Trend

သြစတြေးလျ တောမီးအတွက် ဝတ်လစ်စလစ်ပုံများကို ရောင်းချကာ ရန်ပုံငွေရှာခဲ့တဲ့ မော်ဒယ်

အဖော်အချွတ် ဓာတ်ပုံတွေကို ရိုက်လေ့ရှိတဲ့ မော်ဒယ် Kaylen Ward ဟာ သူ့ရဲ့ ဝတ်လစ်စလစ် ဓာတ်ပုံများကို ရောင်းချပြီး သြစတြေးလျ တောမီးအတွက် ရန်ပုံငွေရှာပေးနေတယ်လို့ သိရပါတယ်။ သူရဲ့ လုပ်ရပ်က အခြား လိင်လုပ်သားတွေကိုလည်း အားကျစေခဲ့ပါတယ်။

၄ ရက်အတွင်းမှာပဲ သူဟာ အမေရိကန်ဒေါ်လာ ၇ သိန်းခန့်ကို ရှာဖွေပေးနိုင်ခဲ့ပြီး မီးလောင်မှုဒဏ်ကို ခံစားနေရသူတွေအတွက် အလှူငွေ ထည့်ဝင်နိုင်ခဲ့ပါတယ်။ ဓာတ်ပုံ တပုံကို အမေရိကန်ဒေါ်လာ ၁၀ သာ ကျသင့်တာဖြစ်ပြီး ဝယ်ယူသူတွေ အနေနဲ့ ငွေလွှဲပြီးကြောင်း ပြေစာကို ပြနိုင်ပြီဆိုတာနဲ့ ဓာတ်ပုံကို ပို့ပေးတာဖြစ်ပါတယ်။

သူဟာ သြစတြေးလျ တောမီးအကြောင်းကို ဖတ်ရှုရပြီးနောက်မှာ အရမ်း စိတ်မကောင်းဖြစ်တာကြောင့် အခုလို ရန်ပုံငွေ စတင်ရှာဖွေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျမက စပြီး ဒေါ်လာ ၁၀၀၀ မတည်ခဲ့တယ်။ ကျမရဲ့ လူမှုကွန်ရက်အကောင့်မှာ လူပေါင်း ၃ သောင်းကျော် ရှိတယ်။ သူတို့တွေကို ကျမရဲ့ ဓာတ်ပုံတွေ ရောင်းနိုင်မယ်ဆိုရင် ရန်ပုံငွေရှာလို့ ရပြီဆိုတာကို တွေးမိတယ်”လို့ Kaylen Ward က ပြောပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့က စတင်ပြီး Kaylen Ward က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရန်ပုံငွေ ရှာဖွေမယ့် အစီအစဉ်ကို ပြောပြခဲ့ပါတယ်။ အဲဒီ ညနေခင်းမှာပဲ အမေရိကန်ဒေါ်လာ ၇၀၀၀ ခန့် ရရှိခဲ့ပြီး ဒေါ်လာ ၁ သိန်းလောက်ထိ ရရှိဖို့ ခန့်မှန်းထားတယ်လို့ သူက ပြောပါတယ်။

သူ့ရဲ့ ရန်ပုံငွေရှာနည်းဟာ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပြီး “လူစွမ်းကောင်းဖြစ်ဖို့ ဝတ်စုံတွေ မလိုအပ်ပါဘူး”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်လည် မျှဝေမှုတွေ ရှိခဲ့ပါတယ်။ သြစတြေးလျ တောမီးလောင်မှုကြောင့် နေအိမ်များဆုံးရှုံးခြင်း၊ တိရစ္ဆာန်များသေဆုံးခြင်း စတာတွေ ဖြစ်နေခဲ့ပြီး မီးငြှိမ်းသတ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ပြန်လည် ထူထောင်ရေးအတွက် Kylie Minogue, Pink နဲ့ Nicole Kidman ကမ္ဘာကျော် မင်းသားမင်းသမီးများကလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Kaylen Ward ရဲ့ ရန်ပုံငွေရှာဖွေပုံဟာ အခြား အဖော်အချွတ်မယ်များကို အားကျစေခဲ့ပြီး မကြာခင်မှာ အခြားသူတွေလည်း သူ့လို ရန်ပုံငွေရှာဖွေဖို့ ရှိနေတယ်လို့ သိရပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတွေကတော့ သူ့ရဲ့ ရန်ပုံငွေရှာနည်းဟာ လူတွေကို လှူဒါန်းလိုစိတ် ဖြစ်စေမှာ သေချာတယ်လို့ မှတ်ချက်တွေ ပေးထားကြပါတယ်။

Ref. The Guardian

You may also like these stories:

သြစတြေးလျ တောမီးဘေးကို ကူညီဖို့ မင်းသား Chris Hemsworth ဒေါ်လာ ၁ သန်း မတည်လှူဒါန်း

သြစတြေးလျ တောမီးလောင်မှုကြောင့် Koala ဝက်ဝံလေး လူးဝစ် သေဆုံး

Loading