Trend

မြောက်အမေရိကရှိ ဆိုင်ခွဲပေါင်း ၄၀၀ ကို Starbucks ပိတ်သိမ်းမည်

Want create site? Find Free WordPress Themes and plugins.

Starbucks က မြောက်အမေရိကမှာ ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်ခွဲ ရာကျော်ကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ပိတ်ပစ်ဖို့ စီစဉ်နေပါတယ်။ ရှယ်ယာဈေးတွေ ကျဆင်းသွားတာကြောင့် ဆုံးရှုံးမှုတွေ ပိုမများလာအောင် ဆိုင်ခွဲ ၄၀၀ ကို ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံက ဆိုင်ခွဲ ၂၀၀ အပါအဝင် မြောက်အမေရိကရှိ ဆိုင်ခွဲစုစုပေါင်း ၄၀၀ ကျော်ကို ပိတ်သိမ်းပြီး လက်ရှိ အခြေအနေရ ပုံစံအဟောင်းတွေကနေ ပုံစံအသစ်တွေ ပြင်ဆင်ပြောင်းလဲဖို့လည်း ဖြစ်ပါတယ်။

ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအခြေအနေ နောက်ပိုင်း ဆိုင်ထိုင်တဲ့ ဓလေ့ကနေ Pickup သီးသန့်ပဲ ရောင်းမယ့်ပုံစံတွေအဖြစ် ပြောင်းလဲလာချိန်မှာ Starbucks ကလည်း သူ့ရဲ့ ကော်ဖီဆိုင်အဟောင်းပုံစံတွေကို ဖျက်သိမ်းပြီး ဈေးကွက်ပုံစံအသစ်အရ Pickup ကောင်တာတွေနဲ့ ပြောင်းလဲသွားဖို့ ရှိနေပါတယ်။

ဆိုင်အသစ်တွေကိုလည်း ထိုင်ခုံတွေ မပါဘဲ Pickup သီးသန့်နဲ့ Drive-thru လုပ်နိုင်မယ့် နေရာတွေမှာ ဖွင့်လှစ်သွားဖို့ စဉ်းစားနေပါတယ်။ ကုမ္ပဏီဘက်ကနေ ဒီနှစ်အတွင်း မြောက်အမေရိကတိုက်မှာ ဆိုင်ခွဲပေါင်း ၆၀၀ ကျော်လောက် ချဲ့ထွင်ဖို့ စီစဉ်ထားပေမယ့် ရောဂါအခြေအနေတွေကြောင့် ဆိုင်ခွဲ ၃၀၀ လောက်ပဲ ဖွင့်နိုင်မယ်လို့ ဆိုပါတယ်။

Starbucks ဟာ ပုံမှန်အခြေနေဆိုလည်း ကနေဒါနိုင်ငံတခုတည်းတင် နှစ်စဉ် သက်တမ်းကုန်သွားတဲ့ဆိုင် ၁၀၀ ကျော် လောက်ပိတ်ပစ်လေ့ရှိပြီး နေရာအသစ်တွေမှာ ပုံစံပြောင်းလဲ ပြန်ဖွင့်လေ့ ရှိပါတယ်။ ၁၈ လအတွင်းမှာ ပိတ်သိမ်းတော့မယ့် ဆိုင်ပေါင်း ၄၀၀ ကိုလည်း နေရာအသီးသီးမှာ ပုံစံအသစ်တွေနဲ့ ပြင်ဆင် ဖွင့်လှစ်သွားမှာပါ။

“ကျနော်တို့ COVID-19 အခြေအနေအရ လက်ရှိအခြေအနေတွေနဲ့ ကိုက်ညီမယ့် နေရာတွေမှာ ပုံစံပြောင်းပြီး ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ဧည့်သည်တွေအတွက်လည်း စိတ်ချမှု ရှိရမယ်၊ အရင်အတိုင်း သက်သောင့်သက်သာနဲ့ ပုံစံဟောင်းလည်း မပျောက်အောင် လုပ်သွားမှာပါ” လို့ CEO ကယ်ဗင် ဂျွန်ဆင်က ဆိုပါတယ်။

ကနေဒါနိုင်ငံရဲ့ နေရာ ၁၄၀၀ ကျော်လောက်မှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခွဲတွေထဲက ၂၀၀ ကျော်လောက်ကို ပိတ်သိမ်းမှာဖြစ်တဲ့အတွက် ၁၅ ရာခိုင်နှုန်းလောက် ၂ နှစ်အတွင်း ပိတ်ပစ်တော့မှာပါ။ ဒါပေမဲ့ လုံးဝ ပိတ်သိမ်းလိုက်တာမျိုး မဟုတ်ဘဲ ဈေးကွက်အရ Pickup သီးသန့်လုပ်နိုင်အောင် စီစဉ်ပေးထားပါသေးတယ်။

Starbucks ဟာ ဆိုင်ခန်းငှားခ ဈေးကြီးတဲ့ မြို့ကြီးတွေမှာ လက်ရှိပုံစံသစ်အရ Pickup ကောင်တာပဲဖွင့်ပြီး ရောင်းချပေးမယ်ဆိုရင် အသုံးစရိတ် မြင့်တက်လာတာကို လျော့ချရာလည်း ရောက်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

Ref: CBC News, KX Net

You may also like these stories:

ကန့်သတ်မှုများ ဖြေလျှော့စပြုလာသော ထိုင်းတွင် စားသောက်ဆိုင်များ ပြန်ဖွင့်

ကိုဗစ်အလွန် စည်ကားလာမယ့် ခရီးသွားနိုင်ငံတွေထဲ မြန်မာ ပါဝင်

Did you find apk for android? You can find new Free Android Games and apps.
Loading