Trend

အမျိုးသားများကို အကျည်းတန်စေတဲ့ ဝတ်စားဆင်ယင်ပုံများ

Want create site? Find Free WordPress Themes and plugins.

အမျိုးသားတော်တော်များများဟာ ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းလေ့ ရှိပါတယ်။ အဝတ်အစားတွေ ငွေကြေးအသုံးပြုရာမှာလည်း အမျိုးသမီးတွေထက် ပိုပြီး နည်းပါတယ်။ လေ့လာမှုတခုအရ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြားက အဝတ်အစားနဲ့ ပတ်သက်တဲ့ ငွေကြေးသုံးစွဲမှုဟာ တနှစ်အတွင်းမှာသိန်းနဲ့ချီ ကွာခြားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားတွေဟာ အဝတ် ဝတ်ဆင်ရာမှာလည်း ဖက်ရှင်ပိုင်းဆိုင်ရာ အမှားအယွင်းတွေကို ပြုလုပ်လေ့ရှိတာကြောင့် အကျည်းတန်မှုတွေ ဖြစ်ပေါ်စေတဲ့ ဝတ်စားဆင်ယင်ပုံတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ကျောပိုးအိတ် လွယ်ခြင်း

၂၀၂၀ ကို ရောက်ရှိနေပြီဖြစိလို့ ကြိုက်တဲ့ ဝတ်စားဆင်ယင်ပုံကို ဝတ်ဆင်လို့ ရနေပြီဆိုပေမယ့် အနောက်တိုင်း ဝတ်စုံအပြည့်ကို ဝတ်ဆင်တဲ့ အခါမျိုး ဒါမှမဟုတ် ပုဆိုးကို ဝတ်ဆင်တဲ့ အခါမျိုးတွေမှာ ကျောပိုးအိတ်ကို ဝတ်ဆင်တာက သင့်ကို ရုပ်ဆိုးစေပါတယ်။ ပုဆိုးဝတ်ဆင်တဲ့ နေ့ရက်တွေမှာ Laptop အိတ်ပုံစံ အိတ်မျိုးကို ဘေးတစောင်းလွယ်ခြင်းက သင့်ကို ပိုပြီး တင့်တယ်စေပါလိမ့်မယ်။

(၂) ပျက်နေတဲ့ နာရီ

သင့်အတွက် အရေးကြီးတဲ့ အစည်းအဝေးရှိတာမျိုး ဒါမှမဟုတ် လုပ်ငန်းပိုင်းဆိုင်ရာအတွက် တွေ့ဆုံစရာ ရှိတဲ့ အချိန်မျိုးတွေမှာ ပျက်နေတဲ့ နာရီကို မဝတ်မိဖို့ အရေးကြီးပါတယ်။ အမျိုးသားတော်တော်များများဟာ နာရီပျက်သွားတဲ့ အခါမျိုးမှာ ပြင်တဲ့ဆိုင်ကို မသွားဖြစ်သေးလည်း ဒီအတိုင်းဆက်ပြီး ပတ်ထားလေ့ ရှိကြပါတယ်။ အဲဒါဟာ လုံးဝမှားယွင်းတဲ့ ကိစ္စတခုဖြစ်ပြီး လူတွေက သင့်ကို အတုဝတ်လေ့ရှိသူလို့ ကောက်ချက်ချသွားနိုင်ပါတယ်။

(၃) ပိုက်ဆံအိတ်ဆောင့်လေ့ မရှိခြင်း

ပိုက်ဆံတွေကို အိတ်ကပ်ထဲမှာ ဒီအတိုင်းထည့်လေ့ ရှိတာဟာ လုံးဝ မကောင်းတဲ့ အမူအကျင့်တခုဖြစ်ပါတယ်။ စတိုင်ကျပြီး အမြဲ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတယောက်ဖြစ်ဖို့ အတွက် ပိုက်ဆံအိတ်က အထောက်အကူ အများကြီးပေးမှာ သေချာပါတယ်။

Ref. Brightside

Did you find apk for android? You can find new Free Android Games and apps.
Loading