ကီ
27 December 2019
5.3k

ဆယ်စုနှစ်တာအတွင်း ဝင်ငွေအကောင်းဆုံး ဂီတညာရှင်နေရာမှာ ၂၀၁၅ ခုနှစ်ကစလို့ အယ်လ်ဘမ်ဖြန့်ချိခြင်း မရှိတော့တဲ့ Rap အဆိုတော် Dr. Dre က ရပ်တည်နေတာကို တွေ့ရပါတယ်။

ဝင်ငွေအများဆုံး ရရှိနေတဲ့ ကမ္ဘာကျော် အဆိုတော်များ

ဝင်ငွေအများဆုံး ရရှိနေဆဲဖြစ်တဲ့ ကမ္ဘာကျော်အဆိုတော်များ

by ဟယ်လ်သင်
27 December 2018
6.6k

"A Head Full Of Dream" ဆိုတဲ့ လှည့်လည်ဖျော်ဖြေမှုနဲ့ အတူ ၂ နှစ်အတွင်းမှာ Coldplay အဖွဲ့ဟာ ဒေါ်လာသန်းတဝက်ကျော်ခန့်ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဒါရိုက်တာ George Lucas

Forbes ရဲ့ အချမ်းသာဆုံးအမေရိကန်စာရင်းမှာ ဒါရိုက်တာ George Lucas ဦးဆောင်

by မစ်ကီ
19 December 2018
58.8k

သူ့ရဲ့ ချမ်းသာကြွယ်ဝမှုအများစုဟာ ၂၀၁၂ ခုနှစ်တုန်းက LucasFilm ထုတ်လုပ်ရေးကုမ္ပဏီကို Walt Disney ထံ ရောင်းချခဲ့တဲ့ဒေါ်လာ ၄ ဒဿမ ၅ ဘီလီယံ ကနေ ရရှိလာတာဖြစ်တယ်လို့ Forbes ကဆိုပါတယ်။

သရဲလို ဝတ်ဆင်ကြတာ စနောက်ကြတဲ့ Youtuber များ

သရဲလို ဝတ်ဆင်ပြီး လူတွေကို စနောက်တဲ့ Youtuber ၇ ဦး ဖမ်းဆီးခံရ

by ရေဗန်
15 November 2019
5k

ရဲဌာနဟာ ညတွင်းချင်း Youtber လူငယ်တွေကို အများပြည်သူကို ထိတ်လန့်စေမှု၊ အနှောက်အယှက်ပေးမှု၊ လူစုလူဝေးနဲ့ အန္တရာယ်ပေးမှု စတဲ့ အချက်တွေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Next Post
Project K အဖွဲ့  / ချစ်ပိုး / ဧရာဝတီ

"နိုင်ငံရဲ့ လိုအပ်တဲ့ ကဏ္ဍတခုအတွက် အကျိုးရှိအောင် သူများနိုင်ငံက သင်ယူဖို့လိုတယ်"

ပြည်ကြီးတံခွန် မြို့နယ် ရဲတပ်ဖွဲ့  / The Mandalay News Journal

မန္တလေးတွင် ကျပ်တသောင်းတန် ငွေစက္ကူအတုများ ဖမ်းဆီးရမိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved