Trend

ကျောင်းသားတွေကို နေ့လယ်စာ အခမဲ့ ပေးဝေတဲ့ အင်္ဂလန်က လက်ထောက်ကျောင်းအုပ်

Want create site? Find Free WordPress Themes and plugins.

Zane Powles ဟာ အင်္ဂလန်နိုင်ငံ Grimsby မြို့မှာရှိတဲ့ မူလတန်းကျောင်းတခုမှာ လက်ထောက်ကျောင်းအုပ်အဖြစ် တာဝန်ယူ သင်ကြားပေးနေတဲ့ လက်ထောက်ကျောင်းအုပ်တဦးပဲ ဖြစ်ပါတယ်။ သူဟာ အခုလို COVID-19 ကာလမှာ တနေ့ကို ပျမ်းမျှ ၅မိုင်နှုန်း လမ်းလျှောက်ပြီး ကျောင်းမှာ အခမဲ့ နေ့လယ်စာ လိုက်လံ ပေးဝေနေတာ ဖြစ်ပါတယ်။

နေ့လယ်စာတွေ ထုပ်ပိုးထားတဲ့ စုစုပေါင်း အလေးချိန်ဟာ ပေါင် ၄၀ ဖြစ်ပြီး လက်ထောက် ကျောင်းအုပ်အဖြစ် အသက်မွေးဝမ်းကျောင်း မပြုခင်မှာ Zane ဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်တာကြောင့် သူ့အတွက် ခက်ခဲတဲ့ ကိစ္စတခုတော့ မဟုတ်ပါဘူး။

နေ့လယ်စာ ထမင်းဘူးတွေ လိုက်လံပို့ဆောင်ပေးရင်း သူ့ကျောင်းက ကလေးတွေ အဆင်ပြေခြင်း ရှိ၊ မရှိ သိချင်တာကြောင့်လည်း အခုလို ပြုလုပ်နေရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

Zane ဟာ နေ့လယ်စာတွေကို သူ့ရဲ့ ကျောင်းသားတွေနေထိုင်ရာ အိမ်ရှေ့တံခါးဝမှာ ချပေးပြီးတာနဲ့ တံခါးခေါက် အသိပေးလေ့ရှိတဲ့အပြင် တယောက်ယောက် လာမယူမချင်း လှည့်ထွက် မသွားဘဲ စောင့်ဆိုင်းနေလေ့ရှိတဲ့ စေ့စပ်သေချာသူတဦးအဖြစ် Twitter အကောင့်တွေမှာ ပြန်လည် မျှဝေထားကြပါတယ်။

သူအခုလို နေ့လယ်စာ လိုက်လံပို့ဆောင်နေတဲ့ အပေါ်မှာ ကလေးမိဘ တော်တော်များများကလည်း သူ့ကို ကျေးဇူးတင်ကြပြီး သူနဲ့ ခဏတဖြုတ် တွေ့ဆုံရတာ ဝမ်းသာစရာပါလို့ သူတို့ရဲ့ Twitter အကောင့်တွေမှာ ဖွင့်ဟခဲ့ကြပါတယ်။

ကျန်တဲ့ ကျောင်းသား ၂၅ ယောက်ရဲ့ တည်နေရာတွေဟာ ကျောင်းတည်ရှိတဲ့ နေရာနဲ့ ဝေးလံတာကြောင့် အဲဒီကလေးတွေအတွက် နေ့လယ်စာကို ကျောင်းအုပ် Kim Leach နဲ့အတူ ဆရာတယောက်တို့ဟာ ကားနဲ့ သွားရောက် ပေးဝေနေတာပဲ ဖြစ်ပါတယ်။

Ref. www.boredpanda.com

You may also like these stories:

ကိုဗစ်နဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ ကိုင်တွယ်မှုကို မင်းသား Robert De Niro ဝေဖန်

Did you find apk for android? You can find new Free Android Games and apps.
Loading