• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ကိုဗစ်အလွန် စည်ကားလာမယ့် ခရီးသွားနိုင်ငံတွေထဲ မြန်မာ ပါဝင်

by ညီညီသူ
3 June 2020
in Travel
A A
ပုဂံဒေသဟာ ထင်ရှားတဲ့နေရာဖြစ်သလို နှစ်စဉ် နိုင်ငံတကာခရီးသွားပေါင်းများစွာ လာရောက် လည်ပတ်လေ့ရှိတဲ့ နေရာတနေရာလည်း ဖြစ်ပါတယ်။

ပုဂံဒေသဟာ ထင်ရှားတဲ့နေရာဖြစ်သလို နှစ်စဉ် နိုင်ငံတကာခရီးသွားပေါင်းများစွာ လာရောက် လည်ပတ်လေ့ရှိတဲ့ နေရာတနေရာလည်း ဖြစ်ပါတယ်။

6.4k
VIEWS
Share on FacebookShare on Twitter

ခရီးသွားလုပ်ငန်းတွေဟာ COVID-19 ကာလအတွင်း အကျပ်အတည်းတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ အကျပ်အတည်း ကာလကနေ ပြန်လည်ရုန်းထွက်နိုင်ခဲ့တဲ့ နိုင်ငံတွေအနေနဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည်စတင်ဖို့ ပြင်ဆင်နေကြပါပြီ။

ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်တဲ့အခါ နိုင်ငံတချို့အနေနဲ့ ကမ္ဘာ့အဆင့်အတန်းမီ နေရာကို မရောက်နိုင်သေးပေမယ့် စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ယဉ်ကျေးမှုကြောင့် ခရီးသွားလုပ်ငန်း ပြန်လည် စည်ကားလာနိုင်မယ့် နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

Forbes သတင်းဌာနရဲ့ဖော်ပြချက်အရ COVID-19 အလွန် ခရီးသွားလုပ်ငန်း ပြန်လည် စည်ကားလာမယ့် နိုင်ငံ ၅ နိုင်ငံ ရှိနေပါတယ်။ အဲဒီနိုင်ငံတွေရဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) အီသီယိုးပီးယားနိုင်ငံ

အာဖရိကတိုက်ကို ဖွဲ့စည်းထားတဲ့နိုင်ငံ ၅၄ နိုင်ငံရှိတဲ့အနက် အီသီယိုးပီးယားနိုင်ငံကလည်း စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ယဉ်ကျေးမှုတွေရှိတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပြီး အာဖရိကနိုင်ငံတွေထဲမှာ ဒုတိယမြောက်လူဦးရေ အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကတော့ အီသီယိုးပီးယားနိုင်ငံဟာ အာဖရိကတိုက် တိုက်ပွဲအတွင်း ဥရောပအာဏာကို ဆန့်ကျင်နိုင်ခဲ့တဲ့ နိုင်ငံ ဖြစ်နေတဲ့အချက်ပါပဲ။

အီသီယိုးပီးယားနိုင်ငံအနေနဲ့ အခြား အာဖရိကနိုင်ငံတွေနဲ့ မတူညီတဲ့ အချက်ကတော့ ကွဲပြားခြားနားတဲ့ သဘာဝ အလှအပကြောင့်ပါ။ နိုင်ငံအနောက်စွန်းပိုင်း ဒေသတွေဟာ သစ်တောတွေ ထူထပ်စွာ ဖုံးအုပ်ထားတာကိုလည်း တွေ့ရပါတယ်။

အီသီယိုးပီးယားနိုင်ငံအနေနဲ့ ကမ္ဘာ့အဆင့်အတန်းမီ နိုင်ငံ မဖြစ်သေးပေမယ့် ကိုဗစ်အလွန် ကာလမှာ ခရီးသွားလုပ်ငန်း ပြန်လည် စည်ကားလာစရာ အကြောင်း ရှိနေပါတယ်။ COVID-19 ကာလအတွင်းမှာတော့ အီသီယိုးပီးယားနိုင်ငံရဲ့ လူပေါင်း ၁,၃၄၄ ယောက် ရောဂါကူးစက်ခံခဲ့ရပြီး ၁၄ ယောက်သေဆုံးခဲ့ပါတယ်။

(၂) အီရန်နိုင်ငံ

နိုင်ငံရေးအရ အငြင်းပွားမှုတွေ ရှိနေပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အီရန်နိုင်ငံရဲ့ယဉ်ကျေးမှု အမွေအနှစ်ကြောင့် နိုင်ငံတကာခရီးသွားတွေကြား စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။ နိုင်ငံတကာမှာ ၁၉၃၅ ခုနှစ်ရောက်မှ အီရန်ဆိုတဲ့ အမည်ကို ခေါ်ဝေါ်ခဲ့ပေမယ့် ဒေသခံတွေအနေနဲ့တော့ အေဒီ ၂ ရာစုလောက်ကတည်း စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ ရှေးကျတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက်ကြောင့်လည်း ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အီရန်နိုင်ငံဟာ ဗီဇာလိုအပ်ချက်တွေ ရှိနေသေးပေမယ့် အနာဂတ်ကာလမှာတော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမယ့် နိုင်ငံအဖြစ် ဖော်ပြထားပါတယ်။ COVID-19 ကာလအတွင်း အီရန်နိုင်ငံမှာ လူပေါင်း ၁၅၇,၅၆၂ ယောက် ရောဂါကူးစက်ခံခဲ့ရပြီး လူပေါင်း ၇,၉၄၂ ယောက် သေဆုံးခဲ့ပါတယ်။

