Trend

သရဲလို ဝတ်ဆင်ပြီး လူတွေကို စနောက်တဲ့ Youtuber ၇ ဦး ဖမ်းဆီးခံရ

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံက Youtuber လူငယ်တသိုက်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အိန္ဒိယနိုင်ငံရဲ့ Bengaluru မြို့မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အကြောင်းရင်းကတော့ ညဉ့်နက်ချိန်မှာ လမ်းမှာရှိတဲ့ လူတွေကို ခြောက်လှန့်ဖို့ သရဲလို ဝတ်ဆင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ အချင်းချင်းစနောက်တာတွေ ရေပန်းစားလာပြီး လူငယ်တော်တော်များများဟာ ကိုယ်ပိုင် Youtube Channel အတွက် အပျော်တမ်း စနောက်တာတွေကို ပြုလုပ်ပြီး ဗီဒီယိုရိုက်တင်ကြတာ ဖြစ်ပါတယ်။

Youtuber ၇ ဦး ပါဝင်တဲ့ အဲဒီ အဖွဲ့ဟာ သွားလာနေတဲ့ ကားတွေပေါ် ခုန်တက်ခုန်ခြင်း ပြုလုပ်ခြင်း၊ လမ်းသွားလမ်းလာများကို ခြောက်လှန့်ခြင်းတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို ပြုလုပ်မှုကြောင့် ကားတိုက်မှုနဲ့ လမ်းသွားလမ်းလာများအတွက် အန္တရာယ် ရှိလာနိုင်လောက်တဲ့ အထိ စနောက်မှုတွေ ပြုလုပ်ခဲ့တာပါ။

အဲဒီအတွက် ရဲဌာနဟာ ညတွင်းချင်း Youtber လူငယ်တွေကို အများပြည်သူကို ထိတ်လန့်စေမှု၊ အနှောက်အယှက်ပေးမှု၊ လူစုလူဝေးနဲ့ အန္တရာယ်ပေးမှု စတဲ့ အချက်တွေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

“ဒီကောင်လေးတွေက ကားတွေသွားလာနေတာကို အနှောင့်အယှက်ပေးကြတယ်။ လူတွေ အိပ်ကောင်းခြင်းနဲ့ မအိပ်ရအောင် ဆူညံသံတွေ ပြုလုပ်တယ်။ လူုတွေကို ထိတ်လန့်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေလို့ ဖမ်းဆီးခဲ့ရတာပါ”လို့ အဲဒီမြို့ရဲ့ လက်ထောက်ရဲမင်းကြီးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၇ ယောက်ကို အချုပ်ခန်းမှာ တညအိပ်စေခဲ့ပြီး ဒီလိုအန္တရာယ်ရှိတဲ့ အပျော်တမ်းရိုက်ကူးရေးတွေ မပြုလုပ်ပါဘူးဆိုတဲ့ ခံဝန်နဲ့ ပြန်လွတ်ခဲ့တယ်လို့ သိရပါတယ်။ Youtuber တွေဟာ နိုင်ငံအနှံ့အပြားမှာ အခုလို အန္တရာယ်ရှိတာတွေကို ပြုလုပ်လေ့ရှိကြပြီး အများပြည်သူရဲ့ ဝေဖန်ခြင်းတွေကို ခံနေရပါတယ်။

Ref: thestar.com

Did you find apk for android? You can find new Free Android Games and apps.
Loading