(၃) မြန်မာနိုင်ငံ

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

နိုင်ငံတကာခရီးသွားတွေအနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ခရီးထွက်ကြတဲ့အခါ စင်ကာပူ၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံကိုသာ သွားရောက်ကြလေ့ရှိကြပေမယ့် မြန်မာနိုင်ငံလည်း ခရီးသွားလို့ ကောင်းတဲ့ နိုင်ငံတနိုင်ငံပါ။ မြန်မာနိုင်ငံအတွင်းမှာဆိုရင်တော့ ရှေးကျပြီး ထင်ရှားကျော်ကြားတဲ့ စေတီပုထိုးပေါင်းများစွာကလည်း နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။

ပုဂံဒေသဟာ ထင်ရှားတဲ့နေရာဖြစ်သလို နှစ်စဉ် နိုင်ငံတကာခရီးသွားပေါင်းများစွာ လာရောက် လည်ပတ်လေ့ရှိတဲ့ နေရာတနေရာလည်း ဖြစ်ပါတယ်။ COVID-19 ကာလအတွင်း လူပေါင်း ၂၃၂ ယောက် ကူးစက်ခံခဲ့ ရပြီး ၆ ယောက် သေဆုံးခဲ့ပါတယ်။

(၄) ဖိလစ်ပိုင်နိုင်ငံ

အရှေ့တောင်အာရှအတွင်းမှာရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း ကိုဗစ်အလွန် ကာလမှာ နိုင်ငံတကာခရီးသွားတွေကြောင့် ပိုမိုစည်ကားလာမယ့် နိုင်ငံတနိုင်ငံပါ။ ကျွန်းပေါင်း ၇၀၀၀ ကျော်နဲ့ ဖွဲ့ စည်းထားတဲ့အတွက်ကြောင့်လည်း ခရီးသွားတွေအကြား စိတ်ဝင်စားမှုခံနေရတဲ့ နိုင်ငံပါ။

Quezon မြို့ဟာ လူကြိုက်များတဲ့မြို့တမြို့ ဖြစ်ပြီး ဖိလစ်ပိုင်ယဉ်ကျေးမှုကို အနက်ရှိုင်းဆုံးမြင်တွေ့ရ မယ့်နေရာလည်း ဖြစ်ပါတယ်။ COVID-19 ကာလအတွင်း ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်း ၁၈,၉၉၇ ယောက် ရောဂါကူးစက်ခံခဲ့ရပြီး ၉၆၆ ယောက် သေဆုံးခဲ့ပါတယ်။

(၅) ဆလိုဗေးနီးယားနိုင်ငံ

အီတလီ၊ ခရိုအေးရှား၊ သြစတြီးယားနိုင်ငံတို့နဲ့ ထိစပ်နေတဲ့ ဆလိုဗေးနီးယားနိုင်ငံကလည်း နှစ်စဉ် နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ နိုင်ငံတနိုင်ငံပါ။ မြို့တော်ကတော့ Ljubljana ဖြစ်ပြီး ဆလိုဗေးနီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုကို အများဆုံးမြင်တွေ့နိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

အနာဂတ် ကာလမှာတော့ ဆလိုဗေးနီးယားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေက ပိုပြီးစည်ကားလာနိုင်စရာ အကြောင်းရှိနေပါတယ်။ COVID-19 ကာလအတွင်းမှာတော့ လူပေါင်း ၁,၄၇၅ ယောက် ရောဂါ ကူး စက်ခံခဲ့ရပြီး ၁၀၉ ယောက် သေဆုံးခဲ့ပါတယ်။

Ref: Forbes

You may also like these stories:

ဆိုက်ပရပ်စ်မှာ ခရီးသွားလုပ်ငန်းများ ပြန်စတင်မည်

ဇူလိုင်လမှစပြီး နိုင်ငံတကာခရီးသွားများအား စပိန်ကို လာရောက်ခွင့်ပြုမည်

ထိုင်းခရီးသွားလုပ်ငန်းကို ဇူလိုင်လအတွင်း ပြန်စတင်စေချင်

Your Thoughts …
Tags: ကိုဗစ်အလွန်ခရီးသွားလုပ်ငန်း
ညီညီသူ

ညီညီသူ

Similar Picks:

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

by ဧရာဝတီ
21 October 2023
6.7k

ဆီဒိုးနားဟိုတယ်ကို ပိုင်ဆိုင်သည့် စင်ကာပူအခြေစိုက် Keppel Corporation က အခြား စင်ကာပူလုပ်ငန်းစု တခုဖြစ်သော Spring Blossom Venture ထံသို့ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် အပြီးသတ် ရောင်းချ

မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား

မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား

by မောင်ကဝိ
13 January 2025
4.7k

တကယ်တော့ စစ်ကောင်စီအောက်မှာ မြန်မာက မြို့ကြီး မြို့ငယ်တွေဟာ နိုင်ငံတကာခရီးသွားတွေ အတွက်သာမက ဒေသခံတွေအတွက်ပါ မလုံမခြုံ ဖြစ်နေပါတယ်။

တရုတ်ကလေးငယ်များ မြန်မာတွင် ပိတ်လှောင်ထားခံရ

တရုတ်ကလေးငယ်များ မြန်မာတွင် ပိတ်လှောင်ထားခံရ

by ဧရာဝတီ
24 August 2023
3.6k

"ကျနော့်ကလေးက ရဲကိုမတိုင်နဲ့၊ တိုင်ရင် သူတို့ ဒုက္ခရောက်မယ်လို့ ပြောတယ်"

Next Post
မင်းသားကြီး စတားလုံး

"Rocky" ရုပ်ရှင်ကြောင့် မျက်ခုံး ဆုံးရှုံးခဲ့တဲ့ စတားလုံး

ဂျပန်နိုင်ငံ

ဂျပန်မှာ COVID-19 ဒုတိယလှိုင်း ကြုံတွေ့နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved